
Photo Credit
Photo Credit
အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးက လက်ရှိလီဗာပူးအသင်းအနေနဲ့ ၂၀၀၃-၀၄ ရာသီက တင်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းရဲ့စံချိန်ကို လိုက်မီနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပြီး လီဗာပူးအသင်းက ရှုံးနိမ့်မှာကို ကြောက်တာမျိုးမရှိတော့ကြောင်း ပြောကြားလိုက်ပါတယ်။
Photo Credit
လီဗာပူးဟာ ပရီးမီးယားလိဂ်ပထမရာသီဝက်ကျိုးချိန်မှာ ဒုတိယနေရာက လက်စတာကို ၁၃ မှတ်အထိ ဖြတ်ကာ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ၁၉ပွဲကစားပြီးချိန်မှာ ၁၈ပွဲနိုင်၊ ၁ပွဲသရေကျထားပါတယ်။ လီဗာပူးဟာ လက်စတာ၊ မန်စီးတီးတို့ထက် ၁ပွဲလျော့ကစားထားပြီး ကြာသပတေးနေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ အိမ်ကွင်းပွဲကစားရမှာဖြစ်ပါတယ်။
Photo Credit
လီဗာပူးဟာ တနင်္ဂနွေညက ဝုဗ်ကို ၁-၀ ဂိုးနဲ့အနိုင်ယူကာ ၁၀ပွဲဆက်အနိုင်ရခဲ့ပြီး လက်ရှိအချိန်အထိ လိဂ် ၃၆ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်ထားပါတယ်။ လက်ရှိအချိန်မှာ လီဗာပူးအသင်းရဲ့ နှစ်ပေါင်း ၃၀ကြာ အမှတ်ပေးချန်ပီယံဆုဝေးကွာနေရမှုကို အဆုံးသတ်ဖို့ ကြိုးစားမှုကို တားဆီးနိုင်မယ့်အသင်း မရှိသလောက်ဖြစ်နေပေမယ့် ဝင်းဂါးက သူ့လက်ထက် အအောင်မြင်ဆုံးအသင်းရဲ့စံချိန်ကို လီဗာပူးအသင်း လိုက်မီနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
Photo Credit
”လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီက တစ်ရာသီလုံးရှုံးပွဲမရှိကစားနိုင်ဖို့ အတော်လေးနီးစပ်ခဲ့ပြီး အခုလည်း အဲဒီလိုလုပ်နိုင်ဖို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ လီဗာပူးအသင်းရဲ့မျှော်လင့်ချက်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးလို့ ထင်ပါတယ်”
Photo Credit
”ပရီးမီးယားလိဂ်ချန်ပီယံဆူ မရဘဲ နှစ်ပေါင်း ၃၀ကြာဖြတ်သန်းလာခဲ့ရတာမို့ သူတို့ဒီလိုဖြစ်မယ်လို့လည်း ဘယ်သူမှ မခန့်မှန်းခဲ့ကြပါဘူး။ ဒီစံချိန်ဆိုးကို အဆုံးသတ်ဖို့က သူတို့ရဲ့အဓိကပစ်မှတ်ဖြစ်ပြီး ဒီရာသီမှာ သူတို့ရဲ့အဓိကပြိုင်ဘက်တွေက အခုကတည်းက တိတ်ဆိတ်ငြိမ်သက်သွားလို့ ဒီနှစ်မှာ အောင်မြင်တော့မယ်လို့ ထင်ပါတယ်”လို့ ဝင်းဂါးက ပြောပါတယ်။
Photo Credit
ဝင်းဂါးက လက်ရှိလီဗာပူးအသင်းဟာ လွန်ခဲ့တဲ့ ၁၆နှစ်က အာဆင်နယ်အသင်း ပိုင်ဆိုင်ခဲ့တဲ့ အကြောက်အလန့်မရှိကစားနိုင်မှုကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း ဆိုပါတယ်။
Photo Credit
”သူတို့ သွင်းယူထားတဲ့ဂိုးအရေအတွက်တွေနဲ့ ပေးထားရတဲ့ဂိုးအရေအတွက်တွေကို ပြန်ကြည့်လိုက်ပါ။ သူတို့ကစားတာက အရမ်းကောင်းပါတယ်။ လီဗာပူးဟာ ဒီပုံစံအတိုင်း ဆက်ကစားနိုင်ရင် နိုင်ပွဲတွေလည်း အလိုလိုရရှိနေမှာပါ'”လို့ ဝင်းဂါးက ပြောပါတယ်။
Photo Credit
Zawgyi
အာဆင္နယ္ရဲ႕႐ံႈးပဲြမရွိအရွည္ၾကာဆုံးစံခ်ိန္ကုိ လီဗာပူး လုိက္မီႏိုင္လိမ့္မယ္လုိ႔ အာစင္၀င္းဂါး ေဟာကိန္းထုတ္
အာဆင္နယ္အသင္းနည္းျပေဟာင္း အာစင္၀င္းဂါးက လက္ရွိလီဗာပူးအသင္းအေနနဲ႔ ၂၀၀၃-၀၄ ရာသီက တင္ႏိုင္ခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕စံခ်ိန္ကို လုိက္မီႏုိင္လိမ့္မယ္လုိ႔ ေဟာကိန္းထုတ္လုိက္ၿပီး လီဗာပူးအသင္းက ႐ံႈးနိမ့္မွာကို ေၾကာက္တာမ်ိဳးမရွိေတာ့ေၾကာင္း ေျပာၾကားလုိက္ပါတယ္။
လီဗာပူးဟာ ပရီးမီးယားလိဂ္ပထမရာသီ၀က္က်ိဳးခ်ိန္မွာ ဒုတိယေနရာက လက္စတာကို ၁၃ မွတ္အထိ ျဖတ္ကာ ထိပ္ဆုံးကေန ဦးေဆာင္ေနၿပီး ၁၉ပြဲကစားၿပီးခ်ိန္မွာ ၁၈ပြဲႏိုင္၊ ၁ပဲြသေရက်ထားပါတယ္။ လီဗာပူးဟာ လက္စတာ၊ မန္စီးတီးတုိ႔ထက္ ၁ပြဲေလ်ာ့ကစားထားၿပီး ၾကာသပေတးေန႔မွာ ရွက္ဖီးလ္ယူႏုိက္တက္နဲ႔ အိမ္ကြင္းပြဲကစားရမွာျဖစ္ပါတယ္။
လီဗာပူးဟာ တနဂၤေႏြညက ၀ုဗ္ကို ၁-၀ ဂိုးနဲ႔အႏုိင္ယူကာ ၁၀ပဲြဆက္အႏိုင္ရခဲ့ၿပီး လက္ရွိအခ်ိန္အထိ လိဂ္ ၃၆ပဲြဆက္ ႐ံႈးပဲြမရွိစံခ်ိန္တင္ထားပါတယ္။ လက္ရွိအခ်ိန္မွာ လီဗာပူးအသင္းရဲ႕ ႏွစ္ေပါင္း ၃၀ၾကာ အမွတ္ေပးခ်န္ပီယံဆုေ၀းကြာေနရမႈကို အဆုံးသတ္ဖို႔ ႀကိဳးစားမႈကို တားဆီးႏုိင္မယ့္အသင္း မရွိသေလာက္ျဖစ္ေနေပမယ့္ ၀င္းဂါးက သူ႕လက္ထက္ အေအာင္ျမင္ဆုံးအသင္းရဲ႕စံခ်ိန္ကို လီဗာပူးအသင္း လုိက္မီႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။
”လီဗာပူးဟာ ၿပီးခဲ့တဲ့ရာသီက တစ္ရာသီလုံး႐ံႈးပဲြမရွိကစားႏိုင္ဖို႔ အေတာ္ေလးနီးစပ္ခဲ့ၿပီး အခုလည္း အဲဒီလုိလုပ္ႏိုင္ဖို႔ လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနပါတယ္။ ဒါေပမဲ့ ဒီအခ်ိန္မွာ လီဗာပူးအသင္းရဲ႕ေမွ်ာ္လင့္ခ်က္က ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေရးလုိ႔ ထင္ပါတယ္”
”ပရီးမီးယားလိဂ္ခ်န္ပီယံဆူ မရဘဲ ႏွစ္ေပါင္း ၃၀ၾကာျဖတ္သန္းလာခဲ့ရတာမုိ႔ သူတုိ႔ဒီလုိျဖစ္မယ္လုိ႔လည္း ဘယ္သူမွ မခန္႔မွန္းခဲ့ၾကပါဘူး။ ဒီစံခ်ိန္ဆုိးကို အဆုံးသတ္ဖုိ႔က သူတုိ႔ရဲ႕အဓိကပစ္မွတ္ျဖစ္ၿပီး ဒီရာသီမွာ သူတုိ႔ရဲ႕အဓိကၿပိဳင္ဘက္ေတြက အခုကတည္းက တိတ္ဆိတ္ၿငိမ္သက္သြားလုိ႔ ဒီႏွစ္မွာ ေအာင္ျမင္ေတာ့မယ္လုိ႔ ထင္ပါတယ္”လုိ႔ ၀င္းဂါးက ေျပာပါတယ္။
၀င္းဂါးက လက္ရွိလီဗာပူးအသင္းဟာ လြန္ခဲ့တဲ့ ၁၆ႏွစ္က အာဆင္နယ္အသင္း ပိုင္ဆုိင္ခဲ့တဲ့ အေၾကာက္အလန္႔မရွိကစားႏုိင္မႈကို ပိုင္ဆုိင္ထားၿပီးျဖစ္ေၾကာင္း ဆုိပါတယ္။
”သူတုိ႔ သြင္းယူထားတဲ့ဂိုးအေရအတြက္ေတြနဲ႔ ေပးထားရတဲ့ဂိုးအေရအတြက္ေတြကို ျပန္ၾကည့္လုိက္ပါ။ သူတုိ႔ကစားတာက အရမ္းေကာင္းပါတယ္။ လီဗာပူးဟာ ဒီပုံစံအတုိင္း ဆက္ကစားႏုိင္ရင္ ႏိုင္ပြဲေတြလည္း အလုိလုိရရွိေနမွာပါ'”လုိ႔ ၀င္းဂါးက ေျပာပါတယ္။