ယူရိုပါလိ၈်မှာ ဖောင်ဖျက်ကစားရမယ့် အာဆင်နယ်အတွက် သူရဲကောင်း ၄ယောက် ပြန်ပါလာနိုင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီနှစ်ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်နေတဲ့ အင်္ဂလန်၂သင်းထဲမှာ အာဆင်နယ်ဟာ ဖောင်ဖျက်တိုက်ပွဲဝင်နေရတဲ့ အသင်းပါ။

မန်ယူက လက်ရှိ ပရီးမီးယားလိဂ်ရပ်တည်မှုအရ နောက်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရမှာဖြစ်ပေမယ့် အာဆင်နယ်ကတော့ ဒီနှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲမှသာ နောက်နှစ် ဥရောပပြိုင်ပွဲဝင်ခွင့် ရနိုင်ဖို့ရှိနေပါတယ်။

ဒီလိုအခြေအနေမှာ အာဆင်နယ်အသင်းအတွက် အားတက်စရာကတော့ အသင်းရဲ့ အဓိက အားထားရတဲ့ ကစားသမား ၄ဦးဟာ ဗီလာရီးရဲလ်နဲ့ ကစားရမယ့် ဒီည ဆီမီးဖိုင်နယ်ပွဲမှာ ပြန်ပါလာဖိုရှိနေတာပါပဲ။

အသင်းခေါင်းဆောင်လည်းဖြစ် အားထားရတဲ့ တိုက်စစ်မှုးလည်းဖြစ်တဲ့ အူဘာမီယန်းဟာ ငှက်ဖျားအပြင်းဖျားရောဂါကြောင့် အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ထားရာကနေ နေပြန်ကောင်းသွားတဲ့အတွက်
လေ့ကျင့်ခန်ပြန်ဆင်းနေပါပြီ။ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုအရ ရာနှုန်းပြည့် မပြည့်ဝသေးပေမယ့် အသင်းရဲ့ အရန်လူစာရင်းမှာ ပါဝင်လာဖို့ များနေပါတယ်။

ဒီရာသီမှာ အာဆင်နယ်အတွက် ဂိုးအများဆုံး သွင်းထားတဲ့ တိုက်စစ်မှုး လာကာဇက်တီကလည်း ပြီးခဲ့တဲ့ အဲဗာတန်နဲပွဲကို တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့ရပေမယ့် အခုအခါမှာတော့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီး ပါဝင်လာဖို့ရှိနေပါတယ်။

ဒူးဒဏ်ရာကြောင့် ကာလရှည်နားရမယ်လို့ ထင်မှတ်ထားခဲ့တဲ့ ဘယ်နောက်ခံလူ တီယာနေးလည်း မျေျာ်လင့်ထားတာထက် ပိုစောပြီး သက်သာလာတဲ့အတွက် ဒီပွဲမှာ ပြန်ပါနိုင်ဖို့ နည်းပြ အာတီတာက မျှော်လင့်ထားပါတယ်။

ဒါ့အပြင် ဒူးဒဏ်ရာကြောင့် တစ်လကျော်အနားယူနေခဲ့ရတဲ့ ဝါရင့်နောက်ခံလူ ဒေးဗစ်လုဇ်လည်း လေ့ကျင့်ခန်းပြန်ဆင်းနီုင်ပြီဖြစ်တဲ့အတွက် အားတက်စရာပါပဲ။

နည်းပြ အာတီတာက ” တီယာနေးရဲ့ ဒဏ်ရာက ခွဲစိပ်စရာ မလိုခဲ့ပါဘူး။ ဒီညပွဲမှာ ပါနိုင် မပါနိုင်မယ်ဆိုတာတော့ ကျိန်းသေပြောလို့မရသေးပါဘူး။ အသင်းအတွက် အားထားရတဲ့သူတွေ အခုလိုအချိန်မှာ ပြန်ကစားနိုင်တာ သိပ်ကောင်းပါတယ်။

သူတို့ ဘယ်လောက် လုပ်နိုင်စွမ်းရှိလဲဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။ သူတို့တွေအကုန်လုံးသာ ကစားနိုင်ရင် ကွင်းထဲမှာ အကောင်းဆုံးဖြစ်နေမှာ သေချာပါတယ်။

ဒါပေမယ့် ဒါဟာ စွန့်စားရာရောက်တယ်ဆိုရင်တော့ တစမျိုးစဉ်းစားရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ယူ႐ိုပါလိ၈္မွာ ေဖာင္ဖ်က္ကစားရမယ့္ အာဆင္နယ္အတြက္ သူရဲေကာင္း ၄ေယာက္ ျပန္ပါလာႏိုင္

ဒီႏွစ္ယူ႐ိုပါလိဂ္ၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္အဆင့္ကို ေရာက္ေနတဲ့ အဂၤလန္၂သင္းထဲမွာ အာဆင္နယ္ဟာ ေဖာင္ဖ်က္တိုက္ပြဲဝင္ေနရတဲ့ အသင္းပါ။ မန္ယူက လက္ရွိ ပရီးမီးယားလိဂ္ရပ္တည္မႈအရ ေနာက္ႏွစ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရမွာျဖစ္ေပမယ့္ အာဆင္နယ္ကေတာ့ ဒီႏွစ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲမွသာ ေနာက္ႏွစ္ ဥေရာပၿပိဳင္ပြဲဝင္ခြင့္ ရႏိုင္ဖို႔ရွိေနပါတယ္။

ဒီလိုအေျခအေနမွာ အာဆင္နယ္အသင္းအတြက္ အားတက္စရာကေတာ့ အသင္းရဲ႕ အဓိက အားထားရတဲ့ ကစားသမား ၄ဦးဟာ ဗီလာရီးရဲလ္နဲ႔ ကစားရမယ့္ ဒီည ဆီမီးဖိုင္နယ္ပြဲမွာ ျပန္ပါလာဖိုရွိေနတာပါပဲ။ အသင္းေခါင္းေဆာင္လည္းျဖစ္ အားထားရတဲ့ တိုက္စစ္မႈးလည္းျဖစ္တဲ့ အူဘာမီယန္းဟာ ငွက္ဖ်ားအျပင္းဖ်ားေရာဂါေၾကာင့္ အာဆင္နယ္အသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ထားရာကေန ေနျပန္ေကာင္းသြားတဲ့အတြက္ ေလ့က်င့္ခန္ျပန္ဆင္းေနပါၿပီ။

က်န္းမာေရးနဲ႔ ႀကံ့ခိုင္မႈအရ ရာႏႈန္းျပည့္ မျပည့္ဝေသးေပမယ့္ အသင္းရဲ႕ အရန္လူစာရင္းမွာ ပါဝင္လာဖို႔ မ်ားေနပါတယ္။ ဒီရာသီမွာ အာဆင္နယ္အတြက္ ဂိုးအမ်ားဆုံး သြင္းထားတဲ့ တိုက္စစ္မႈး လာကာဇက္တီကလည္း ၿပီးခဲ့တဲ့ အဲဗာတန္နဲပြဲကို တံေကာက္ေၾကာဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရေပမယ့္ အခုအခါမွာေတာ့ ေလ့က်င့္ခန္းျပန္ဆင္းေနၿပီး ပါဝင္လာဖို႔ရွိေနပါတယ္။ ဒူးဒဏ္ရာေၾကာင့္ ကာလရွည္နားရမယ္လို႔ ထင္မွတ္ထားခဲ့တဲ့ ဘယ္ေနာက္ခံလူ တီယာေနးလည္း ေမ််ာ္လင့္ထားတာထက္ ပိုေစာၿပီး သက္သာလာတဲ့အတြက္ ဒီပြဲမွာ ျပန္ပါႏိုင္ဖို႔ နည္းျပ အာတီတာက ေမွ်ာ္လင့္ထားပါတယ္။

ဒါ့အျပင္ ဒူးဒဏ္ရာေၾကာင့္ တစ္လေက်ာ္အနားယူေနခဲ့ရတဲ့ ဝါရင့္ေနာက္ခံလူ ေဒးဗစ္လုဇ္လည္း ေလ့က်င့္ခန္းျပန္ဆင္းႏီုင္ၿပီျဖစ္တဲ့အတြက္ အားတက္စရာပါပဲ။ နည္းျပ အာတီတာက ” တီယာေနးရဲ႕ ဒဏ္ရာက ခြဲစိပ္စရာ မလိုခဲ့ပါဘူး။ ဒီညပြဲမွာ ပါႏိုင္ မပါႏိုင္မယ္ဆိုတာေတာ့ က်ိန္းေသေျပာလို႔မရေသးပါဘူး။ အသင္းအတြက္ အားထားရတဲ့သူေတြ အခုလိုအခ်ိန္မွာ ျပန္ကစားႏိုင္တာသိပ္ေကာင္းပါတယ္။

သူတို႔ ဘယ္ေလာက္ လုပ္ႏိုင္စြမ္းရွိလဲဆိုတာ ကြၽန္ေတာ္တို႔ သိထားၿပီးသားပါ။ သူတို႔ေတြအကုန္လုံးသာ ကစားႏိုင္ရင္ ကြင္းထဲမွာ အေကာင္းဆုံးျဖစ္ေနမွာ ေသခ်ာပါတယ္။ဒါေပမယ့္ ဒါဟာစြန႔္စားရာေရာက္တယ္ဆိုရင္ေတာ့ တစမ်ိဳးစဥ္းစားရမွာပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။