အာဆင်နယ်အလွန်မှာ ရမ်ဆေးကျိန်စာဟာ ပျက်ပြယ်သွားပြီလား

photo-gettyimages

photo-gettyimages

ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ဟန်ဂေရီကိုအနိုင်ရပြီး ဝေးလ်အသင်း ယူရိုခြေစစ်ပွဲအောင်တော့ ဝေးလ်ရခဲ့တဲ့ ၂ ဂိုးစလုံးကို ဂျူဗင်တပ်ရောက်နေတဲ့ကွင်းလယ်လူရမ်ဆေးကပဲ သွင်းယူပေးခဲ့တာပါ။ ဒီတစ်ကြိမ်လည်း ရမ်ဆေးဂိုးသွင်းပေမယ့် ဘာသံမှ ထွက်မလာတော့ပါဘူး။ တစ်ဂိုးတည်းမဟုတ်ဘဲ ၂ ဂိုးတောင်သွင်းခဲ့တာပါ။ အဲဒီလိုပဲ ဂျူဗင်တပ်ရဲ့နောက်ဆုံးချန်ပီယံလိဂ်ပွဲမှာလည်း စီရော်နယ်ဒိုရဲ့ဂိုးဝင်တော့မယ့်ဖရီးကစ်ကို သူလုယူသလိုဖြစ်ခဲ့ပြီး ဂိုးရသွားခဲ့ပေမယ့် ဘာသံမှ မကြားရတော့ဘူး။

photo-mirror fotball

အရင်ကဆို အသင်းဟောင်းအာဆင်နယ်မှာ ရမ်ဆေးဂိုးသွင်းတိုင်း ဆိုရှယ်မီဒီယာထက်မှာ ဘယ်နာမည်ကြီးပုဂ္ဂိုလ်တော့ သေဆုံးတော့မလဲဆိုပြီး တအုံးအုံးဖြစ်ခဲ့ကြဖူးပါတယ်။ တကယ်လည်း အာဆင်နယ်ကစားသမားဘဝမှာ ရမ်ဆေးဂိုးသွင်းတိုင်း တိုက်တိုက်ဆိုင်ဆိုင် သူတို့ဆီက ဆယ်လီဘရစ်တီတစ်ယောက်ယောက် သေဆုံးတတ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်မှာရှိတုန်း ဝေးလ်အတွက် ဂိုးသွင်းလည်း နာမည်ကြီးတစ်ယောက်ယောက်သေဆုံးတတ်ပါတယ်။ သူဂိုးသွင်းတဲ့ရက်မှာပဲ သေရင်သေ၊ မသေရင် နောက်တစ်ရက်၊နှစ်ရက်မှာ သေတတ်တာပါ။ သူဂိုးသွင်းတာနဲ့တိုက်တိုက်ဆိုင်ဆိုင်သေဆုံးသွားတဲ့ နာမည်ကြီးတွေထဲမှာ အိုစမာဘင်လာဒင်၊ Apple ကိုတည်ထောင်ခဲ့တဲ့ စတိဗ်ဂျော့စ် နဲ့ Fast & Furious မင်းသား ပေါ်လ်ဝေါ်လ်ကာတို့တောင် ပါဝင်ကြပါတယ်။

photo-social media

ခြွင်းချက်အနေနဲ့ကတော့ ၂၀၁၈ ဖေဖော်ဝါရီက အဲဗာတန်နဲ့ပွဲမှာ သူဟက်ထရစ်သွင်းပြီးတဲ့နောက် ဘယ်နာမည်ကြီးမှ သေဆုံးခြင်း မရှိခဲ့တာပါပဲ။ ဒါပေမဲ့ စစ်တမ်းတစ်ခုအရ ရမ်ဆေးဂိုးသွင်းတာနဲ့ တိုက်တိုက်ဆိုင်ဆိုင်သေဆုံးသွားကြတဲ့ ဆယ်လီဘရစ်တီ ၂၃ ယောက်တောင်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ရမ်ဆေးကျိန်စာရယ်လို့ တစ်ချိန်က အရမ်းကိုနာမည်ကြီးခဲ့တာပေါ့ ဒါပေမဲ့ ဒီရာသီ ဂျူဗင်တပ်မှာ သူ ၂ ဂိုးသွင်းထားပြီး အဲဒီဂိုးတွေသွင်းပြီးချိန်မှာ ဘာသံမှ မကြားရတော့ပါဘူး။ ဒါကြောင့် အာဆင်နယ်အလွန်မှာ ရမ်ဆေးကျိန်စာဟာ ရပ်တန့်သွားပြီလားဆိုတာ……..

[Zawgyi]

အာဆင္နယ္အလြန္မွာ ရမ္ေဆးက်ိန္စာဟာ ပ်က္ျပယ္သြားၿပီလား

ၿပီးခဲ့တဲ့အဂၤါေန႔မွာ ဟန္ေဂရီကိုအႏုိင္ရၿပီး ေ၀းလ္အသင္း ယူရိုေျခစစ္ပြဲေအာင္ေတာ့ ေ၀းလ္ရခဲ့တဲ့ ၂ ဂုိးစလုံးကို ဂ်ဴဗင္တပ္ေရာက္ေနတဲ့ကြင္းလယ္လူရမ္ေဆးကပဲ သြင္းယူေပးခဲ့တာပါ။ ဒီတစ္ႀကိမ္လည္း ရမ္ေဆးဂိုးသြင္းေပမယ့္ ဘာသံမွ ထြက္မလာေတာ့ပါဘူး။ တစ္ဂိုးတည္းမဟုတ္ဘဲ ၂ ဂိုးေတာင္သြင္းခဲ့တာပါ။ အဲဒီလိုပဲ ဂ်ဴဗင္တပ္ရဲ႕ေနာက္ဆုံးခ်န္ပီယံလိဂ္ပြဲမွာလည္း စီေရာ္နယ္ဒိုရဲ႕ဂိုး၀င္ေတာ့မယ့္ဖရီးကစ္ကို သူလုယူသလိုျဖစ္ခဲ့ၿပီး ဂိုးရသြားခဲ့ေပမယ့္ ဘာသံမွ မၾကားရေတာ့ဘူး။

အရင္ကဆုိ အသင္းေဟာင္းအာဆင္နယ္မွာ ရမ္ေဆးဂိုးသြင္းတုိင္း ဆုိရွယ္မီဒီယာထက္မွာ ဘယ္နာမည္ႀကီးပုဂၢိဳလ္ေတာ့ ေသဆုံးေတာ့မလဲဆုိၿပီး တအုံးအုံးျဖစ္ခဲ့ၾကဖူးပါတယ္။ တကယ္လည္း အာဆင္နယ္ကစားသမားဘ၀မွာ ရမ္ေဆးဂိုးသြင္းတိုင္း တိုက္တိုက္ဆိုင္ဆိုင္ သူတုိ႔ဆီက ဆယ္လီဘရစ္တီတစ္ေယာက္ေယာက္ ေသဆုံးတတ္ပါတယ္။ ဒါ့အျပင္ အာဆင္နယ္မွာရွိတုန္း ေ၀းလ္အတြက္ ဂိုးသြင္းလည္း နာမည္ႀကီးတစ္ေယာက္ေယာက္ေသဆုံးတတ္ပါတယ္။ သူဂိုးသြင္းတဲ့ရက္မွာပဲ ေသရင္ေသ၊ မေသရင္ ေနာက္တစ္ရက္၊ႏွစ္ရက္မွာ ေသတတ္တာပါ။ သူဂိုးသြင္းတာနဲ႔တိုက္တိုက္ဆိုင္ဆိုင္ေသဆုံးသြားတဲ့ နာမည္ႀကီးေတြထဲမွာ အိုစမာဘင္လာဒင္၊ Apple ကိုတည္ေထာင္ခဲ့တဲ့ စတိဗ္ေဂ်ာ့စ္ နဲ႔ Fast & Furious မင္းသား ေပၚလ္ေ၀ၚလ္ကာတို႔ေတာင္ ပါ၀င္ၾကပါတယ္။

ျခြင္းခ်က္အေနနဲ႔ကေတာ့ ၂၀၁၈ ေဖေဖာ္၀ါရီက အဲဗာတန္နဲ႔ပြဲမွာ သူဟက္ထရစ္သြင္းၿပီးတဲ့ေနာက္ ဘယ္နာမည္ႀကီးမွ ေသဆုံးျခင္း မရွိခဲ့တာပါပဲ။ ဒါေပမဲ့ စစ္တမ္းတစ္ခုအရ ရမ္ေဆးဂိုးသြင္းတာနဲ႔ တိုက္တိုက္ဆိုင္ဆိုင္ေသဆုံးသြားၾကတဲ့ ဆယ္လီဘရစ္တီ ၂၃ ေယာက္ေတာင္ရွိတယ္လုိ႔ သိရပါတယ္။ ဒါေၾကာင့္လည္း ရမ္ေဆးက်ိန္စာရယ္လို႔ တစ္ခ်ိန္က အရမ္းကိုနာမည္ႀကီးခဲ့တာေပါ့ ဒါေပမဲ့ ဒီရာသီ ဂ်ဴဗင္တပ္မွာ သူ ၂ ဂိုးသြင္းထားၿပီး အဲဒီဂိုးေတြသြငး္ၿပီးခ်ိန္မွာ ဘာသံမွ မၾကားရေတာ့ပါဘူး။ ဒါေၾကာင့္ အာဆင္နယ္အလြန္မွာ ရမ္ေဆးက်ိန္စာဟာ ရပ္တန္႔သြားၿပီလားဆိုတာ……..