အာဆင်နယ်နဲ့ ချဲလ်ဆီးပွဲအပြင် အခြားပွဲတွေအတွက် မိုက်ကယ်အိုဝင်ရဲ့ခန့်မှန်းချက်များ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဒီတစ်ပတ်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ကြည့်ကောင်းမယ့်ပွဲစဉ်ဖြစ်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီ ရှိနေပါတယ်။ အဲဒီပွဲအပြင်အခြားပွဲစဉ်တွေကိုလည်း မိုက်ကယ်အိုဝင်ခန့်မှန်းပေးထားတာတွေရှိ ပါတယ်။သူဘယ်လိုခန့်မှန်းပေးထားလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

photo internet

-ချဲလ်ဆီး Vs အာဆင်နယ်

ချဲလ်ဆီးဟာ ပထမအကျော့တုန်းက အာဆင်နယ်ကို နောက်ကနေ လိုက်ကစားကာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ၁၀ မှတ် ကွာဟနေပြီး ဒီရာသီ လိဂ်ပြိုင်ပွဲမှာ သရေပွဲက ၁၁ ပွဲထိ ရှိထားခဲ့ပါတယ်။ အာတီတာရဲ့ အသင်းဟာ စတန်းဖို့ဒ်ဘရစ်မှာ အိမ်ရှင်ကို ကောင်းကောင်းခုခံကစားနိုင် မယ်ထင်ပါ တယ်။ အိုဝင်ကတော့ ချဲလ်ဆီးအသင်း 2 ဂိုး 1ဂိုးနဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ်။

photo internet

-ယူနိုက်တက် Vs ဘန်လေ
ယူနိုက်တက်ကတော့ပြီးခဲ့တဲ့ပွဲမှာ လီဗာပူးကိုမယှဉ်နိုင်ခဲ့ပါဘူး။ ဘန်လေကတော့ နောက်ဆုံး လိဂ်ပွဲစဉ် ၁၁ ပွဲရဲ့ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ယူနိုက်တက်အသင်းဘက်မှာဒဏ်ရာရကစားသမားတွေရှိပေမယ့် ဒီပွဲမှာတော့ ယူနိုက်တက်တို့ ဂိုးပြတ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ အိုဝင်ကတော့ ယူနိုက်တက် 3 ဂိုး၊ ဂိုးမရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

photo internet

-လီဗာပူးVs ဝုလ်ဗ်
ဝုလ်ဗ်အသင်း လီဗာပူးကိုနိုင်ဖို့မလွယ်ပါဘူး။ ခရစ်စမတ်ကာလက အန်ဖီးမှာ ဒီနှစ်သင်းတွေ့ဆုံ ခဲ့တဲ့ ပွဲစဉ်ဟာလည်း အကြိတ်အနယ် ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပွဲမှာလည်း လီဗာပူးရဲ့အရှိန်ကို ဝုလ်ဗ်တို့ တားဆီးလို့ရမှာမဟုတ်ပါဘူး။ လီဗာပူး 2 ဂိုး 1 ဂိုးနဲ့နိုင်မယ်လို့အိုဝင်က ခန့်မှန်းထားပါတယ်။

photo internet

-ရှက်ဖီး Vs မန်စီးတီး
မန်စီးတီးကတော့ ပဲလေ့စ် နဲ့ပွဲမှာ ရမှတ်တွေ ဆုံးရှုံးခဲ့ပြီး ပရီးမီးယားလိဂ် ဖလားကို ကာကွယ်မယ့်သူတို့ရဲ့ စိတ်ကူးတွေ မှုန်ရီလာခဲ့ပါပြီ။ ဒါပေမယ့် မန်စီးတီးတို့ ရှက်ဖီးကို ကောင်းကောင်းကိုင်တွယ်နိုင်မယ့် အနေအထားရှိပါသေးတယ်။ ရှက်ဖီးအနေနဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပေမယ့် မန်စီးတီးကို ယှဉ်မကစား နိုင်ဘူးလို့ အိုဝင်ကထင်ထားပါတယ်။ ရှက်ဖီးကို 3 ဂိုး 1 ဂိုးနဲ့ မန်စီးတီးနိုင်မယ်လို့ အိုဝင်က ခန့်မှန်းထားပါတယ်။

photo internet

-စပါး Vs နော့ဝှစ်
နော့ဝှစ်ဟာ စနေနေ့က ဘုန်းမောက်ကို အနိုင်ယူခဲ့ပြီး ဇယားအောက်ခြေက အသင်းတွေနဲ့ ရမှတ် မကွာသွားအောင် ထိန်းနိုင်ခဲ့ပါတယ်။ စပါးအသင်း နောက်ဆုံးလိဂ်ပွဲစဉ် ၆ ပွဲမှာ နိုင်ပွဲပျောက်နေခဲ့ပေမယ့် အခုပွဲမှာတော့ နိုင်သင့်တဲ့အနေအထားရှိပါတယ်။ အိုဝင်က စပါးအသင်းမနိုင်ရင် တော်တော်အံ့သြစရာပဲလို့မှတ်ချက်ပြုပါတယ်။ အိုဝင်ခန့်မှန်းချက်ကတော့ စပါးအသင်း 3 ဂိုး ၊ ဂိုးမရှိနဲ့နိုင်မယ်ဆိုပြီးတော့ပါ။ အိုဝင်ကအခြားပွဲစဉ်တွေဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ ဝက်ဖို့ဒ်ပွဲကို 2 ဂိုး၊ 1 ဂိုးနဲ့ ဝက်ဖို့ဒ်နိုင်မယ်လို့ခန့်မှန်းထားသလို၊ ဆောက်သမ်တန် နဲ့ ပဲလေ့စ်ပွဲကိုတော့ 1 ဂိုး၊ဂိုးမရှိနဲ့ ဆောက်သမ်တန် နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ လက်စတာနဲ့ ဝက်ဟမ်းပွဲမှာတော့ 3 ဂိုး 1 ဂိုးနဲ့ လက်စတာနိုင်မယ်လို့ ခန့်မှန်းထားကာ၊ အဲဗာတန်နဲ့ နယူးကာဆယ်ပွဲမှာတော့ အဲဗာတန် 2 ဂိုး၊ဂိုးမရှိနိုင်မယ်လို့ခန့်မှန်းထားပြီး၊ ဘုန်းမောက်နဲ့ ဘရိုက်တန်ပွဲကိုတော့ 1ဂိုး၊ 1ဂိုး နဲ့သရေကျမယ်လို့ခန့်မှန်းပေးထားပါတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)


-ချဲလ်ဆီး Vs အာဆင်နယ်

-ယူနိုက်တက် Vs ဘန်လေ
-လီဗာပူးVs ၀ုလ်ဗ်
-ရှက်ဖီး Vs မန်စီးတီး

-စပါး Vs နော့ဝှစ်