အာဆင်နယ်အတွက် တန်ဖိုးအကြီးဆုံး နောက်ခံလူ ဖြစ်လာတဲ့ ဘန်ဝှိုက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ် အသင်းဟာ ဘရိုက်တန် အသင်းရဲ့ နောက်ခံလူ ဘန်ဝှိုက် ကို ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာ ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဘန်ဝှိုက် အတွက် ပေါင် သန်း ၅၀ ပေးချေ ခဲ့ရပြီး ၂၀၂၆ ခုနှစ် အထိ စာချုပ်ချုပ် ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘန်ဝှိုက် ဟာ အာဆင်နယ် အသင်းမှာ ကျောနံပါတ် ၄ ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။

ကျောနံပါတ် ၄ ဟာ အရင်က ဗီအဲရာ ၊ ဖာဘရီဂက်စ် ၊ မာတီဆက်ကာ တို့ဝတ်ဆင် ကစား ခဲ့ကြတဲ့ နံပါတ်လည်း ဖြစ်ပါတယ်။

ဘန်ဝှိုက်က “အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖြစ်မယ်လို့ ကျွန်တော် သိနေခဲ့တာ နည်းနည်းကြာပါပြီ။

အပြောင်းအရွှေ့ဟာ ကျွန်တော် ထင်တာထက် ပိုကြာခဲ့ပေမယ့် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခွင့်ရလို့ ကျွန်တော် ဝမ်းသာပါတယ်။”

“ကျွန်တော့်အနေနဲ့ နွေရာသီမှာ နည်းပြအာတီတာနဲ့ စကားပြောခဲ့ပြီး နည်းပြ လိုချင်တဲ့ပုံစံအတိုင်း ကစားနိုင်မယ်လို့လည်း ထင်ပါတယ်။

အာဆင်နယ်အသင်းကို ထိပ်တန်းအဆင့် ပြန်ရောက်အောင် ကူညီနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်”ဆိုပြီး ပြောပါတယ်။

နည်းပြအာတီတာကလည်း ”ဘန် က ကျွန်တော်တို့ရဲ့ ထိပ်တန်း ပစ်မှတ် တစ်ဦးပါ။

သူ့ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ် နိုင်ခဲ့တာ သိပ်ကောင်းပါတယ်။

ဘန် က အသင်းကောင်း နှစ်သင်းမှာ ပညာကောင်းကောင်း သင်ယူ ခဲ့ရတာပါ။

ဘရိုက်တန် နဲ့ လိဒ် ပေါ့ဗျာ ။ ”

” သူက နည်းပြကောင်းနှစ်ဦးဆီကနေလည်း အကျိုးရှိတာတွေ လေ့လာ သင်ယူ ခဲ့ပါတယ်။

ဘရိုက်တန် မှာရောအငှားထွက် ကစားတဲ့ လိဒ်မှာရော သူ့မှာ ဘယ်လို အရည်အချင်းတွေ ရှိသလဲ ဆိုတာ ပြသ ခဲ့ပါတယ်။

ဘန် က ဘောလုံးကို သက်သောင့်သက်သာ ကိုင်ကစား နိုင်စွမ်း ရှိတဲ့ ပါးနပ်လိမ်မာတဲ့ နောက်ခံလူ တစ်ဦးပါ။ ”

” သူ့ ကစားပုံက ကျွန်တော်တို့နဲ့ လုံးဝ ကွက်တိ အံဝင်ပါတယ်။

သူက ငယ်သေးတာကြောင့် သူ့အသက်အရွယ် ပုံစံ နဲ့ ကျွန်တော်တို့ တည်ဆောက်ချင်တဲ့ အသင်း အနေအထား နဲ့က ကိုက်ညီမှု ရှိပါတယ်။

ဘန်က ကျွန်တော်တို့ အသင်းရဲ့ အနာဂတ် အစီအစဉ်တွေမှာ အခရာ ကျလာပါလိမ့်မယ်။“လို့ ဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အာဆင္နယ္အတြက္ တန္ဖိုးအႀကီးဆုံး ေနာက္ခံလူ ျဖစ္လာတဲ့ ဘန္ဝႈိက္

အာဆင္နယ္ အသင္းဟာ ဘ႐ိုက္တန္ အသင္းရဲ႕ ေနာက္ခံလူ ဘန္ဝႈိက္ ကို ေခၚယူႏိုင္ခဲ့ၿပီ ျဖစ္ေၾကာင္း တရားဝင္ ေၾကညာခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ဘန္ဝႈိက္ အတြက္ ေပါင္ သန္း ၅၀ ေပးေခ် ခဲ့ရၿပီး ၂၀၂၆ ခုႏွစ္ အထိ စာခ်ဳပ္ခ်ဳပ္ ေခၚယူ ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္ အ႐ြယ္ ရွိၿပီ ျဖစ္တဲ့ ဘန္ဝႈိက္ ဟာ အာဆင္နယ္ အသင္းမွာ ေက်ာနံပါတ္ ၄ ဝတ္ဆင္ ကစားသြားမွာ ျဖစ္ပါတယ္ ။ ေက်ာနံပါတ္ ၄ ဟာ အရင္က ဗီအဲရာ ၊ ဖာဘရီဂက္စ္ ၊ မာတီဆက္ကာ တို႔ဝတ္ဆင္ ကစား ခဲ့ၾကတဲ့ နံပါတ္လည္း ျဖစ္ပါတယ္။

ဘန္ဝႈိက္က “အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ျဖစ္မယ္လို႔ ကြၽန္ေတာ္ သိေနခဲ့တာ နည္းနည္းၾကာပါၿပီ။ အေျပာင္းအေ႐ႊ႕ဟာ ကြၽန္ေတာ္ ထင္တာထက္ ပိုၾကာခဲ့ေပမယ့္ အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ခြင့္ရလို႔ ကြၽန္ေတာ္ ဝမ္းသာပါတယ္။”

“ကြၽန္ေတာ့္အေနနဲ႔ ေႏြရာသီမွာ နည္းျပအာတီတာနဲ႔ စကားေျပာခဲ့ၿပီး နည္းျပ လိုခ်င္တဲ့ပုံစံအတိုင္း ကစားႏိုင္မယ္လို႔လည္း ထင္ပါတယ္။ အာဆင္နယ္အသင္းကို ထိပ္တန္းအဆင့္ ျပန္ေရာက္ေအာင္ ကူညီႏိုင္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္”ဆိုၿပီး ​ေျပာပါတယ္။

နည္းျပအာတီတာကလည္း ”ဘန္ က ကြၽန္​ေတာ္တို႔ရဲ႕ ထိပ္တန္း ပစ္မွတ္ တစ္ဦးပါ။ သူ႔ရဲ႕ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ ႏိုင္ခဲ့တာ သိပ္ေကာင္းပါတယ္ ။ ဘန္ က အသင္းေကာင္း ႏွစ္သင္းမွာ ပညာေကာင္းေကာင္း သင္ယူ ခဲ့ရတာပါ။ ဘ႐ိုက္တန္ နဲ႔ လိဒ္ ေပါ့ဗ်ာ။ ”

” သူက နည္းျပေကာင္းႏွစ္ဦးဆီကေနလည္း အက်ိဳးရွိတာေတြ ေလ့လာ သင္ယူ ခဲ့ပါတယ္။ဘ႐ိုက္တန္ မွာ​ေရာအငွားထြက္ ကစားတဲ့ လိဒ္မွာ​ေရာ သူ႔မွာ ဘယ္လို အရည္အခ်င္းေတြ ရွိသလဲ ဆိုတာ ျပသ ခဲ့ပါတယ္ ။ ဘန္ က ေဘာလုံးကို သက္ေသာင့္သက္သာ ကိုင္ကစား ႏိုင္စြမ္း ရွိတဲ့ ပါးနပ္လိမ္မာတဲ့ ေနာက္ခံလူ တစ္ဦးပါ။ ”

” သူ႔ ကစားပုံက ကြၽန္​ေတာ္တို႔နဲ႔ လုံးဝ ကြက္တိ အံဝင္ ပါတယ္ ။သူက ငယ္ေသးတာေၾကာင့္ သူ႔အသက္အ႐ြယ္ ပုံစံ နဲ႔ ကြၽန္​​ေတာ္တို႔ တည္ေဆာက္ခ်င္တဲ့ အသင္း အေနအထား နဲ႔က ကိုက္ညီမႈ ရွိပါတယ္။ ဘန္က ကြၽန္​ေတာ္တို႔ အသင္းရဲ႕ အနာဂတ္ အစီအစဥ္ေတြမွာ အခရာ က်လာပါလိမ့္မယ္။“လို႔ ဆိုပါတယ္။