အာဆင်နယ်အသင်းရဲ့ယာယီနည်းပြ ယွန်းဘတ်ဘယ်လိုအခက်အခဲတွေကြုံနေရလဲ

photo internet

အခုရာသီမှာနည်းပြတွေကို အလုပ်ထုတ်တဲ့အထဲမှာ အာဆင်နယ်အသင်းလည်းပါပါတယ်။ အခုလောလောဆယ်မှာတော့ ယွန်းဘတ်က အာဆင်နယ်အသင်း ရဲ့ယာယီနည်းပြအဖြစ် တာဝန်ယူထားပါတယ်။ အခုသူ့အတွက်အခက်အခဲဖြစ်နေတာကတော့ နည်းပြအဖွဲ့ဝင်နည်းပါးမှုပြဿနာပဲဖြစ်ပါတယ်။

photo internet

လာမယ့်တနင်္ဂနွေနေ့မှာ အာဆင်နယ်ဟာ မန်းစီးတီးအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး၊ သူ့အတွက် အထောက်အကူဖြစ်စေမယ့် နည်းပြတွေလိုအပ်နေတာဖြစ်ပါတယ်။ “အရင်တုန်းက နည်းပြတွေ လက်ထက်မှာဆိုရင် သူတို့အောက်မှာနည်းပြအဖွဲ့ဝင်တွေအများကြီးရှိပါတယ်။ ကျွန်တော့်ဆီမှာ အခုအဲလောက်အများကြီးမရှိဘဲဖြစ်နေပါတယ်။ ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် ခက်ခဲပါတယ်”လို့ ယာယီနည်းပြ ယွန်းဘတ်ကပြောပါတယ်။

photo internet

“ကျွန်တော်ကလပ်ကတာဝန်ရှိသူတွေကိုပြောပြထားပါတယ်။ ဒီအခြေအနေဟာသူတို့ပေါ်မှာ တာဝန်အများကြီးရှိပါတယ်။ တာဝန်ရှိသူတွေက သူတို့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကျွန်တော့်ကိုစောင့်နေဖို့ပြောပါတယ်။ ကျွန်တော့်ကိုကူညီပေးနေတာဆိုလို့ အကယ်ဒမီနည်းပြ မာတီဆက်ကာပဲရှိပါတယ်”လို့ ယွန်းဘတ်ကဆိုပါတယ်။

photo internet

ယွန်းဘတ်ဟာ သူကိုင်တွယ်ခဲ့တဲ့ လေးပွဲမှာ ၁ ပွဲနိုင် ၊ ၂ ပွဲ သရေ ၊ ၁ ပွဲ ရှုံးရလဒ်ရရှိထားအောင် စွမ်းဆောင် ပေးထားနိုင်ခဲ့ပါတယ်။ “ကျွန်တော်အသင်းနည်းပြအဖြစ်ဆက်ရှိ၊မရှိဆိုတဲ့ သူတို့ဘက်ကဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့ ဘာမှမသိသေးပါဘူး။ ကျွန်တော်ကတော့အသင်းအတွက်အစွမ်းကုန်ကြိုးစား ပေးဆပ်ထားမှာပါ”လို့ ယာယီနည်းပြယွန်းဘတ်ကပြောဆိုခဲ့ပါတယ်။

photo internet

(Zawgyi Version)

အာဆင္နယ္အသင္းရဲ႕ယာယီနည္းျပ ယြန္းဘတ္ဘယ္လုိအခက္အခဲေတြႀကံဳေနရလဲ

အခုရာသီမွာနည္းျပေတြကို အလုပ္ထုတ္တဲ့အထဲမွာ အာဆင္နယ္အသင္းလည္းပါပါတယ္။ အခုေလာေလာဆယ္မွာေတာ့ ယြန္းဘတ္က အာဆင္နယ္အသင္း ရဲ႕ယာယီနည္းျပအျဖစ္ တာ၀န္ယူထားပါတယ္။ အခုသူ႔အတြက္အခက္အခဲျဖစ္ေနတာကေတာ့ နည္းျပအဖြဲ႕၀င္နည္းပါးမႈျပႆနာပဲျဖစ္ပါတယ္။

လာမယ့္တနဂၤေႏြေန႔မွာ အာဆင္နယ္ဟာ မန္းစီးတီးအသင္းနဲ႔ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး၊ သူ႔အတြက္ အေထာက္အကူျဖစ္ေစမယ့္ နည္းျပေတြလုိအပ္ေနတာျဖစ္ပါတယ္။ “အရင္တုန္းက နည္းျပေတြ လက္ထက္မွာဆိုရင္ သူတို႔ေအာက္မွာနည္းျပအဖြဲ႕၀င္ေတြအမ်ားႀကီးရိွပါတယ္။ ကၽြန္ေတာ့္ဆီမွာ အခုအဲေလာက္အမ်ားႀကီးမရိွဘဲျဖစ္ေနပါတယ္။ ဒီပုံစံအတိုင္းဆက္သြားမယ္ဆိုရင္ ခက္ခဲပါတယ္”လို႔ ယာယီနည္းျပ ယြန္းဘတ္ကေျပာပါတယ္။

“ကၽြန္ေတာ္ကလပ္ကတာ၀န္ရိွသူေတြကိုေျပာျပထားပါတယ္။ ဒီအေျခအေနဟာသူတို႔ေပၚမွာ တာ၀န္အမ်ားႀကီးရိွပါတယ္။ တာ၀န္ရိွသူေတြက သူတို႔ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ကၽြန္ေတာ့္ကိုေစာင့္ေနဖို႔ေျပာပါတယ္။ ကၽြန္ေတာ့္ကိုကူညီေပးေနတာဆိုလို႔ အကယ္ဒမီနည္းျပ မာတီဆက္ကာပဲရိွပါတယ္”လို႔ ယြန္းဘတ္ကဆိုပါတယ္။

ယြန္းဘတ္ဟာ သူကိုင္တြယ္ခဲ့တဲ့ ေလးပြဲမွာ ၁ ပြဲႏိုင္ ၊ ၂ ပြဲ သေရ ၊ ၁ ပြဲ ရႈံးရလဒ္ရရွိထားေအာင္ စြမ္းေဆာင္ ေပးထားႏိုင္ခဲ့ပါတယ္။ “ကၽြန္ေတာ္အသင္းနည္းျပအျဖစ္ဆက္ရိွ၊မရိွဆိုတဲ့ သူတို႔ဘက္ကဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ ဘာမွမသိေသးပါဘူး။ ကၽြန္ေတာ္ကေတာ့အသင္းအတြက္အစြမ္းကုန္ႀကိဳးစား ေပးဆပ္ထားမွာပါ”လို႔ ယာယီနည္းျပယြန္းဘတ္ကေျပာဆိုခဲ့ပါတယ္။