အာဆင်နယ်မှာ နိုင်ပွဲပျောက်နေတဲ့ ဆာကာ အင်္ဂလန်နဲ့နိုင်ပွဲရယူနိုင်ခဲ့လို့ ပျော်ရွှင်နေလိမ့်မယ်ဆိုပြီး ရွိုင်ကိန်းလှောင်ပြောင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်အသင်းခေါင်းဆောင်ရွိုင်ကိန်းက ဆာကာအနေနဲ့ အာဆင်နယ်အသင်းမှာ နိုင်ပွဲပျောက်နေတာကြောင့် အင်္ဂလန်အသင်းနဲ့နိုင်ပွဲရယူခဲ့တဲ့အတွက် ကျေနပ်ဝမ်းမြောက်နေမယ်လို့ လှောင်ပြောင်ပြောဆိုခဲ့ပါတယ်။

မနေ့ညက အန်ဒိုရာကို (၄-၀)ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဆာကာဟာ အင်္ဂလန်အသင်းအတွက် စတုတ္ထမြောက်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့သလို ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပြီးခြေစွမ်းပြကစားခဲ့ပါတယ်။

တနင်္ဂနွေနေ့က အသက်(၂၀)ပြည့်ခဲ့တဲ့မွေးနေ့ရှင်ဆာကာဟာ နိုင်ငံအသင်းအတွက်ခြေစွမ်းပြကစားနေပေမယ့် အာဆင်နယ်အသင်းမှာတော့ စိတ်ပျက်စရာရလဒ်တွေနဲ့ရင်ဆိုင်နေရပြီး ရာသီအစ(၃)ပွဲမှာ တစ်ပွဲမှအနိုင်မရခဲ့ဘဲ ပွဲတိုင်းရှုံးနိမ့်ခဲ့သလို အမှတ်ပေးဇယားအောက်ဆုံးမှာရပ်တည်နေရတာဖြစ်ပါတယ်။

အင်္ဂလန်နဲ့အန်ဒိုရာပွဲကို ITV ရုပ်သံမှာ အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ခဲ့တဲ့ ရွိုင်ကိန်းက အဲဒီအဖြစ်အပျက်ကို ရည်ညွှန်းပြီးတော့ “ဒီနိုင်ပွဲအတွက် ဆာကာတစ်ယောက် ဝမ်းမြောက်ကျေနပ်နေမယ်ဆိုတာ ကျွန်တော်အသေအချာပြောရဲပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကလပ်အသင်းမှာ သူက အခုအထိတစ်ပွဲမှမနိုင်သေးလို့ပါပဲ”ဆိုပြီး နောက်ပြောင်ခဲ့တာပါ။

အဲဒီပွဲမှာ ရွိုင်ကိန်းနဲ့အတူ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ်အစီအစဉ်တင်ဆက်နေတဲ့ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးကြီးအီယန်ရိုက်ကတော့ ရွိုင်ကိန်းရဲ့ဟာသစကားကြောင့် ဟန်မဆောင်နိုင်ဘဲ ရယ်မောခဲ့ရတဲ့အထိဖြစ်ခဲ့ရပါတယ်။

အန်ဒိုရာနဲ့ပွဲအပြီး အင်တာဗျူးမှာ ဆာကာက “ဒီရလဒ်က ကျွန်တော့်အတွက် အကောင်းဆုံးမွေးနေ့လက်ဆောင်ပါပဲ။

ဒီနေ့ပွဲမှာ အနိုင်ရခဲ့လို့ ကျွန်တော်ဝမ်းမြောက်မိပြီး ကျွန်တော့်ရဲ့မွေးနေ့အတွက် အောင်ပွဲလို့ရသွားပြီဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုကြတဲ့အတွက် အားရကျေနပ်မိပါတယ်။

ပရိသတ်တွေဟာ ကျွန်တော့်နာမည်ကို အော်ဟစ်အားပေးတာကို ကြားရတာက သူတို့တွေ ကျွန်တော့်ဘက်မှာရှိနေတယ်ဆိုတာ ယုံကြည်မှုဖြစ်စေတာအမှန်ပါပဲ။

ကျွန်တော့်ရဲ့အသက်(၂၀)မြောက်မွေးနေ့မှာ ဝင်ဘလေကွင်းကြီးအတွင်း မိသားစုရှေ့မှောက်မှာ အင်္ဂလန်အသင်းအတွက်ပါဝင်ကစားဖို့က ငယ်ငယ်လေးကတည်းက စိတ်ကူးအိပ်မက်ခဲ့ရတာလည်းဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္မွာ ႏိုင္ပြဲေပ်ာက္ေနတဲ့ ဆာကာ အဂၤလန္နဲ႔ႏိုင္ပြဲရယူႏိုင္ခဲ့လို႔ ေပ်ာ္႐ႊင္ေနလိမ့္မယ္ဆိုၿပီး ႐ြိဳင္ကိန္းေလွာင္ေျပာင္

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္အသင္းေခါင္းေဆာင္႐ြိဳင္ကိန္းက ဆာကာအေနနဲ႔ အာဆင္နယ္အသင္းမွာ ႏိုင္ပြဲေပ်ာက္ေနတာေၾကာင့္ အဂၤလန္အသင္းနဲ႔ႏိုင္ပြဲရယူခဲ့တဲ့အတြက္ ေက်နပ္ဝမ္းေျမာက္ေနမယ္လို႔ ေလွာင္ေျပာင္ေျပာဆိုခဲ့ပါတယ္။ မေန႔ညက အန္ဒိုရာကို (၄-၀)ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ ၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲမွာ ဆာကာဟာ အဂၤလန္အသင္းအတြက္ စတုတၳေျမာက္ဂိုးကို ေခါင္းတိုက္သြင္းယူခဲ့သလို ဂိုးဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ၿပီးေျခစြမ္းျပကစားခဲ့ပါတယ္။

တနဂၤေႏြေန႔က အသက္(၂၀)ျပည့္ခဲ့တဲ့ေမြးေန႔ရွင္ဆာကာဟာ ႏိုင္ငံအသင္းအတြက္ေျခစြမ္းျပကစားေနေပမယ့္ အာဆင္နယ္အသင္းမွာေတာ့ စိတ္ပ်က္စရာရလဒ္ေတြနဲ႔ရင္ဆိုင္ေနရၿပီး ရာသီအစ(၃)ပြဲမွာ တစ္ပြဲမွအႏိုင္မရခဲ့ဘဲ ပြဲတိုင္းရႈံးနိမ့္ခဲ့သလို အမွတ္ေပးဇယားေအာက္ဆုံးမွာရပ္တည္ေနရတာျဖစ္ပါတယ္။ အဂၤလန္နဲ႔အန္ဒိုရာပြဲကို ITV ႐ုပ္သံမွာ အစီအစဥ္တင္ဆက္သူအျဖစ္ေဆာင္႐ြက္ခဲ့တဲ့ ႐ြိဳင္ကိန္းက အဲဒီအျဖစ္အပ်က္ကို ရည္ၫႊန္းၿပီးေတာ့ “ဒီႏိုင္ပြဲအတြက္ ဆာကာတစ္ေယာက္ ဝမ္းေျမာက္ေက်နပ္ေနမယ္ဆိုတာ ကြၽန္ေတာ္အေသအခ်ာေျပာရဲပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကလပ္အသင္းမွာ သူက အခုအထိတစ္ပြဲမွမႏိုင္ေသးလို႔ပါပဲ”ဆိုၿပီး ေနာက္ေျပာင္ခဲ့တာပါ။

အဲဒီပြဲမွာ ႐ြိဳင္ကိန္းနဲ႔အတူ ေဘာလုံးပြဲေဝဖန္သုံးသပ္သူအျဖစ္အစီအစဥ္တင္ဆက္ေနတဲ့ အာဆင္နယ္ဂႏၴဝင္တိုက္စစ္မႉးႀကီးအီယန္႐ိုက္ကေတာ့ ႐ြိဳင္ကိန္းရဲ႕ဟာသစကားေၾကာင့္ ဟန္မေဆာင္ႏိုင္ဘဲ ရယ္ေမာခဲ့ရတဲ့အထိျဖစ္ခဲ့ရပါတယ္။ အန္ဒိုရာနဲ႔ပြဲအၿပီး အင္တာဗ်ဴးမွာ ဆာကာက “ဒီရလဒ္က ကြၽန္ေတာ့္အတြက္ အေကာင္းဆုံးေမြးေန႔လက္ေဆာင္ပါပဲ။

ဒီေန႔ပြဲမွာ အႏိုင္ရခဲ့လို႔ ကြၽန္ေတာ္ဝမ္းေျမာက္မိၿပီး ကြၽန္ေတာ့္ရဲ႕ေမြးေန႔အတြက္ ေအာင္ပြဲလို႔ရသြားၿပီျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ကြၽန္ေတာ့္ကို လႈိက္လႈိက္လွဲလွဲႀကိဳဆိုၾကတဲ့အတြက္ အားရေက်နပ္မိပါတယ္။ ပရိသတ္ေတြဟာ ကြၽန္ေတာ့္နာမည္ကို ေအာ္ဟစ္အားေပးတာကို ၾကားရတာက သူတို႔ေတြ ကြၽန္ေတာ့္ဘက္မွာရွိေနတယ္ဆိုတာ ယုံၾကည္မႈျဖစ္ေစတာအမွန္ပါပဲ။ ကြၽန္ေတာ့္ရဲ႕အသက္(၂၀)ေျမာက္ေမြးေန႔မွာ ဝင္ဘေလကြင္းႀကီးအတြင္း မိသားစုေရွ႕ေမွာက္မွာ အဂၤလန္အသင္းအတြက္ပါဝင္ကစားဖို႔က ငယ္ငယ္ေလးကတည္းက စိတ္ကူးအိပ္မက္ခဲ့ရတာလည္းျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။