အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့သတင်းတွေကို ကွန်တီရဲ့အေးဂျင့် ငြင်းဆန်ပယ်ချ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးနဲ့ အင်တာမီလန်အသင်းနည်းပြဟောင်းကွန်တီရဲ့အေးဂျင့်က အာဆင်နယ်အသင်းဟာ ကွန်တီကို နည်းပြသစ်ခန့်အပ်ဖို့ သဘောတူညီမှုရခဲ့တယ်ဆိုတဲ့သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ ငြင်းဆန်ပယ်ချလိုက်ပါတယ်။

ကွန်တီဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းကို ၂၀၁၀ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော်ဝေးကွာနေတဲ့ စီးရီးအေဖလားရယူပေးခဲ့ပေမယ့် အသင်းပိုင်ရှင်တွေက ဘဏ္ဍာရေးပြဿနာဖြေရှင်းဖို့အတွက်

အဓိက,ကစားသမားတချို့ကို ရောင်းချဖို့စီစဉ်ခဲ့တာကြောင့် သဘောထားချင်းမတိုက်ဆိုင်ဘဲ ရုတ်တရက်လမ်းခွဲခဲ့ပြီး အခုလောလောဆယ်အသင်းလက်မဲ့ဖြစ်နေသူပါ။

အာဆင်နယ်အသင်းကတော့ ဒီရာသီအစမှာ နှစ်ပေါင်း(၅၀)ကျော်အတွင်း အဆိုးရွားဆုံးရာသီအစရလဒ်တွေနဲ့ရင်ဆိုင်နေရတာကြောင့် နည်းပြအာတီတာကို ထုတ်ပယ်ဖို့စီစဉ်နေပြီး နည်းပြသစ်တစ်ဦးခန့်အပ်ဖို့ရှာဖွေနေတာဖြစ်ပါတယ်။

အာတီတာရဲ့အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ (၅)ဂိုးပြတ်နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး (၃)ပွဲကစားပြီးချိန်မှာ နိုင်ပွဲမရှိ၊ ရဂိုးမရှိ၊ တစ်မှတ်မှမရသေးဘဲ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။

တကယ်လို့ လာမယ့်တစ်ပတ်ကျရင် နောဝစ်ချ်အသင်းနဲ့ကစားမယ့်ပွဲမှာသာ ရလဒ်မကောင်းခဲ့ရင်တော့ အာတီတာဟာ ရာထူးကအထုတ်ခံရဖို့ သေချာသလောက်ရှိနေပါပြီ။

အာဆင်နယ်အသင်းဟာ နည်းပြရာထူးအတွက် ပြီးခဲ့တဲ့ရက်တွေကတည်းက ကွန်တီကို ချိတ်ဆက်ခဲ့တာဖြစ်ပြီး အာတီတာနဲ့လမ်းခွဲဖြစ်ရင် ကွန်တီကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ ကွန်တီရဲ့အေးဂျင့်ဖက်ဒရီကိုပတ်စ်တိုရယ်လိုက “ကွန်တီကို နည်းပြသစ်ခန့်အပ်ဖို့အတွက် အာဆင်နယ်နဲ့အကြိုသဘောတူညီမှုရခဲ့တယ်ဆိုတဲ့ ကောလာဟလတွေက မမှန်ပါဘူး။

အာဆင်နယ်အသင်းဆီက တရားဝင်ကမ်းလှမ်းတာမျိုး ဘာမှမရှိသေးပါဘူး”လို့ ငြင်းချက်ထုတ်ခဲ့ပါတယ်။

ကွန်တီဟာ ပရီးမီးယားလိဂ်မြေမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့နည်းပြတစ်ဦးဖြစ်ပြီး ချယ်လ်ဆီးအသင်းကို,ကိုင်တွယ်ခဲ့တဲ့ ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အတွင်း ပရီးမီးယားလိဂ်၊ FA ဖလားတွေရယူပေးခဲ့သူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္အသင္းနဲ႔ပတ္သက္တဲ့သတင္းေတြကို ကြန္တီရဲ႕ေအးဂ်င့္ ျငင္းဆန္ပယ္ခ်

ခ်ယ္လ္ဆီးနဲ႔ အင္တာမီလန္အသင္းနည္းျပေဟာင္းကြန္တီရဲ႕ေအးဂ်င့္က အာဆင္နယ္အသင္းဟာ ကြန္တီကို နည္းျပသစ္ခန႔္အပ္ဖို႔ သေဘာတူညီမႈရခဲ့တယ္ဆိုတဲ့သတင္းေတြဟာ မဟုတ္မွန္ဘူးလို႔ ျငင္းဆန္ပယ္ခ်လိုက္ပါတယ္။ ကြန္တီဟာ ၿပီးခဲ့တဲ့ရာသီက အင္တာမီလန္အသင္းကို ၂၀၁၀ ခုႏွစ္ေနာက္ပိုင္း ဆယ္စုႏွစ္တစ္ခုေက်ာ္ေဝးကြာေနတဲ့ စီးရီးေအဖလားရယူေပးခဲ့ေပမယ့္ အသင္းပိုင္ရွင္ေတြက ဘ႑ာေရးျပႆနာေျဖရွင္းဖို႔အတြက္ အဓိက,ကစားသမားတခ်ိဳ႕ကို ေရာင္းခ်ဖို႔စီစဥ္ခဲ့တာေၾကာင့္ သေဘာထားခ်င္းမတိုက္ဆိုင္ဘဲ ႐ုတ္တရက္လမ္းခြဲခဲ့ၿပီး အခုေလာေလာဆယ္အသင္းလက္မဲ့ျဖစ္ေနသူပါ။

အာဆင္နယ္အသင္းကေတာ့ ဒီရာသီအစမွာ ႏွစ္ေပါင္း(၅၀)ေက်ာ္အတြင္း အဆိုး႐ြားဆုံးရာသီအစရလဒ္ေတြနဲ႔ရင္ဆိုင္ေနရတာေၾကာင့္ နည္းျပအာတီတာကို ထုတ္ပယ္ဖို႔စီစဥ္ေနၿပီး နည္းျပသစ္တစ္ဦးခန႔္အပ္ဖို႔ရွာေဖြေနတာျဖစ္ပါတယ္။ အာတီတာရဲ႕အာဆင္နယ္အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ (၅)ဂိုးျပတ္နဲ႔အရွက္တကြဲရႈံးနိမ့္ခဲ့ၿပီး (၃)ပြဲကစားၿပီးခ်ိန္မွာ ႏိုင္ပြဲမရွိ၊ ရဂိုးမရွိ၊ တစ္မွတ္မွမရေသးဘဲ အမွတ္ေပးဇယားေအာက္ဆုံးမွာ ရပ္တည္ေနပါတယ္။

တကယ္လို႔ လာမယ့္တစ္ပတ္က်ရင္ ေနာဝစ္ခ်္အသင္းနဲ႔ကစားမယ့္ပြဲမွာသာ ရလဒ္မေကာင္းခဲ့ရင္ေတာ့ အာတီတာဟာ ရာထူးကအထုတ္ခံရဖို႔ ေသခ်ာသေလာက္ရွိေနပါၿပီ။ အာဆင္နယ္အသင္းဟာ နည္းျပရာထူးအတြက္ ၿပီးခဲ့တဲ့ရက္ေတြကတည္းက ကြန္တီကို ခ်ိတ္ဆက္ခဲ့တာျဖစ္ၿပီး အာတီတာနဲ႔လမ္းခြဲျဖစ္ရင္ ကြန္တီကို နည္းျပသစ္အျဖစ္ခန႔္အပ္ဖို႔ သေဘာတူညီမႈရခဲ့တယ္လို႔ ၿဗိတိန္မီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။

ဒါေပမဲ့ ကြန္တီရဲ႕ေအးဂ်င့္ဖက္ဒရီကိုပတ္စ္တိုရယ္လိုက “ကြန္တီကို နည္းျပသစ္ခန႔္အပ္ဖို႔အတြက္ အာဆင္နယ္နဲ႔အႀကိဳသေဘာတူညီမႈရခဲ့တယ္ဆိုတဲ့ ေကာလာဟလေတြက မမွန္ပါဘူး။ အာဆင္နယ္အသင္းဆီက တရားဝင္ကမ္းလွမ္းတာမ်ိဳး ဘာမွမရွိေသးပါဘူး”လို႔ ျငင္းခ်က္ထုတ္ခဲ့ပါတယ္။ ကြန္တီဟာ ပရီးမီးယားလိဂ္ေျမမွာ ေအာင္ျမင္မႈေတြရယူႏိုင္ခဲ့တဲ့နည္းျပတစ္ဦးျဖစ္ၿပီး ခ်ယ္လ္ဆီးအသင္းကို,ကိုင္တြယ္ခဲ့တဲ့ ၂၀၁၆ ကေန ၂၀၁၈ ခုႏွစ္အတြင္း ပရီးမီးယားလိဂ္၊ FA ဖလားေတြရယူေပးခဲ့သူျဖစ္ပါတယ္။