အာဆင်နယ်ပရိသတ်များ ပြန်လည်ပြုံးပျော်လာစေရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ယွန်းဘတ် ကတိပြု

Photo Credit

Photo Credit

အာဆင်နယ်အသင်းယာယီနည်းပြ ဖရက်ဒီယွန်းဘတ်က အသင်းပရိသတ်များ ပြန်လည်ပြုံးပျော်ခွင့်ရရှိစေရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ကတိပြုလိုက်သည်။

Photo Credit

အာဆင်နယ်အသင်းသည် ၁၉၉၂ နောက်ပိုင်း အဆိုးရွားဆုံးဖြတ်သန်းမှုအဖြစ် ပြိုင်ပွဲစုံနောက်ဆုံး ၇ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရပြီးနောက် ပြီးခဲ့သည့်သောကြာနေ့က နည်းပြအမ်မရီကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး ဂန္ထဝင်ကစားသမား ယွန်းဘတ်ကို ယာယီနည်းပြအဖြစ် အစားထိုးခန့်အပ်ခဲ့သည်။

Photo Credit

အာဆင်နယ်ပရိသတ်များသည် ကြာသပတေးနေ့က ဖရန့်ဖတ်ကို ၁-၂ ဂိုးဖြင့်အရေးနိမ့်ခဲ့သည့် ယူရိုပါလိဂ်အိမ်ကွင်းပွဲတွင် အသင်း၏ကစားပုံကို လှောင်ပြောင်အော်ဟစ်ခဲ့ကြပြီး ယွန်းဘတ်က တနင်္ဂနွေနေ့တွင် ကစားရမည့် နောဝစ်ချ်နှင့်အဝေးကွင်းပွဲမှစတင်ကာ ပရိသတ်များအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု ဆိုခဲ့သည်။

Photo Credit

”ကျွန်တော့်အနေနဲ့ အသင်းပရိသတ်တွေ ပြန်လည်ပြုံးပျော်နိုင်ဖို့ ကိုယ့်မှာရှိသမျှအရာအားလုံးပေးဆပ်ပြီး ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အသင်းဟာ ပွဲဆက်ကာလကို ဖြတ်သန်းရတော့မှာဖြစ်ပြီး ဒီလိုအချိန်မျိုးမှာ ပရိသတ်တွေရဲ့အားပေးမှု ပိုလိုအပ်ပါတယ်”ဟု ဆွီဒင်လက်ရွေးစင်ဟောင်း ယွန်းဘတ်က တွစ်တာတွင် ပို့စ်တင်ရေးသားခဲ့သည်။

Photo Credit

အာဆင်နယ်အသင်းသည် ခရစ္စမတ်ကာလမတိုင်မီ ဘရိုက်တန်၊ ဝက်စ်ဟမ်း၊ စတန်းဒက်လီဂီ၊ မန်စီးတီး၊ အဲဗာတန်တို့နှင့် ဆက်တိုက်ရင်ဆိုင်ရမည်ဖြစ်သော်လည်း ယွန်းဘတ်၏အာဆင်နယ်ယာယီနည်းပြဘ၀ ပထမဆုံးပွဲအဖြစ် တန်းမဆင်းရရေးကြိုးစားနေသော နောဝစ်ချ်နှင့်အဝေးကွင်းပွဲ ပထမဆုံးကစားရမည်ဖြစ်သည်။

Photo Credit

အမ်မရီ၏အာဆင်နယ်နည်းပြဘ၀ နောက်ဆုံးပွဲအဖြစ် ဖရန့်ဖတ်ကို ၁-၂ ဂိုးဖြင့်အရေးနိမ့်ခဲ့သော်လည်း အသင်းအနေဖြင့် နောက်တစ်ဆင့်တက်ရောက်ရန် အခြေအနေကောင်းနေဆဲဖြစ်ပြီး လက်ရှိအချိန်တွင် အုပ်စုကို ဦးဆောင်နေဆဲဖြစ်သလို အုပ်စုနောက်ဆုံးပွဲအဖြစ် ရင်ဆိုင်ရမည့် စတန်းဒက်လီဂီကိုလည်း အိမ်ကွင်းတွင် ၄-၀ ဂိုးဖြင့်အနိုင်ရရှိထားသည်။

Photo Credit

Zawgyi

အာဆင္နယ္ပရိသတ္မ်ား ျပန္လည္ၿပံဳးေပ်ာ္လာေစရန္ အစြမ္းကုန္ႀကိဳးစားသြားမည္ဟု ယြန္းဘတ္ ကတိျပဳ

အာဆင္နယ္အသင္းယာယီနည္းျပ ဖရက္ဒီယြန္းဘတ္က အသင္းပရိသတ္မ်ား ျပန္လည္ၿပံဳးေပ်ာ္ခြင့္ရရွိေစရန္ အစြမ္းကုန္ႀကိဳးစားသြားမည္ဟု ကတိျပဳလုိက္သည္။
အာဆင္နယ္အသင္းသည္ ၁၉၉၂ ေနာက္ပုိင္း အဆုိးရြားဆုံးျဖတ္သန္းမႈအျဖစ္ ၿပိဳင္ပြဲစုံေနာက္ဆုံး ၇ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ရၿပီးေနာက္ ၿပီးခဲ့သည့္ေသာၾကာေန႔က နည္းျပအမ္မရီကို ရာထူးမွ ထုတ္ပယ္လုိက္ၿပီး ဂႏၳ၀င္ကစားသမား ယြန္းဘတ္ကို ယာယီနည္းျပအျဖစ္ အစားထိုးခန္႔အပ္ခဲ့သည္။
အာဆင္နယ္ပရိသတ္မ်ားသည္ ၾကာသပေတးေန႔က ဖရန္႔ဖတ္ကုိ ၁-၂ ဂိုးျဖင့္အေရးနိမ့္ခဲ့သည့္ ယူ႐ိုပါလိဂ္အိမ္ကြင္းပြဲတြင္ အသင္း၏ကစားပုံကို ေလွာင္ေျပာင္ေအာ္ဟစ္ခဲ့ၾကၿပီး ယြန္းဘတ္က တနဂၤေႏြေန႔တြင္ ကစားရမည့္ ေနာ၀စ္ခ်္ႏွင့္အေ၀းကြင္းပြဲမွစတင္ကာ ပရိသတ္မ်ားအတြက္ အစြမ္းကုန္ႀကိဳးစားသြားမည္ဟု ဆုိခဲ့သည္။
”ကၽြန္ေတာ့္အေနနဲ႔ အသင္းပရိသတ္ေတြ ျပန္လည္ၿပံဳးေပ်ာ္ႏိုင္ဖို႔ ကိုယ့္မွာရွိသမွ်အရာအားလုံးေပးဆပ္ၿပီး ႀကိဳးစားသြားမွာပါ။ ကၽြန္ေတာ္တုိ႔အသင္းဟာ ပြဲဆက္ကာလကို ျဖတ္သန္းရေတာ့မွာျဖစ္ၿပီး ဒီလုိအခ်ိန္မ်ိဳးမွာ ပရိသတ္ေတြရဲ႕အားေပးမႈ ပိုလိုအပ္ပါတယ္”ဟု ဆြီဒင္လက္ေရြးစင္ေဟာင္း ယြန္းဘတ္က တြစ္တာတြင္ ပို႔စ္တင္ေရးသားခဲ့သည္။
အာဆင္နယ္အသင္းသည္ ခရစၥမတ္ကာလမတုိင္မီ ဘ႐ိုက္တန္၊ ၀က္စ္ဟမ္း၊ စတန္းဒက္လီဂီ၊ မန္စီးတီး၊ အဲဗာတန္တုိ႔ႏွင့္ ဆက္တုိက္ရင္ဆုိင္ရမည္ျဖစ္ေသာ္လည္း ယြန္းဘတ္၏အာဆင္နယ္ယာယီနည္းျပဘ၀ ပထမဆုံးပြဲအျဖစ္ တန္းမဆင္းရေရးႀကိဳးစားေနေသာ ေနာ၀စ္ခ်္ႏွင့္အေ၀းကြင္းပြဲ ပထမဆုံးကစားရမည္ျဖစ္သည္။
အမ္မရီ၏အာဆင္နယ္နည္းျပဘ၀ ေနာက္ဆုံးပြဲအျဖစ္ ဖရန္႔ဖတ္ကို ၁-၂ ဂိုးျဖင့္အေရးနိမ့္ခဲ့ေသာ္လည္း အသင္းအေနျဖင့္ ေနာက္တစ္ဆင့္တက္ေရာက္ရန္ အေျခအေနေကာင္းေနဆဲျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ အုပ္စုကို ဦးေဆာင္ေနဆဲျဖစ္သလို အုပ္စုေနာက္ဆုံးပြဲအျဖစ္ ရင္ဆုိင္ရမည့္ စတန္းဒက္လီဂီကိုလည္း အိမ္ကြင္းတြင္ ၄-၀ ဂိုးျဖင့္အႏိုင္ရရွိထားသည္။