အာဆင်နယ်မှာ စမစ်ရိုဝီ တိုးတက်လာအောင် ကူညီပေးတဲ့ ကစားသမား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယမန်နေ့ကအာဆင်နယ် ၃ ဂိုးပြတ်နိုင်တဲ့ ပွဲမှာ အသင်းရဲ့ လူငယ်ကစားသမားလေးတွေဖြစ်တဲ့စမစ်ရိုဝီနဲ့ ဘူကာယိုဆာကာတို့ကတော့ နာမည်ကျော်လာခဲ့ပါတယ်။ ဆာကာကသွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး အဲဒီဂိုးကိုတော့ စမစ်ရိုဝီက ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ အဲဂိုးနဲ့ဆိုရင် ဆာကာအတွက် စမစ်ရိုဝီဖန်တီးပေးခဲ့တဲ့ ဂိုးအရေအတွက်က ဒီရာသီမှာ ၃ ဂိုးအထိ ရှိသွားပြီဖြစ်ပါတယ်။

စမစ်ရိုဝီဟာ ပဲလေစ့် နဲ့ ပွဲမှာ ရုန်းကန် ခဲ့ရပေမယ့် နယူးကာဆယ်နဲ့ ပွဲမှာ အကောင်းဆုံးပုံစံ ပြန်ရရှိခဲ့ပါတယ် ။ ပထမပိုင်းမှာ စမစ်ရိုဝီဟာ အူဘာမီယန်း အတွက် အခွင့်အရေးတွေ အများအပြား ဖန်တီး ပေးခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ဒုတိယပိုင်းမှာမှ ဆာကာဂိုးရအောင် ဖန်တီးပေးနိုင်ခဲ့တာပါ။

အသက်၂၀ အရွယ်သာရှိသေးတဲ့ စမစ်ရိုဝီဟာ ဒီရာသီမှာအာဆင်နယ်အတွက် ပြိုင်ပွဲစုံ၁၀ပွဲပါဝင်ကစားပေးထားရာမှာတော့ ၂ ဂိုးသွင်းပြီး ၅ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ရာသီအစောပိုင်းမှာ ရလဒ်တွေဆက်တိုက်ဆိုးရွားခဲ့တဲ့ အာဆင်နယ်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲမှာ ၅ ပွဲနိုင်၊ ၁ ပွဲ သရေကစားထားခဲ့သလို နောက်ဆုံး ၅ ပွဲဆက်တိုက် ပေးဂိုးမရှိခဲ့ပါဘူး။

စမစ်ရိုဝီဟာ နည်းပြအာတီတာလက်ထက်မှာ နေရာရလာခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာကျော်ကြားတဲ့ ကစားသမားတစ်ယောက်ဖြစ်လာနေပါတယ်။ အာဆင်နယ်မှာ သူ့အနေနဲ့ တိုးတက်မှုတွေ ရှိလာအောင် ပြင်သစ်တိုက်စစ်မှူး လာကာဇက်တီက ကူညီပေးခဲ့တယ်လို့ စမစ်ရိုဝီက ပြောဆိုလာခဲ့ပါတယ်။

“စီနီယာ နဲ့ အတူတကွ တိုက်စစ်မှာ တွဲဖက်ကစားပြီး သူက ကွင်းတွင်း၊ ကွင်းပြင်မှာ အများကြီး ကူညီပေးခဲ့ပါတယ်။ ကျွန်တော့်မှာ ယုံကြည်မှုတွေ အများကြီး ရှိလာစေဖို့ သူကအားပေးခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ချန်ပီယံရှစ်မှာ ကစားခွင့်ရခဲ့တာဟာ ကွင်းတွင်းမှာရော ကွင်းပြင်မှာပါ တိုးတက်မှုတွေ အများကြီး ရှိစေခဲ့ပါတယ်။”

“နည်းပြကတော့ လက်ရှိမှာ အခွင့်အရေးတွေ ပေးနေပါတယ်။ အဲဒီအတွက် ကျွန်တော် အရမ်းကျေးဇူးတင်သလို အသင်းအတွက်အကောင်းဆုံး ပြန်ပြီး ပေးဆပ် ကစားပေးချင်ပါတယ်။ ဒီအသင်းမှာ ကျွန်တော်ပါဝင်ခွင့်ရဖို့ ဘယ်လိုထိုက်တန်မှုရှိတယ်ဆိုတာကိုလည်း နည်းပြကို သက်သေပြချင်ပါတယ်”လို့ စမစ်ရိုဝီက ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အာဆင္နယ္မွာ စမစ္႐ိုဝီ တိုးတက္လာေအာင္ ကူညီေပးတဲ့ ကစားသမား

ယမန္ေန႔ကအာဆင္နယ္ ၃ ဂိုးျပတ္ႏိုင္တဲ့ ပြဲမွာ အသင္းရဲ႕ လူငယ္ကစားသမားေလးေတြျဖစ္တဲ့စမစ္႐ိုဝီနဲ႔ ဘူကာယိုဆာကာတို႔ကေတာ့ နာမည္ေက်ာ္လာခဲ့ပါတယ္။ ဆာကာကသြင္းဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အဲဒီဂိုးကိုေတာ့ စမစ္႐ိုဝီက ဖန္တီးေပးခဲ့တာ ျဖစ္ပါတယ္။ အဲဂိုးနဲ႔ဆိုရင္ ဆာကာအတြက္ စမစ္႐ိုဝီဖန္တီးေပးခဲ့တဲ့ ဂိုးအေရအတြက္က ဒီရာသီမွာ ၃ ဂိုးအထိ ရွိသြားၿပီျဖစ္ပါတယ္။

စမစ္႐ို၀ီဟာ ပဲေလစ့္ နဲ႔ ပြဲမွာ ႐ုန္းကန္ ခဲ့ရေပမယ့္ နယူးကာဆယ္နဲ႔ ပြဲမွာ အေကာင္းဆုံးပုံစံ ျပန္ရရွိခဲ့ပါတယ္ ။ ပထမပိုင္းမွာ စမစ္႐ို၀ီဟာ အူဘာမီယန္း အတြက္ အခြင့္အေရးေတြ အမ်ားအျပား ဖန္တီး ေပးခဲ့ေပမယ့္ ဂိုးမရခဲ့ပါဘူး။ဒုတိယပိုင္းမွာမွ ဆာကာဂိုးရ​ေအာင္ ဖန္တီး​ေပးႏိုင္ခဲ့တာပါ။ အသက္၂၀ အ႐ြယ္သာရွိေသးတဲ့ စမစ္႐ိုဝီဟာ ဒီရာသီမွာအာဆင္နယ္အတြက္ ၿပိဳင္ပြဲစုံ၁၀ပြဲပါဝင္ကစားေပးထားရာမွာေတာ့ ၂ ဂိုးသြင္းၿပီး ၅ ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။ရာသီအေစာပိုင္းမွာ ရလဒ္ေတြဆက္တိုက္ဆိုး႐ြားခဲ့တဲ့ အာဆင္နယ္အသင္းဟာ ၿပိဳင္ပြဲစုံေနာက္ဆုံး ၆ ပြဲမွာ ၅ ပြဲႏိုင္၊ ၁ ပြဲ သေရကစားထားခဲ့သလို ေနာက္ဆုံး ၅ ပြဲဆက္တိုက္ ေပးဂိုးမရွိခဲ့ပါဘူး။

စမစ္႐ိုဝီဟာ နည္းျပအာတီတာလက္ထက္မွာ ေနရာရလာခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္မွာေက်ာ္ၾကားတဲ့ ကစားသမားတစ္ေယာက္ျဖစ္လာေနပါတယ္။ အာဆင္နယ္မွာ သူ႔အေနနဲ႔ တိုးတက္မႈေတြ ရွိလာေအာင္ ျပင္သစ္တိုက္စစ္မႉး လာကာဇက္တီက ကူညီေပးခဲ့တယ္လို႔ စမစ္႐ိုဝီက ေျပာဆိုလာခဲ့ပါတယ္။ “စီနီယာ နဲ႔ အတူတကြ တိုက္စစ္မွာ တြဲဖက္ကစားၿပီး သူက ကြင္းတြင္း၊ ကြင္းျပင္မွာ အမ်ားႀကီး ကူညီေပးခဲ့ပါတယ္။ ကြၽန္ေတာ့္မွာ ယုံၾကည္မႈေတြ အမ်ားႀကီး ရွိလာေစဖို႔ သူကအားေပးခဲ့ပါတယ္။ ကြၽန္ေတာ့္ အေနနဲ႔ ခ်န္ပီယံရွစ္မွာ ကစားခြင့္ရခဲ့တာဟာ ကြင္းတြင္းမွာေရာ ကြင္းျပင္မွာပါ တိုးတက္မႈေတြ အမ်ားႀကီး ရွိေစခဲ့ပါတယ္။” “နည္းျပကေတာ့ လက္ရွိမွာ အခြင့္အေရးေတြ ေပးေနပါတယ္။ အဲဒီအတြက္ ကြၽန္ေတာ္ အရမ္းေက်းဇူးတင္သလို အသင္းအတြက္အေကာင္းဆုံး ျပန္ၿပီး ေပးဆပ္ ကစားေပးခ်င္ပါတယ္။ ဒီအသင္းမွာ ကြၽန္ေတာ္ပါဝင္ခြင့္ရဖို႔ ဘယ္လိုထိုက္တန္မႈရွိတယ္ဆိုတာကိုလည္း နည္းျပကို သက္ေသျပခ်င္ပါတယ္”လို႔ စမစ္႐ိုဝီက ေျပာၾကားခဲ့ပါတယ္။