အာဆင်နယ်နဲ့ ဖုန်းမပြောဖို့ အေးဂျင့်ကို မှာထားတဲ့ ဗလာဟိုဗစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စီးရီးအေမှ ထိပ်တန်းဂိုးသွင်းရှင် ဗလာဟိုဗစ်ဟာ မကြာခင်မှာ ဖီအိုရင်တီးနားကို စွန့်ခွာဖို့ စီစဉ်ထားပြီဖြစ်ပေမယ့်လို့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ထံကို ပြောင်းရွှေ့ဖို့တော့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။

ဂန်းနားတွေဟာ ၂၁နှစ်သားကို ပေါင် ၆၈သန်းနဲ့ ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်လျက် ရှိနေပါတယ်။

ဒါပေမယ့် ဗလာဟိုဗစ်ဟာ ဖီအိုရင်တီးနားကို စွန့်ခွာချိန်မှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်း မရှိတာကြောင့်

လန်ဒန်ကလပ်က ဖုန်းခေါ်လာရင် မကိုင်ဖို့ပါ အေးဂျင့်ဖြစ်သူကို သတိပေးထားတယ်လို့ Di Marzio က ဖော်ပြသွားခဲ့ပါတယ်။

နည်းပြ အာတီတာက အူဘာမီယန်းနဲ့ လာကာဇက်တီတို့ဟာ သက်ကြီးပိုင်းအရွယ် ဖြစ်နေတာကြောင့် ဗလာဟိုဗစ်က အကောင်းဆုံး အစားထိုးမှုဖြစ်မယ်လို့ ယုံကြည်နေပါတယ်။

ဗလာဟိုဗစ်ဟာ ယခုနှစ်ရာသီ စီးရီးအေမှာ စပီဇီယာနဲ့ပွဲက ဟက်ထရစ် အပါအဝင် ၈ဂိုး သွင်းယူထားခဲ့ပါတယ်။

ဗလာဟိုဗစ်နဲ့ ဖီအိုရင်တီးနားတို့ကြား စာချုပ်က ဒီရာသီကုန်ရင် သက်တမ်းကုန်ပြီဖြစ်လို့ ဇန်နဝါရီမှာတင် အီတလီပြင်ပကလပ် တစ်သင်းက တရားဝင် ကမ်းလှမ်းခွင့်ရမှာဖြစ်ပါတယ်။

ဗလာဟိုဗစ်ကို ဒီနွေတုန်းက လန်ဒန်ကလပ် စပါးကလည်း ချိတ်ဆက်ခဲ့ပါသေးတယ်။

ကွန်တီ ရောက်လာပြီး နောက်မှာလည်း စပါးက ဗလာဟိုဗစ် ကို ပြန်ကြိုးစားမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

zawgyi

အာဆင္နယ္နဲ႔ ဖုန္းမေျပာဖို႔ ေအးဂ်င့္ကို မွာထားတဲ့ ဗလာဟိုဗစ္

စီးရီးေအမွ ထိပ္တန္းဂိုးသြင္းရွင္ ဗလာဟိုဗစ္ဟာ မၾကာခင္မွာ ဖီအိုရင္တီးနားကို စြန႔္ခြာဖို႔ စီစဥ္ထားၿပီျဖစ္ေပမယ့္လို႔ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္ထံကို ေျပာင္းေ႐ႊ႕ဖို႔ေတာ့ စိတ္မဝင္စားဘူးလို႔ သိရပါတယ္။

ဂန္းနားေတြဟာ ၂၁ႏွစ္သားကို ေပါင္ ၆၈သန္းနဲ႔ ေခၚယူႏိုင္ဖို႔ ထိပ္ဆုံးက ဦးေဆာင္လ်က္ ရွိေနပါတယ္။ဒါေပမယ့္ ဗလာဟိုဗစ္ဟာ ဖီအိုရင္တီးနားကို စြန႔္ခြာခ်ိန္မွာ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားျခင္း မရွိတာေၾကာင့္ လန္ဒန္ကလပ္က ဖုန္းေခၚလာရင္ မကိုင္ဖို႔ပါ ေအးဂ်င့္ျဖစ္သူကို သတိေပးထားတယ္လို႔ Di Marzio က ေဖာ္ျပသြားခဲ့ပါတယ္။နည္းျပ အာတီတာက အူဘာမီယန္းနဲ႔ လာကာဇက္တီတို႔ဟာ သက္ႀကီးပိုင္းအ႐ြယ္ ျဖစ္ေနတာေၾကာင့္ ဗလာဟိုဗစ္က အေကာင္းဆုံး အစားထိုးမႈျဖစ္မယ္လို႔ ယုံၾကည္ေနပါတယ္။

ဗလာဟိုဗစ္ဟာ ယခုႏွစ္ရာသီ စီးရီးေအမွာ စပီဇီယာနဲ႔ပြဲက ဟက္ထရစ္ အပါအဝင္ ၈ဂိုး သြင္းယူထားခဲ့ပါတယ္။ ဗလာဟိုဗစ္နဲ႔ ဖီအိုရင္တီးနားတို႔ၾကား စာခ်ဳပ္က ဒီရာသီကုန္ရင္ သက္တမ္းကုန္ၿပီျဖစ္လို႔ ဇန္နဝါရီမွာတင္ အီတလီျပင္ပကလပ္ တစ္သင္းက တရားဝင္ ကမ္းလွမ္းခြင့္ရမွာျဖစ္ပါတယ္။

ဗလာဟိုဗစ္ကို ဒီေႏြတုန္းက လန္ဒန္ကလပ္ စပါးကလည္း ခ်ိတ္ဆက္ခဲ့ပါေသးတယ္။ ကြန္တီ ေရာက္လာၿပီး ​ေနာက္မွာလည္း စပါးက ဗလာဟိုဗစ္ ကို ျပန္ႀကိဳးစားမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။