
photo-EPA
photo-gettyimages
အာဆင်နယ်အတွက် အနာဂါတ်မှာ အားကိုးရမယ့် စူပါစတားကစားသမားလေးတစ်ယောက်ကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ သူ့နာမည်ကတော့ ဂါဘရီရယ်မာတင်နယ်လီပါ။ အဲဒီဆယ်ကျော်သက်တိုက်စစ်မှုးလေးဟာ ပြီးခဲ့တဲ့အပတ် နော်တင်ဟမ်နဲ့ကစားခဲ့တဲ့ အင်္ဂလန်လိဂ်ဖလားပွဲစဉ်မှာ အာဆင်နယ်အသင်းကြီးအတွက် စတင်ပွဲဦးထွက်ကစားခဲ့ပြီး အဖွင့်ဂိုးနဲ့အပိတ်ဂိုး ၂ ဂိုးသွင်းခဲ့တာပါ။ ဒီတစ်ပတ်ကြာသပတေးညရဲ့ယူရိုပါလိဂ်ပွဲစဉ်မှာလည်း မာတင်နယ်လီဟာ စတန်းဒတ်လီဂီဘက်ကို ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
photo-dailymail
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ၁၈ နှစ်အရွယ် အဲဒီဘရာဇီးသားလေးအတွက် ပေါင် ၆ သန်းသာ ကုန်ကျခဲ့တာဟာ မဆိုးလှဘူးလို့ ဆိုရမှာပါ။ အာဆင်နယ်အတွက် မာတင်နယ်လီက ဂိုးတွေသွင်းပေးနေချိန် တစ်ညတည်းမှာပဲ မန်ယူကတော့ နယ်သာလန်ကလပ်အယ်ခမာနဲ့အဝေးကွင်းပွဲစဉ်မှာ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပိုဆိုးတာက အဲဒီပွဲရဲ့ မိနစ် ၉၀ လုံးမှာ မန်ယူဟာ ဂိုးပေါက်တည့်ကန်ချက်တစ်ချက်မှတောင် မရှိခဲ့ပါဘူး။ မေဆင်ဂရင်းဝုဒ်နဲ့ရက်ရှ်ဖို့ဒ်တို့ နှစ်ယောက်စလုံးပါဝင်နေတာတောင် မန်ယူဟာ ဂိုးဖို့မပြောနဲ့ ဂိုးပေါက်တည့်ကန်ချက်ကို တစ်ချက်မှ မရှိခဲ့တာပါ။
photo-Rex
စဉ်းစားကြည့်လိုက်တော့ တစ်ချိန်က မန်ယူခေါ်နိုင်ခွင့်ရှိရဲ့သားနဲ့ ပယ်ချခဲ့တဲ့ကစားသမားဟာ အာဆင်နယ်အတွက် ဂိုးတွေသွင်းပေးနေချိန် မန်ယူကတော့ ဂိုးတွေမရဖြစ်နေတာပါ။ မန်ယူဟာ မာတင်နယ်လီကို ၂ နှစ်တိုင် ခြေစွမ်းစမ်းသပ်ခဲ့ပေမယ့် ၂၀၁၇ တုန်းက စာချုပ်ချုပ်ခေါ်ယူဖို့အရေးကို ပယ်ချခဲ့ပါတယ်။ အဲဒီအကြောင်းကို နော်တင်ဟမ်နဲ့ပွဲအပြီးမှာ မာတင်နယ်လီက ဖွင့်ဟခဲ့တာပါ။ ”၂၀၁၅ နဲ့ ၂၀၁၇ ကြားထဲမှာ မန်ယူကို ကျွန်တော် ၄ ကြိမ်တိုင်သွားရောက်ခဲ့ပြီး အဲဒီမှာ ၁၅ ရက်လောက်လေ့ကျင့်ခဲ့ပါတယ်။ အီဗရာ၊ဖယ်လိုင်လီနဲ့တခြားသူတွေကိုလည်း ဓာတ်ပုံတွဲရိုက်ဖို့ ကျွန်တော်တောင်းဆိုခဲ့ပါတယ်။ ပေါ့ဂ်ဘာကတော့ ကျွန်တော် ဘရာဇီးသားမှန်းသိလို့ အရာအားလုံးအဆင်ပြေရဲ့လားလို့ မေးပါတယ်”လို့ မာတင်နယ်လီက ဆိုခဲ့တာပါ။
[Zawgyi]
အာဆင္နယ္အတြက္ ၂ ပြဲမွာ ၄ ဂိုးသြင္းထားတဲ့ မန္ယူအပယ္ခံ ဘရာဇီးသားတုိက္စစ္မႈးေလး
အာဆင္နယ္အတြက္ အနာဂါတ္မွာ အားကိုးရမယ့္ စူပါစတားကစားသမားေလးတစ္ေယာက္ကေတာ့ ထြက္ေပၚလာခဲ့ပါၿပီ။ သူ႔နာမည္ကေတာ့ ဂါဘရီရယ္မာတင္နယ္လီပါ။ အဲဒီဆယ္ေက်ာ္သက္တုိက္စစ္မႈးေလးဟာ ၿပီးခဲ့တဲ့အပတ္ ေနာ္တင္ဟမ္နဲ႔ကစားခဲ့တဲ့ အဂၤလန္လိဂ္ဖလားပြဲစဥ္မွာ အာဆင္နယ္အသင္းႀကီးအတြက္ စတင္ပြဲဦးထြက္ကစားခဲ့ၿပီး အဖြင့္ဂိုးနဲ႔အပိတ္ဂိုး ၂ ဂိုးသြင္းခဲ့တာပါ။ ဒီတစ္ပတ္ၾကာသပေတးညရဲ႕ယူရိုပါလိဂ္ပြဲစဥ္မွာလည္း မာတင္နယ္လီဟာ စတန္းဒတ္လီဂီဘက္ကို ၂ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕မွာ ၁၈ ႏွစ္အရြယ္ အဲဒီဘရာဇီးသားေလးအတြက္ ေပါင္ ၆ သန္းသာ ကုန္က်ခဲ့တာဟာ မဆိုးလွဘူးလို႔ ဆုိရမွာပါ။ အာဆင္နယ္အတြက္ မာတင္နယ္လီက ဂိုးေတြသြင္းေပးေနခ်ိန္ တစ္ညတည္းမွာပဲ မန္ယူကေတာ့ နယ္သာလန္ကလပ္အယ္ခမာနဲ႔အေ၀းကြင္းပြဲစဥ္မွာ ဂိုးမရွိသေရနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ ပိုဆုိးတာက အဲဒီပြဲရဲ႕ မိနစ္ ၉၀ လုံးမွာ မန္ယူဟာ ဂိုးေပါက္တည့္ကန္ခ်က္တစ္ခ်က္မွေတာင္ မရွိခဲ့ပါဘူး။ ေမဆင္ဂရင္း၀ုဒ္နဲ႔ရက္ရွ္ဖို႔ဒ္တို႔ ႏွစ္ေယာက္စလုံးပါ၀င္ေနတာေတာင္ မန္ယူဟာ ဂိုးဖို႔မေျပာနဲ႔ ဂိုးေပါက္တည့္ကန္ခ်က္ကို တစ္ခ်က္မွ မရွိခဲ့တာပါ။
စဥ္းစားၾကည့္လုိက္ေတာ့ တစ္ခ်ိန္က မန္ယူေခၚႏိုင္ခြင့္ရွိရဲ႕သားနဲ႔ ပယ္ခ်ခဲ့တဲ့ကစားသမားဟာ အာဆင္နယ္အတြက္ ဂိုးေတြသြင္းေပးေနခ်ိန္ မန္ယူကေတာ့ ဂိုးေတြမရျဖစ္ေနတာပါ။ မန္ယူဟာ မာတင္နယ္လီကို ၂ ႏွစ္တိုင္ ေျခစြမး္စမ္းသပ္ခဲ့ေပမယ့္ ၂၀၁၇ တုန္းက စာခ်ဳပ္ခ်ဳပ္ေခၚယူဖို႔အေရးကို ပယ္ခ်ခဲ့ပါတယ္။ အဲဒီအေၾကာင္းကို ေနာ္တင္ဟမ္နဲ႔ပြဲအၿပီးမွာ မာတင္နယ္လီက ဖြင့္ဟခဲ့တာပါ။ ”၂၀၁၅ နဲ႔ ၂၀၁၇ ၾကားထဲမွာ မန္ယူကို ကၽြန္ေတာ္ ၄ ႀကိမ္တိုင္သြားေရာက္ခဲ့ၿပီး အဲဒီမွာ ၁၅ ရက္ေလာက္ေလ့က်င့္ခဲ့ပါတယ္။ အီဗရာ၊ဖယ္လိုင္လီနဲ႔တျခားသူေတြကိုလည္း ဓာတ္ပုံတြဲရိုက္ဖို႔ ကၽြန္ေတာ္ေတာင္းဆုိခဲ့ပါတယ္။ ေပါ့ဂ္ဘာကေတာ့ ကၽြန္ေတာ္ ဘရာဇီးသားမွန္းသိလို႔ အရာအားလုံးအဆင္ေျပရဲ႕လားလို႔ ေမးပါတယ္”လုိ႔ မာတင္နယ္လီက ဆုိခဲ့တာပါ။