အာဆင်နယ်အသင်းရဲ့ နိုဝင်ဘာဒဏ်ရာကြမ္မာဆိုးတစ်ပတ်ပြန်လည်လာမှာကို ပရိသတ်တွေစိုးရိမ်နေကြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းပရိသတ်တွေဟာ ဆယ်စုနှစ်တစ်ခုကျော်ရင်ဆိုင်နေရတဲ့ နိုဝင်ဘာလဒဏ်ရာကြမ္မာဆိုးတစ်ပတ်ပြန်လည်လာမှာကို စိုးရိမ်နေကြပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ နိုဝင်ဘာလရောက်တိုင်း ကစားသမားတွေထိခိုက်ဒဏ်ရာရလေ့ရှိပြီး အဲဒီကြမ္မာဆိုးနဲ့ ၂၀၀၉-၁၀ ရာသီကတည်းက အခုအချိန်အထိ ဆက်တိုက်ရင်ဆိုင်နေရတာပါ။

ပြီးခဲ့တဲ့အင်္ဂါနေ့က လိဒ်စ်အသင်းကို(၂-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့လိဂ်ဖလားပွဲမှာ အသင်းရဲ့အဓိကနောက်ခံလူဘန်ဝှိုက်ဟာ ဒဏ်ရာရရှိခဲ့တာကြောင့်

ပွဲချိန်(၅၅)မိနစ်မှာ ချိန်ဘာစ်နဲ့လူစားလဲခံခဲ့ရပြီး တခြားကစားသမားတွေဖြစ်တဲ့ တီယာနေး၊ အော်ဒီဂွါတို့ဟာလည်း ဒဏ်ရာပြဿနာတွေနဲ့အသီးသီးကြုံတွေ့နေကြတာဖြစ်ပါတယ်။

အောက်တိုဘာလကုန်ခါနီး နိုဝင်ဘာလရောက်ဖို့နီးစပ်နေချိန်မှာပဲ အာဆင်နယ်အသင်း ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတာကြောင့် ပရိသတ်တွေက လာမယ့်နိုဝင်ဘာလကျရင် နောက်ထပ်အဓိက,ကစားသမားတွေ ဒဏ်ရာထပ်မရဖို့မျှော်လင့်နေကြတာပါ။

အာဆင်နယ်ပရိသတ်တစ်ဦးက “နိုဝင်ဘာတောင်မရောက်သေးဘူး၊ ကစားသမားတွေ ဒဏ်ရာရနေကြပါပြီ။

အာဆင်နယ်အသင်းရဲ့ဒဏ်ရာကြမ္မာဆိုးက အဆုံးမသတ်တော့ဘူးလား”လို့ ရေးသားခဲ့ပါတယ်။

တခြားပရိသတ်တွေကလည်း “အသင်းရဲ့နိုဝင်ဘာဒဏ်ရာကြမ္မာဆိုးက ဒီကစားသမား(၃)ဦး(ဘန်ဝှိုက်၊ တီယာနေး၊ အော်ဒီဂွါ)အပေါ် မကျရောက်ပါစေနဲ့လို့ပဲ ဆုတောင်းလိုက်ပါတယ်”၊

“ဘန်ဝှိုက်ဟာ လိဒ်စ်အသင်းပရီးမီးယားလိဂ်တန်းတက်ခွင့်ရခဲ့တဲ့ရာသီမှာ အသင်းအတွက်ပွဲတိုင်းပါဝင်ကစားခဲ့ပြီး ပြီးခဲ့တဲ့ရာသီကလည်း ဘရိုက်တန်အသင်းအတွက် ပွဲတိုင်းလိုလိုကစားခဲ့ပါတယ်။

အခု အာဆင်နယ်အသင်း (၁၁)ပွဲ၊ (၁၂)ပွဲလောက်ပဲကစားပြီးချိန်မှာ ဘန်ဝှိုက်က တံကောက်ကြောဒဏ်ရာရရှိသွားတဲ့ပုံပါပဲ။

အာဆင်နယ်အသင်း ဒဏ်ရာကြမ္မာဆိုးက မပြီးသေးဘူး ..မိတ်ဆွေတို့ရေ”ဆိုပြီးတော့ လူမှုကွန်ရက်ပေါ်မှာရေးသားခဲ့ကြပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်စနေနေ့ကျရင် လက်စတာအသင်းနဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲမှာ တီယာနေးနဲ့အော်ဒီဂွါတို့ပါဝင်ကစားနိုင်ဖို့ နည်းပြအာတီတာကမျှော်လင့်နေပါတယ်။

အာတီတာက “သူတို့နှစ်ယောက်က မတူညီတဲ့ဒဏ်ရာတွေကြောင့် အနားယူနေရတာဖြစ်ပါတယ်။

မနေ့က လေ့ကျင့်ခန်းပြန်လုပ်နိုင်ဖို့ကြိုးစားခဲ့ပေမယ့် သူတို့အခြေအနေက သိပ်တော့မကောင်းခဲ့ပါဘူး။

လာမယ့်ရက်ပိုင်းအတွင်းမှာတော့ တီယာနေးနဲ့အော်ဒီဂွါတို့ ကြံ့ခိုင်မှုပြည့်ဝလာပြီး လက်စတာနဲ့ပွဲမှာပါဝင်ကစားနိုင်ဖို့မျှော်လင့်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္အသင္းရဲ႕ ႏိုဝင္ဘာဒဏ္ရာၾကမၼာဆိုးတစ္ပတ္ျပန္လည္လာမွာကို ပရိသတ္ေတြစိုးရိမ္ေနၾက

အာဆင္နယ္အသင္းပရိသတ္ေတြဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္ရင္ဆိုင္ေနရတဲ့ ႏိုဝင္ဘာလဒဏ္ရာၾကမၼာဆိုးတစ္ပတ္ျပန္လည္လာမွာကို စိုးရိမ္ေနၾကၿပီျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ႏိုဝင္ဘာလေရာက္တိုင္း ကစားသမားေတြထိခိုက္ဒဏ္ရာရေလ့ရွိၿပီး အဲဒီၾကမၼာဆိုးနဲ႔ ၂၀၀၉-၁၀ ရာသီကတည္းက အခုအခ်ိန္အထိ ဆက္တိုက္ရင္ဆိုင္ေနရတာပါ။

ၿပီးခဲ့တဲ့အဂၤါေန႔က လိဒ္စ္အသင္းကို(၂-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့လိဂ္ဖလားပြဲမွာ အသင္းရဲ႕အဓိကေနာက္ခံလူဘန္ဝႈိက္ဟာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ပြဲခ်ိန္(၅၅)မိနစ္မွာ ခ်ိန္ဘာစ္နဲ႔လူစားလဲခံခဲ့ရၿပီး တျခားကစားသမားေတြျဖစ္တဲ့ တီယာေနး၊ ေအာ္ဒီဂြါတို႔ဟာလည္း ဒဏ္ရာျပႆနာေတြနဲ႔အသီးသီးႀကဳံေတြ႕ေနၾကတာျဖစ္ပါတယ္။ ေအာက္တိုဘာလကုန္ခါနီး ႏိုဝင္ဘာလေရာက္ဖို႔နီးစပ္ေနခ်ိန္မွာပဲ အာဆင္နယ္အသင္း ဒဏ္ရာျပႆနာေတြနဲ႔ရင္ဆိုင္ေနရတာေၾကာင့္ ပရိသတ္ေတြက လာမယ့္ႏိုဝင္ဘာလက်ရင္ ေနာက္ထပ္အဓိက,ကစားသမားေတြ ဒဏ္ရာထပ္မရဖို႔ေမွ်ာ္လင့္ေနၾကတာပါ။

အာဆင္နယ္ပရိသတ္တစ္ဦးက “ႏိုဝင္ဘာေတာင္မေရာက္ေသးဘူး၊ ကစားသမားေတြ ဒဏ္ရာရေနၾကပါၿပီ။ အာဆင္နယ္အသင္းရဲ႕ဒဏ္ရာၾကမၼာဆိုးက အဆုံးမသတ္ေတာ့ဘူးလား”လို႔ ေရးသားခဲ့ပါတယ္။

တျခားပရိသတ္ေတြကလည္း “အသင္းရဲ႕ႏိုဝင္ဘာဒဏ္ရာၾကမၼာဆိုးက ဒီကစားသမား(၃)ဦး(ဘန္ဝႈိက္၊ တီယာေနး၊ ေအာ္ဒီဂြါ)အေပၚ မက်ေရာက္ပါေစနဲ႔လို႔ပဲ ဆုေတာင္းလိုက္ပါတယ္”၊ “ဘန္ဝႈိက္ဟာ လိဒ္စ္အသင္းပရီးမီးယားလိဂ္တန္းတက္ခြင့္ရခဲ့တဲ့ရာသီမွာ အသင္းအတြက္ပြဲတိုင္းပါဝင္ကစားခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီကလည္း ဘ႐ိုက္တန္အသင္းအတြက္ ပြဲတိုင္းလိုလိုကစားခဲ့ပါတယ္။

အခု အာဆင္နယ္အသင္း (၁၁)ပြဲ၊ (၁၂)ပြဲေလာက္ပဲကစားၿပီးခ်ိန္မွာ ဘန္ဝႈိက္က တံေကာက္ေၾကာဒဏ္ရာရရွိသြားတဲ့ပုံပါပဲ။ အာဆင္နယ္အသင္း ဒဏ္ရာၾကမၼာဆိုးက မၿပီးေသးဘူး ..မိတ္ေဆြတို႔ေရ”ဆိုၿပီးေတာ့ လူမႈကြန္ရက္ေပၚမွာေရးသားခဲ့ၾကပါတယ္။ အာဆင္နယ္အသင္းဟာ လာမယ့္စေနေန႔က်ရင္ လက္စတာအသင္းနဲ႔ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အဲဒီပြဲမွာ တီယာေနးနဲ႔ေအာ္ဒီဂြါတို႔ပါဝင္ကစားႏိုင္ဖို႔ နည္းျပအာတီတာကေမွ်ာ္လင့္ေနပါတယ္။

အာတီတာက “သူတို႔ႏွစ္ေယာက္က မတူညီတဲ့ဒဏ္ရာေတြေၾကာင့္ အနားယူေနရတာျဖစ္ပါတယ္။ မေန႔က ေလ့က်င့္ခန္းျပန္လုပ္ႏိုင္ဖို႔ႀကိဳးစားခဲ့ေပမယ့္ သူတို႔အေျခအေနက သိပ္ေတာ့မေကာင္းခဲ့ပါဘူး။ လာမယ့္ရက္ပိုင္းအတြင္းမွာေတာ့ တီယာေနးနဲ႔ေအာ္ဒီဂြါတို႔ ႀကံ့ခိုင္မႈျပည့္ဝလာၿပီး လက္စတာနဲ႔ပြဲမွာပါဝင္ကစားႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။