အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေရယူနိုင်ဖို့ အော်ဒီဂွါပစ်မှတ်ထား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နွေရာသီအပြောင်းအရွှေ့စျေးကွက်တုန်းက ရီးယဲလ်အသင်းကနေ အာဆင်နယ်အသင်းဆီပြောင်းရွှေ့ခဲ့တဲ့ နော်ဝေကွင်းလယ်လူအော်ဒီဂွါက အနာဂတ်မှာ အသင်းအတွက် ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်ဖလားကို တစ်ချိန်တည်းရယူနိုင်အောင်ပစ်မှတ်ထားနေတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့ အော်ဒီဂွါဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းမှာ အငှားနဲ့လာရောက်ကစားခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းက နွေရာသီကာလအတွင်း အော်ဒီဂွါကို ယူရို(၃၅)သန်းနဲ့ခေါ်ယူခဲ့သလို (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီရာသီအစမှာတော့ အာဆင်နယ်အသင်းဟာ အသင်းသမိုင်းတစ်လျှောက်အဆိုးရွားဆုံးရာသီအစနဲ့ ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ်(၃)ပွဲကစားပြီးချိန်မှာ နိုင်ပွဲမရှိ၊ ရဂိုးမရှိ၊ တစ်မှတ်မှမရသေးဘဲ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေရတာပါ။

အော်ဒီဂွါကတော့ အခုအခြေအနေဆိုးကို ကျော်ဖြတ်ပြီးတော့ လာမယ့်နှစ်တွေအတွင်း အသင်းအတွက် ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်ဖလားတွေရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Sky Sports နဲ့အင်တာဗျူးမှာ သတင်းထောက်က အာဆင်နယ်အသင်းကစားသမားဘဝရည်မှန်းချက်တွေက ဘာလဲလို့မေးမြန်းခဲ့တော့ အော်ဒီဂွါက “အမှတ်ပေးဇယားထိပ်ဆုံးရောက်အောင် ပို့ဆောင်ပေးဖို့နဲ့ ဥရောပပြိုင်ပွဲဝင်ခွင့်ရယူနိုင်ဖို့ပါပဲ။

ဒီရာသီမှာတော့ ကျွန်တော်တို့အသင်း ဥရောပပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်ခွင့်ရအောင်ကြိုးပမ်းရမှာဖြစ်ပြီး အဲဒါပြီးရင် ဆုဖလားတွေရယူနိုင်ဖို့၊ လာမယ့်နှစ်အနည်းငယ်အတွင်း ချန်ပီယံလိဂ်နဲ့ပရီးမီးယားလိဂ်ဖလားတွေ ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်တို့အသင်းအဆင့်အတန်းအရ ဒီလိုအောင်မြင်မှုတွေရယူဖို့ထိုက်တန်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ၁၉၉၅-၉၆ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲတစ်ခုမှဝင်ခွင့်မရခဲ့ဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ဆုံးပါဝင်ကစားခဲ့တာက ၂၀၁၆-၁၇ ရာသီကဖြစ်ပြီး

ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့ပေါင်း(၁၀-၂)ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံးရရှိခဲ့တဲ့ ၂၀၀၃-၀၄ ရာသီမှာ တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဖြစ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းကတည်းက ချန်ပီယံမဖြစ်တော့တာ (၁၇)နှစ်အထိကြာမြင့်နေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္ဖလားေတြရယူႏိုင္ဖို႔ ေအာ္ဒီဂြါပစ္မွတ္ထား

ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္တုန္းက ရီးယဲလ္အသင္းကေန အာဆင္နယ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့တဲ့ ေနာ္ေဝကြင္းလယ္လူေအာ္ဒီဂြါက အနာဂတ္မွာ အသင္းအတြက္ ခ်န္ပီယံလိဂ္နဲ႔ပရီးမီးယားလိဂ္ဖလားကို တစ္ခ်ိန္တည္းရယူႏိုင္ေအာင္ပစ္မွတ္ထားေနတယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ အသက္(၂၂)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ေအာ္ဒီဂြါဟာ ၿပီးခဲ့တဲ့ရာသီက အာဆင္နယ္အသင္းမွာ အငွားနဲ႔လာေရာက္ကစားခဲ့ၿပီး ေျခစြမ္းျပကစားႏိုင္ခဲ့တာေၾကာင့္ အာဆင္နယ္အသင္းက ေႏြရာသီကာလအတြင္း ေအာ္ဒီဂြါကို ယူ႐ို(၃၅)သန္းနဲ႔ေခၚယူခဲ့သလို (၄)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ ဒီရာသီအစမွာေတာ့ အာဆင္နယ္အသင္းဟာ အသင္းသမိုင္းတစ္ေလွ်ာက္အဆိုး႐ြားဆုံးရာသီအစနဲ႔ ရင္ဆိုင္ေနရၿပီး ပရီးမီးယားလိဂ္(၃)ပြဲကစားၿပီးခ်ိန္မွာ ႏိုင္ပြဲမရွိ၊ ရဂိုးမရွိ၊ တစ္မွတ္မွမရေသးဘဲ အမွတ္ေပးဇယားေအာက္ဆုံးမွာ ရပ္တည္ေနရတာပါ။ ေအာ္ဒီဂြါကေတာ့ အခုအေျခအေနဆိုးကို ေက်ာ္ျဖတ္ၿပီးေတာ့ လာမယ့္ႏွစ္ေတြအတြင္း အသင္းအတြက္ ခ်န္ပီယံလိဂ္နဲ႔ပရီးမီးယားလိဂ္ဖလားေတြရယူႏိုင္ဖို႔ ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

Sky Sports နဲ႔အင္တာဗ်ဴးမွာ သတင္းေထာက္က အာဆင္နယ္အသင္းကစားသမားဘဝရည္မွန္းခ်က္ေတြက ဘာလဲလို႔ေမးျမန္းခဲ့ေတာ့ ေအာ္ဒီဂြါက “အမွတ္ေပးဇယားထိပ္ဆုံးေရာက္ေအာင္ ပို႔ေဆာင္ေပးဖို႔နဲ႔ ဥေရာပၿပိဳင္ပြဲဝင္ခြင့္ရယူႏိုင္ဖို႔ပါပဲ။ ဒီရာသီမွာေတာ့ ကြၽန္ေတာ္တို႔အသင္း ဥေရာပၿပိဳင္ပြဲေတြမွာဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရေအာင္ႀကိဳးပမ္းရမွာျဖစ္ၿပီး အဲဒါၿပီးရင္ ဆုဖလားေတြရယူႏိုင္ဖို႔၊ လာမယ့္ႏွစ္အနည္းငယ္အတြင္း ခ်န္ပီယံလိဂ္နဲ႔ပရီးမီးယားလိဂ္ဖလားေတြ ရယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔အသင္းအဆင့္အတန္းအရ ဒီလိုေအာင္ျမင္မႈေတြရယူဖို႔ထိုက္တန္ပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ဒီရာသီမွာ ၁၉၉၅-၉၆ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ဥေရာပၿပိဳင္ပြဲတစ္ခုမွဝင္ခြင့္မရခဲ့ဘဲ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေနာက္ဆုံးပါဝင္ကစားခဲ့တာက ၂၀၁၆-၁၇ ရာသီကျဖစ္ၿပီး ရႈံးထြက္(၁၆)သင္းအဆင့္မွာ ဂ်ာမန္ထိပ္သီးဘိုင္ယန္ျမဴးနစ္အသင္းကို ႏွစ္ေက်ာ့ေပါင္း(၁၀-၂)ဂိုးနဲ႔ အရွက္တကြဲရႈံးနိမ့္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ဖလားကို ေနာက္ဆုံးရရွိခဲ့တဲ့ ၂၀၀၃-၀၄ ရာသီမွာ တစ္ရာသီလုံးရႈံးပြဲမရွိစံခ်ိန္နဲ႔ ခ်န္ပီယံျဖစ္ခဲ့ေပမယ့္ အဲဒီေနာက္ပိုင္းကတည္းက ခ်န္ပီယံမျဖစ္ေတာ့တာ (၁၇)ႏွစ္အထိၾကာျမင့္ေနပါၿပီ။