အာဆင်နယ်အမျိုးသားအသင်းကို အရှက်ရအောင်စွမ်းဆောင်ပြခဲ့တဲ့ အမျိုးသမီးအသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်း (၃)ပွဲကစားပြီးချိန်အထိ နိုင်ပွဲမရှိ၊ သွင်းဂိုးမရှိ၊ တစ်မှတ်မှမရသေးဘဲ အမှတ်ပေးဇယားအောက်ဆုံးရောက်နေချိန်မှာ အမျိုးသမီးအသင်းကတော့ အမျိုးသမီးစူပါလိဂ်ရာသီအဖွင့်ပွဲမှာပဲ လက်ရှိချန်ပီယံချယ်လ်ဆီးအသင်းကို အီမရိတ်စ်မှာ (၃-၂)ဂိုးနဲ့အနိုင်ယူပြခဲ့ပါတယ်။

အမျိုးသားအသင်းက အီမရိတ်စ်ကွင်းမှာ သူတို့ရဲ့အဓိကပြိုင်ဘက်ချယ်လ်ဆီးအသင်းကို (၂-၀)ဂိုးနဲ့အရေးနိမ့်ခဲ့ပေမယ့် အာဆင်နယ်အမျိုးသမီးအသင်းကတော့ အမျိုးသားအသင်းရှုံးပွဲအတွက် လက်စားပြန်ချေနိုင်ခဲ့ပြီး

အင်္ဂလန်တိုက်စစ်မှူးဘက်သ်မိတ်ဒ်ရဲ့ သွင်းဂိုး(၂)ဂိုးနဲ့အတူ (၃-၂)ဂိုးရလဒ်နဲ့ ချယ်လ်ဆီးအသင်းကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အမျိုးသမီးအသင်းဟာ ၂၀၁၈၊ အောက်တိုဘာလကစလို့ ချယ်လ်ဆီးအသင်းကို တစ်ခါမှအနိုင်မရတော့ဘဲ အခုနိုင်ပွဲက (၃)နှစ်နီးပါးအကြာမှာ ပထမဆုံးအကြိမ် နိုင်ပွဲရရှိခဲ့တာပါ။

အမျိုးသမီးစူပါလိဂ်ဖလားကို (၂)ရာသီဆက်တိုက်ရယူခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ချေပဂိုးတွေလိုက်သွင်းခဲ့ပေမယ့် သရေတစ်မှတ်အတွက် လိုအပ်တဲ့ဂိုးမသွင်းယူနိုင်ခဲ့တာကြောင့် ရာသီအဖွင့်ပွဲမှာပဲ ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရပြီဖြစ်ပါတယ်။

ဒါပေမဲ့ အာဆင်နယ်အသင်းရရှိခဲ့တဲ့ တတိယမြောက်ဂိုးက တိုက်စစ်မှူးဘက်သ်မိတ်ဒ် လူကျွံအနေအထားကနေသွင်းယူခဲ့တာကြောင့် ချယ်လ်ဆီးအသင်းနည်းပြအမ်မာဟေးစ်က အမျိုးသမီးလိဂ်ပြိုင်ပွဲမှာလည်း VAR စနစ် စတင်အသုံးပြုဖို့လိုအပ်နေပြီလို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ဝေဖန်ပြောဆိုခဲ့ပါတယ်။

အခုပွဲကို ပရိသတ်(၈,၀၀၀)ကျော်လာရောက်ကြည့်ရှုခဲ့ပြီး အာဆင်နယ်အမျိုးသမီးအသင်း နိုင်ပွဲနဲ့ရာသီစတင်ခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ရသလို ရလဒ်ဆိုးတွေနဲ့ဆက်တိုက်ရင်ဆိုင်နေရတဲ့ အမျိုးသားအသင်းရဲ့စိတ်ပျက်စရာရှုံးနိမ့်မှုတွေအတွက် ပရိသတ်တွေ ဖြေသိမ့်စရာလို့သတ်မှတ်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္အမ်ိဳးသားအသင္းကို အရွက္ရေအာင္စြမ္းေဆာင္ျပခဲ့တဲ့ အမ်ိဳးသမီးအသင္း

ဒီရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အာဆင္နယ္အသင္း (၃)ပြဲကစားၿပီးခ်ိန္အထိ ႏိုင္ပြဲမရွိ၊ သြင္းဂိုးမရွိ၊ တစ္မွတ္မွမရေသးဘဲ အမွတ္ေပးဇယားေအာက္ဆုံးေရာက္ေနခ်ိန္မွာ အမ်ိဳးသမီးအသင္းကေတာ့ အမ်ိဳးသမီးစူပါလိဂ္ရာသီအဖြင့္ပြဲမွာပဲ လက္ရွိခ်န္ပီယံခ်ယ္လ္ဆီးအသင္းကို အီမရိတ္စ္မွာ (၃-၂)ဂိုးနဲ႔အႏိုင္ယူျပခဲ့ပါတယ္။ အမ်ိဳးသားအသင္းက အီမရိတ္စ္ကြင္းမွာ သူတို႔ရဲ႕အဓိကၿပိဳင္ဘက္ခ်ယ္လ္ဆီးအသင္းကို (၂-၀)ဂိုးနဲ႔အေရးနိမ့္ခဲ့ေပမယ့္ အာဆင္နယ္အမ်ိဳးသမီးအသင္းကေတာ့ အမ်ိဳးသားအသင္းရႈံးပြဲအတြက္ လက္စားျပန္ေခ်ႏိုင္ခဲ့ၿပီး အဂၤလန္တိုက္စစ္မႉးဘက္သ္မိတ္ဒ္ရဲ႕ သြင္းဂိုး(၂)ဂိုးနဲ႔အတူ (၃-၂)ဂိုးရလဒ္နဲ႔ ခ်ယ္လ္ဆီးအသင္းကို အႏိုင္ယူခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အမ်ိဳးသမီးအသင္းဟာ ၂၀၁၈၊ ေအာက္တိုဘာလကစလို႔ ခ်ယ္လ္ဆီးအသင္းကို တစ္ခါမွအႏိုင္မရေတာ့ဘဲ အခုႏိုင္ပြဲက (၃)ႏွစ္နီးပါးအၾကာမွာ ပထမဆုံးအႀကိမ္ ႏိုင္ပြဲရရွိခဲ့တာပါ။

အမ်ိဳးသမီးစူပါလိဂ္ဖလားကို (၂)ရာသီဆက္တိုက္ရယူခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဟာ ေခ်ပဂိုးေတြလိုက္သြင္းခဲ့ေပမယ့္ သေရတစ္မွတ္အတြက္ လိုအပ္တဲ့ဂိုးမသြင္းယူႏိုင္ခဲ့တာေၾကာင့္ ရာသီအဖြင့္ပြဲမွာပဲ ရႈံးပြဲနဲ႔ႀကဳံေတြ႕ခဲ့ရၿပီျဖစ္ပါတယ္။ ဒါေပမဲ့ အာဆင္နယ္အသင္းရရွိခဲ့တဲ့ တတိယေျမာက္ဂိုးက တိုက္စစ္မႉးဘက္သ္မိတ္ဒ္ လူကြၽံအေနအထားကေနသြင္းယူခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းနည္းျပအမ္မာေဟးစ္က အမ်ိဳးသမီးလိဂ္ၿပိဳင္ပြဲမွာလည္း VAR စနစ္ စတင္အသုံးျပဳဖို႔လိုအပ္ေနၿပီလို႔ ပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ ေဝဖန္ေျပာဆိုခဲ့ပါတယ္။ အခုပြဲကို ပရိသတ္(၈,၀၀၀)ေက်ာ္လာေရာက္ၾကည့္ရႈခဲ့ၿပီး အာဆင္နယ္အမ်ိဳးသမီးအသင္း ႏိုင္ပြဲနဲ႔ရာသီစတင္ခဲ့လို႔ ေက်နပ္စရာျဖစ္ခဲ့ရသလို ရလဒ္ဆိုးေတြနဲ႔ဆက္တိုက္ရင္ဆိုင္ေနရတဲ့ အမ်ိဳးသားအသင္းရဲ႕စိတ္ပ်က္စရာရႈံးနိမ့္မႈေတြအတြက္ ပရိသတ္ေတြ ေျဖသိမ့္စရာလို႔သတ္မွတ္ရမွာပါ။