အာဆင်နယ်ပရိသတ်တွေ နှစ်ထောင်းအားရဖြစ်ခဲ့တဲ့ ဗီအဲရာရဲ့ နိုင်ပွဲရ ဝမ်းသာသံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ သုံးပွဲကစား သုံးပွဲနိုင်ပြီး တစ်လတာ အကောင်းဆုံးနည်းပြဆုကိုပါ ရရှိထားခဲ့တဲ့ နည်းပြ နူနို ဆန်တိုရဲ့ စပါးစ်အသင်းကတော့ လန်ဒန်ဒါဘီအဖြစ်

ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆဲလ်ဟာ့စ်ပါ့ခ်က ခရစ္စတယ်လ်ပဲလေ့စ်နဲ့ပွဲမှာ မျက်နှာပျက်ခဲ့ရပြီး အာဆင်နယ်ဂန္တဝင်နဲ့ အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီအဲရာဆီမှာ ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ရပါတယ်။

ပဲေ့လစ်အတွက် ဂိုးသွင်းကြသူများကတော့ ဇာဟာ ၇၆ မိနစ် (ပင်နယ်တီ)၊ အက်ဒ်ဝပ် ၈၄ မိနစ်၊ ၉၀+၃ မိနစ်တို့ ဖြစ်ပါတယ်။

ဗီအဲရာကတော့ ပရီးမီးယားလိဂ်နည်းပြအဖြစ် ပဲလေ့စ်ကို ကိုင်တွယ်ခဲ့ပြီးနောက် ပထမဆုံးနိုင်ပွဲကိုတော့ လေးပွဲမြောက်မှာ ရရှိခဲ့ပါတယ်။

ကစားသမားဘဝမှာလည်း စပါးနဲ့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သလို နည်းပြဘဝရဲ့ ပထမဆုံးနိုင်ပွဲကလည်း စပါးကို ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဗီအဲရာအတွက် ထူးခြားကောင်းမွန်တဲ့ အမှတ်တရတစ်ခုဖြစ်စေခဲ့မှာ သေချာပါတယ်။

အာဆင်နယ် ပရိသတ်တွေကတော့ သူတို့ကစားသမားဟောင်းကြီး ရဲ့ စွမ်းဆောင်နိုင်စွမ်း အပေါ် ဝမ်းသာအားရဖြစ်ကြပါတယ်။

လူမှုကွန်ရက် ပေါ်ကနေ ဗီအဲရာ အတွက် မျိုးစုံချီးကျူး ဂုဏ်ပြုကြပါတယ်။

ဗီအဲရာကတော့” နိုင်ပွဲရရှိဖို့ အတွက် ဘယ်လောက်အရေးကြီးတယ် ဆိုတာ ကျွန်တော်တို့ အားလုံးသိပါတယ်။

အသင်းသားတွေ အားလုံးကလည်း ဒီတစ်ပတ်ထဲမှာ အစွမ်းကုန် ကြိုးစားလေ့ကျင့်ထားကြတာပါ။ စပါးကို နိုင်ခဲ့တဲ့ပွဲက ပြီးပြည့်စုံခဲ့ပါတယ်။”

“လေထုကအစ ပွဲအရည်အသွေးအဆုံး ပြည့်စုံပါတယ်။

၃ မှတ်ရရှိတဲ့ အတွက် ကျွန်တော် အရမ်းကျေနပ်ပါတယ်။

အသင်းအကြောင်း နားလည်ဖို့၊ ကိုယ်ရောက်နေတဲ့ နေရာ အကြောင်းသိဖို့ ကျွန်တော့် အတွက် အရမ်းအရေးကြီးပါတယ်။

အခုကလပ်မှာရှိတဲ့ သူတွေအားလုံး ကောင်းကြပါတယ်”

“အကုန်လုံးက အသင်းကို တိုးတက်စေချင်ကြပါတယ်။

အဲဒါက ကျွန်တော့်အတွက် စိတ်အားရော၊ လူအားပါတက်စေပါတယ်။

အဲဒီခွန်အားနဲ့ပဲ ကျွန်တော်တို့ အားလုံး ရှေ့ဆက် အကောင်းဆုံး ကစားကြမှာပါ” လို့ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္ပရိသတ္​ေတြ ႏွစ္​ေထာင္းအားရျဖစ္ခဲ့တဲ့ ဗီအဲရာရဲ႕ ႏိုင္ပြဲရ ၀မ္းသာသံ

ၿပီးခဲ့တဲ့ ဩဂုတ္လအတြင္းက ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ သုံးပြဲကစား သုံးပြဲႏိုင္ၿပီး တစ္လတာ အေကာင္းဆုံးနည္းျပဆုကိုပါ ရရွိထားခဲ့တဲ့ နည္းျပ ႏူႏို ဆန္တိုရဲ႕ စပါးစ္အသင္းကေတာ့ လန္ဒန္ဒါဘီအျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဆဲလ္ဟာ့စ္ပါ့ခ္က ခရစၥတယ္လ္ပဲေလ့စ္နဲ႔ပြဲမွာ မ်က္ႏွာပ်က္ခဲ့ရၿပီး အာဆင္နယ္ဂႏၲဝင္နဲ႔ အသင္းေခါင္းေဆာင္ေဟာင္း ပက္ထရစ္ ဗီအဲရာဆီမွာ ဂိုးျပတ္ရႈံးနိမ့္သြားခဲ့ရပါတယ္။

ပဲေ့လစ္အတြက္ ဂိုးသြင္းၾကသူမ်ားက​ေတာ့ ဇာဟာ ၇၆ မိနစ္ (ပင္နယ္တီ)၊ အက္ဒ္ဝပ္ ၈၄ မိနစ္၊ ၉၀+၃ မိနစ္တို႔ ျဖစ္ပါတယ္။

ဗီအဲရာကေတာ့ ပရီးမီးယားလိဂ္နည္းျပအျဖစ္ ပဲေလ့စ္ကို ကိုင္တြယ္ခဲ့ၿပီးေနာက္ ပထမဆုံးႏိုင္ပြဲကိုေတာ့ ေလးပြဲေျမာက္မွာ ရရွိခဲ့ပါတယ္။ ကစားသမားဘဝမွာလည္း စပါးနဲ႔ ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့သလို နည္းျပဘဝရဲ႕ ပထမဆုံးႏိုင္ပြဲကလည္း စပါးကို ဂိုးျပတ္အႏိုင္ရခဲ့တာေၾကာင့္ ဗီအဲရာအတြက္ ထူးျခားေကာင္းမြန္တဲ့ အမွတ္တရတစ္ခုျဖစ္ေစခဲ့မွာ ေသခ်ာပါတယ္။

အာဆင္နယ္ ပရိသတ္​ေတြက​ေတာ့ သူတို႔ကစားသမား​ေဟာင္းႀကီး ရဲ႕ စြမ္း​​ေဆာင္ႏိုင္စြမ္း အ​ေပၚ ၀မ္းသာအားရျဖစ္ၾကပါတယ္။ လူမႈကြန္ရက္ ​ေပၚက​ေန ဗီအဲရာ အတြက္ မ်ိဳးစုံခ်ီးက်ဴး ဂုဏ္ျပဳၾကပါတယ္။

ဗီအဲရာက​ေတာ့” ႏိုင္ပြဲရရွိဖို႔ အတြက္ ဘယ္​ေလာက္အ​ေရးႀကီးတယ္ ဆိုတာ ကြၽန္​ေတာ္တို႔ အားလုံးသိပါတယ္။ အသင္းသား​ေတြ အားလုံးကလည္း ဒီတစ္ပတ္ထဲမွာ အစြမ္းကုန္ ႀကိဳးစား​ေလ့က်င့္ထားၾကတာပါ။ စပါးကို ႏိုင္ခဲ့တဲ့ပြဲက ၿပီးျပည့္စုံခဲ့ပါတယ္။”

“​ေလထုကအစ ပြဲအရည္အ​ေသြးအဆုံး ျပည့္စုံပါတယ္။ ၃ မွတ္ရရွိတဲ့ အတြက္ ကြၽန္​ေတာ္ အရမ္း​ေက်နပ္ပါတယ္။ အသင္းအ​ေၾကာင္း နားလည္ဖို႔၊ ကိုယ္​ေရာက္​​ေနတဲ့ ​ေနရာ အ​​ေၾကာင္းသိဖို႔ ကြၽန္​ေတာ့္ အတြက္ အရမ္းအ​ေရးႀကီးပါတယ္။ အခုကလပ္မွာရွိတဲ့ သူ​ေတြအားလုံး ​ေကာင္းၾကပါတယ္”

“အကုန္လုံးက အသင္းကို တိုးတက္​ေစခ်င္ၾကပါတယ္။ အဲဒါက ကြၽန္​ေတာ့္အတြက္ စိတ္အား​ေရာ၊ လူအားပါတက္​ေစပါတယ္။ အဲဒီခြန္အားနဲ႔ပဲ ကြၽန္​ေတာ္တို႔ အားလုံး ​ေရွ႕ဆက္ အ​ေကာင္းဆုံး ကစားၾကမွာပါ” လို႔​​ေျပာဆိုပါတယ္။