အာဆင်နယ်ရဲ့ခြေရာကို လီဗာပူးနင်းနိုင်ရမယ်…

PC ; Internet
PC ; Reuters

လီဗာပူးကွင်းလယ်ကစားသမားဝှစ်ချ်နယ်ဒန်က သူ့အသင်းဟာ ပရီးမီးယားလိဂ်တစ်ရာသီလုံးကို ရှုံးပွဲမရှိဖြတ်သန်းနိုင်စွမ်းရှိနေပြီလို့ ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။ဂျာဂင်ကလော့ပ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာပွဲတိုင်းအနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေပါတယ်။ဒါ့အပြင် သူတို့ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၁၇ပွဲဆက်အနိုင်ရထားတာဖြစ်ပြီး ဒီညမှာ မန်ယူကိုနိုင်လိုက်ရင်တော့ မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် ၁၈ပွဲဆက်အနိုင်စံချိန်ကိုလိုက်မီမှာဖြစ်ပါတယ်။

PC ; Getty

ကွင်းလယ်လူဝှစ်ချ်နယ်ဒန်ကတော့ ၂၀၀၄ ခုနှစ်က အာဆင်နယ်လို တစ်ရာသီလုံးရှုံးပွဲမရှိတဲ့စွမ်းဆောင်မှုမျိုးလုပ်ပြနိုင်စွမ်းရှိနေတယ်လို့ ဆိုပါတယ်။“ ကျွန်တော်တို့ဘယ်လောက်အထိဆက်သွားနေမလဲဆိုတာကို ဘယ်သူမှမသိနိုင်ပါဘူး။ အခုအချိန်မှာကံကောင်းမှုအချို့ရှိနေတယ်ဆိုတာမှန်ပေမယ့် ကျွန်တော်တို့ဘက်ကအရမ်းကြိုးစားနေပါတယ်။ ဒါကြောင့်အရာအားလုံးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ အဲဒီရာသီမှာတုန်းကလုပ်ပြခဲ့တဲ့ ရှုံးပွဲမရှိအချက်အလက်တွေ၊အကြောင်းတွေကိုတော့မစဉ်းစားပါဘူး။ ပွဲစဉ်တိုင်းကိုအကောင်းဆုံးပေးဆပ်နိုင်ဖို့အတွက်ကိုပဲပြင်ဆင်ထားပါတယ်” လို့ နယ်သာလန်သားက ပြောလိုက်ပါတယ်။

PC ; Internet

အာဆင်နယ်အသင်းဟာ ၂၀၀၄ခုနှစ်တုန်းက နည်းပြကြီးအာစင်ဝင်းဂါးရဲ့ဦးဆောင်မှုနဲ့အတူ တစ်ရာသီလုံးရှုံးပွဲမရှိဖြတ်သန်းပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုရခဲ့ပါတယ်။ဒါပေမဲ့ သရေပွဲ ၁၂ပွဲအထိပါဝင်တာကြောင့် အမှတ်တွေဆုံးရှုံးပြီး ရာသီကုန်အမှတ်ပေါင်းဟာ ၉၀မှတ်သာရှိခဲ့တာပါ။လီဗာပူးကတော့ မနှစ်က မန်စီးတီးနောက်ဒုတိယသာရခဲ့ပေမယ့် အမှတ်ပေါင်းကတော့ ၉၇မှတ်ရှိခဲ့ပါတယ်။

(zawgyi)

လီဗာပူးကြင္းလယ္ကစားသမား၀ွစ္ခ်္နယ္ဒန္က သူ႔အသင္းဟာ ပရီးမီးယားလိဂ္တစ္ရာသီလံုးကို ရံႈးပြဲမရွိျဖတ္သန္းႏိုင္စြမ္းရွိေနၿပီလို႔ ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။ဂ်ာဂင္ကေလာ့ပ္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္မွာပြဲတိုင္းအႏိုင္ရၿပီး အမွတ္ေပးဇယားထိပ္ဆံုးက ဦးေဆာင္ေနပါတယ္။ဒါ့အျပင္ သူတို႔ဟာ ပရီးမီးယားလိဂ္ေနာက္ဆံုး ၁၇ပြဲဆက္အႏိုင္ရထားတာျဖစ္ၿပီး ဒီညမွာ မန္ယူကိုႏိုင္လိုက္ရင္ေတာ့ မန္စီးတီးအသင္းရဲ႕ ပရီးမီးယားလိဂ္ ၁၈ပြဲဆက္အႏိုင္စံခ်ိန္ကိုလိုက္မီမွာျဖစ္ပါတယ္။ကြင္းလယ္လူ၀ွစ္ခ်္နယ္ဒန္ကေတာ့ ၂၀၀၄ ခုႏွစ္က အာဆင္နယ္လို တစ္ရာသီလံုးရံႈးပြဲမရွိတဲ့စြမ္းေဆာင္မႈမ်ိဳးလုပ္ျပႏိုင္စြမ္းရွိေနတယ္လို႔ ဆိုပါတယ္။“ ကၽြန္ေတာ္တို႔ဘယ္ေလာက္အထိဆက္သြားေနမလဲဆိုတာကို ဘယ္သူမွမသိႏိုင္ပါဘူး။ အခုအခ်ိန္မွာကံေကာင္းမႈအခ်ိဳ႔ရွိေနတယ္ဆိုတာမွန္ေပမယ့္ ကၽြန္ေတာ္တို႔ဘက္ကအရမ္းၾကိဳးစားေနပါတယ္။ ဒါေၾကာင့္အရာအားလံုးျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ သူတို႔ အဲဒီရာသီမွာတုန္းကလုပ္ျပခဲ့တဲ့ ရွံဳးပြဲမရွိအခ်က္အလက္ေတြ၊အေၾကာင္းေတြကိုေတာ့မစဥ္းစားပါဘူး။ ပြဲစဥ္တိုင္းကိုအေကာင္းဆံုးေပးဆပ္ႏိုင္ဖို႔အတြက္ကိုပဲျပင္ဆင္ထားပါတယ္” လို႔ နယ္သာလန္သားက ေျပာလိုက္ပါတယ္။အာဆင္နယ္အသင္းဟာ ၂၀၀၄ခုႏွစ္တုန္းက နည္းျပႀကီးအာစင္၀င္းဂါးရဲ႕ဦးေဆာင္မႈနဲ႔အတူ တစ္ရာသီလံုးရံႈးပြဲမရွိျဖတ္သန္းၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုရခဲ့ပါတယ္။ဒါေပမဲ့ သေရပြဲ ၁၂ပြဲအထိပါ၀င္တာေၾကာင့္ အမွတ္ေတြဆံုးရံႈးၿပီး ရာသီကုန္အမွတ္ေပါင္းဟာ ၉၀မွတ္သာရွိခဲ့တာပါ။လီဗာပူးကေတာ့ မႏွစ္က မန္စီးတီးေနာက္ဒုတိယသာရခဲ့ေပမယ့္ အမွတ္ေပါင္းကေတာ့ ၉၇မွတ္ရွိခဲ့ပါတယ္။