
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အာဆင်နယ်အသင်းအနေနဲ့ ၂၀၂၁-၂၂ဘောလုံးရာသီအစမှာ ရလဒ်တွေဆိုးရွားနေပြီး ၂ပွဲဆက်အရှုံးနဲ့အတူ နည်းပြမီခေးလ်အာတီတာဟာလည်း ဖိအားတွေအောက်ကျရောက်နေပါတယ်။
တန်းတက်ဘရန့်ဖို့ဒ်၊ ဥရောပချန်ပီယံချယ်လ်ဆီးတို့ကို ၂ဂိုးပြတ်နဲ့ ၂ပွဲဆက်ရှုံးနိမ့်ပြီးနောက် ဂန်းနားဟောင်းကြီး ကမ့်ဘဲလ်က အသင်းမှာယိုယွင်းနေတဲ့ပြဿနာတွေကို ကူညီဖြေရှင်းပေးလိုတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဂန္တဝင်နောက်ခံလူဆိုးကမ့်ဘဲလ်ဟာလွန်ခဲ့တဲ့၁၇နှစ်တုန်းကအာဆင်နယ်အသင်းနောက်ဆုံးပရီးမီးယားလိဂ်ဖလားရရှိစဉ်ကအသင်းကိုဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
အသက် ၄၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂန်းနားဟောင်းကြီးဟာ အာဆင်နယ် အတွက် ၂၂၁ ပွဲ ကစားပြီး ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ် ဗိုလ်စွဲခဲ့သူ ဖြစ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲထိလည်း ရောက်ရှိခဲ့ပါတယ်။
” ကျွန်တော်ပြောမယ်။ ကျွန်တော်အာဆင်နယ်ကို ကူညီချင်တယ်။ ကျွန်တော့်ကိုသာ နည်းပြခန့်လိုက်စမ်းပါ။
သူတို့ကို ကူပြပါ့မယ်။ ဘရန့်ဖို့ဒ်နဲ့ ပွဲမှာလို လူနှစ်ယောက် ကပ်တာကနေ ဘယ်လို ထွက်ရမလဲ ကျွန်တော်သင်ပေးမယ်။”
” လက်ရှိ အာဆင်နယ် ဖြစ်နေတာကို ကြည့်နေရတာက တကယ်ကို ခက်ခဲလွန်းပါတယ်။
ဒါက အားထုတ်မှုနဲ့ ကွာလတီပဲ လိုနေတာ။ ငွေတွေ အများကြီး သုံးထားတယ်၊ အင်္ဂလန်မှာ အများဆုံးပဲ ဘာညာ ပြောလာလိမ့်မယ်။
ဒါပေမယ့် ကွာလတီ၊ ခြေစွမ်းတည်ငြိမ်မှုနဲ့ အတွေ့အကြုံတွေ ရှိဖို့ လိုတယ်။”
“တချို့ကစားသမားတွေဆို အခြေခံတောင်မသိပါဘူး။ ရှုံးတာကလက်ခံလို့ရပါတယ်။
ဒါပေမယ့်ပေးလိုက်ရတဲ့ဂိုးတွေက အရမ်းပေါ့ပျက်ပျက်နိုင်လွန်းပါတယ်။
တချို့ခံစစ်မှူးတွေကြည့်ရတာ အန္တရာယ်များလွန်းပါတယ်”လို့ ဆိုးကမ့်ဘဲလ်က ပြောပါတယ်။
ကမ့်ဘဲလ် က ဘောလုံး နည်းပြ ဘဝမှာ မက်ကလပ်စ်ဖီးနဲ့ ဆောက်အမ်းအသင်းတို့နဲ့ တာဝန်ယူပြီးနောက် ရပ်နားခဲ့တာ ဖြစ်ကာ လက်ရှိလည်း အသင်း လက်မဲ့ ဖြစ်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
အာဆင္နယ္အေျခအေန ဆက္လက္ မဆိုးဖို႔ နည္းျပေနရာဝင္ယူေပးခ်င္တဲ့ ဆိုးကမ့္ဘဲလ္
အာဆင္နယ္အသင္းအေနနဲ႔ ၂၀၂၁-၂၂ေဘာလုံးရာသီအစမွာ ရလဒ္ေတြဆိုး႐ြားေနၿပီး ၂ပြဲဆက္အရႈံးနဲ႔အတူ နည္းျပမီေခးလ္အာတီတာဟာလည္း ဖိအားေတြေအာက္က်ေရာက္ေနပါတယ္။
တန္းတက္ဘရန႔္ဖို႔ဒ္၊ ဥေရာပခ်န္ပီယံခ်ယ္လ္ဆီးတို႔ကို ၂ဂိုးျပတ္နဲ႔ ၂ပြဲဆက္ရႈံးနိမ့္ၿပီးေနာက္ ဂန္းနားေဟာင္းႀကီး ကမ့္ဘဲလ္က အသင္းမွာယိုယြင္းေနတဲ့ျပႆနာေတြကို ကူညီေျဖရွင္းေပးလိုတယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ဂႏၲဝင္ေနာက္ခံလူဆိုးကမ့္ဘဲလ္ဟာလြန္ခဲ့တဲ့၁၇ႏွစ္တုန္းကအာဆင္နယ္အသင္းေနာက္ဆုံးပရီးမီးယားလိဂ္ဖလားရရွိစဥ္ကအသင္းကိုဦးေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။အသက္ ၄၆ ႏွစ္ အ႐ြယ္ ရွိၿပီ ျဖစ္တဲ့ ဂန္းနားေဟာင္းႀကီးဟာ အာဆင္နယ္ အတြက္ ၂၂၁ ပြဲ ကစားၿပီး ပရီးမီးယားလိဂ္ ဖလား ၂ ႀကိမ္၊ အက္ဖ္ေအဖလား ၃ ႀကိမ္ ဗိုလ္စြဲခဲ့သူ ျဖစ္ၿပီး ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထိလည္း ေရာက္ရွိခဲ့ပါတယ္။
” ကြၽန္ေတာ္ေျပာမယ္။ ကြၽန္ေတာ္အာဆင္နယ္ကို ကူညီခ်င္တယ္။ ကြၽန္ေတာ့္ကိုသာ နည္းျပခန႔္လိုက္စမ္းပါ။ သူတို႔ကို ကူျပပါ့မယ္။ ဘရန႔္ဖို႔ဒ္နဲ႔ ပြဲမွာလို လူႏွစ္ေယာက္ ကပ္တာကေန ဘယ္လို ထြက္ရမလဲ ကြၽန္ေတာ္သင္ေပးမယ္။”
” လက္ရွိ အာဆင္နယ္ ျဖစ္ေနတာကို ၾကည့္ေနရတာက တကယ္ကို ခက္ခဲလြန္းပါတယ္။ ဒါက အားထုတ္မႈနဲ႔ ကြာလတီပဲ လိုေနတာ။ ေငြေတြ အမ်ားႀကီး သုံးထားတယ္၊ အဂၤလန္မွာ အမ်ားဆုံးပဲ ဘာညာ ေျပာလာလိမ့္မယ္။ ဒါေပမယ့္ ကြာလတီ၊ ေျခစြမ္းတည္ၿငိမ္မႈနဲ႔ အေတြ႕အႀကဳံေတြ ရွိဖို႔ လိုတယ္။”
“တခ်ိဳ႕ကစားသမားေတြဆို အေျခခံေတာင္မသိပါဘူး။ ရႈံးတာကလက္ခံလို႔ရပါတယ္။ ဒါေပမယ့္ေပးလိုက္ရတဲ့ဂိုးေတြက အရမ္းေပါ့ပ်က္ပ်က္ႏိုင္လြန္းပါတယ္။ တခ်ိဳ႕ခံစစ္မႉးေတြၾကည့္ရတာ အႏၲရာယ္မ်ားလြန္းပါတယ္”လို႔ ဆိုးကမ့္ဘဲလ္က ေျပာပါတယ္။
ကမ့္ဘဲလ္ က ေဘာလုံး နည္းျပ ဘဝမွာ မက္ကလပ္စ္ဖီးနဲ႔ ေဆာက္အမ္းအသင္းတို႔နဲ႔ တာဝန္ယူၿပီးေနာက္ ရပ္နားခဲ့တာ ျဖစ္ကာ လက္ရွိလည္း အသင္း လက္မဲ့ ျဖစ္ေနပါတယ္။