
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အရင်ဦးဆုံး အိုဒီဂတ် အကြောင်းတင်ဆက်ပါမယ်။ ရီးရဲလ်အသင်းကတော့ အာဆင်နယ်က ပစ်မှတ်ထားနေတဲ့ အိုဒီဂတ်ရဲ့တန်ကြေးကို လျော့ချလိုက်တယ်လို့ သိရပါတယ်။
အာတီတာရဲ့အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ဘရန့်ဖို့ဒ်ကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ကရွန်ကီကတော့ အာဆင်နယ်ဟာ နောက်ထပ်ခေါ်ယူမှုတွေပြုလုပ်မယ်လို့ ဆိုခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဘင်ဝှိုက် ၊ တာဗာရက်စ် ၊ လိုကွန်ဂါတို့ကိုခေါ်ယူထားနိုင်ခဲ့ကာ ကွင်းလယ်နေရာအတွက် အိုဒီဂတ်ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ရီးရဲလ်အသင်းဟာ အိုဒီဂတ်ကို ပေါင် ၃၄ သန်းလောက်နဲ့ရောင်းချဖွယ်ရှိနေတယ်လို့ သိရပြီး၊ ပြန်လည်ခေါ်ယူခွင့်ဆိုင်ရာ အချက်တော့ ထည့်သွင်းဖွယ်ရှိနိုင်ပါတယ်။
တစ်ဖက်မှာတော့ အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ ဂရာနစ် ရှာကာကို ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ဖို့ သေချာသွားခဲ့ပါပြီ။
ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဆွစ်ဇာလန်အသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့တဲ့ ရှာကာဟာ အစောပိုင်းမှာတော့ အာဆင်နယ်အသင်းနဲ့ လမ်းခွဲကာ မော်ရင်ညိုကိုင်တွယ်နေတဲ့ အီတလီစီးရီးအေကလပ် ရိုးမားအသင်းကို ပြောင်းကစားဖို့ သဘောတူညီမှုတချို့ ရယူထားပြီလို့တောင် သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် အသင်းနှစ်သင်းအကြား ညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်ခဲ့ပြီးနောက်မှာတော့ အာဆင်နယ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ အခုအပတ်မှာ ချဲလ်ဆီးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
အာဆင္နယ္အတြက္ ကံေကာင္းခ်က္ ရွာကာလည္းထပ္ေန၊ အိုဒီဂတ္လည္း ေခၚယူႏိုင္ေျခရွိ
အရင္ဦးဆုံး အိုဒီဂတ္ အေၾကာင္းတင္ဆက္ပါမယ္။ ရီးရဲလ္အသင္းကေတာ့ အာဆင္နယ္က ပစ္မွတ္ထားေနတဲ့ အိုဒီဂတ္ရဲ႕တန္ေၾကးကို ေလ်ာ့ခ်လိုက္တယ္လို႔ သိရပါတယ္။အာတီတာရဲ႕အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ဘရန႔္ဖို႔ဒ္ကို အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။ က႐ြန္ကီကေတာ့ အာဆင္နယ္ဟာ ေနာက္ထပ္ေခၚယူမႈေတြျပဳလုပ္မယ္လို႔ ဆိုခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ ဘင္ဝႈိက္ ၊ တာဗာရက္စ္ ၊ လိုကြန္ဂါတို႔ကိုေခၚယူထားႏိုင္ခဲ့ကာ ကြင္းလယ္ေနရာအတြက္ အိုဒီဂတ္ကိုလည္း ေခၚယူဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ရီးရဲလ္အသင္းဟာ အိုဒီဂတ္ကို ေပါင္ ၃၄ သန္းေလာက္နဲ႔ေရာင္းခ်ဖြယ္ရွိေနတယ္လို႔ သိရၿပီး၊ ျပန္လည္ေခၚယူခြင့္ဆိုင္ရာ အခ်က္ေတာ့ ထည့္သြင္းဖြယ္ရွိႏိုင္ပါတယ္။တစ္ဖက္မွာေတာ့ အာဆင္နယ္အသင္းဟာ ကြင္းလယ္လူ ဂရာနစ္ ရွာကာကို ၂၀၂၅ ခုႏွစ္အထိ သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ဖို႔ ေသခ်ာသြားခဲ့ပါၿပီ။
ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ဆြစ္ဇာလန္အသင္းကို အေကာင္းဆုံးဦးေဆာင္ႏိုင္ခဲ့တဲ့ ရွာကာဟာ အေစာပိုင္းမွာေတာ့ အာဆင္နယ္အသင္းနဲ႔ လမ္းခြဲကာ ေမာ္ရင္ညိဳကိုင္တြယ္ေနတဲ့ အီတလီစီးရီးေအကလပ္ ႐ိုးမားအသင္းကို ေျပာင္းကစားဖို႔ သေဘာတူညီမႈတခ်ိဳ႕ ရယူထားၿပီလို႔ေတာင္ သတင္းေတြထြက္ေပၚခဲ့ပါတယ္။ ဒါေပမယ့္ အသင္းႏွစ္သင္းအၾကား ညႇိႏႈိင္းမႈေတြ အဆင္မေျပျဖစ္ခဲ့ၿပီးေနာက္မွာေတာ့ အာဆင္နယ္မွာပဲ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။အာဆင္နယ္ဟာ အခုအပတ္မွာ ခ်ဲလ္ဆီးအသင္းနဲ႔ရင္ဆိုင္ရမွာျဖစ္ပါတယ္။