အာဆင်နယ်နည်းပြ ဖြစ်ချင်တဲ့ ဆိုးကင့်ဘဲ နှင့် အခြား သတင်းတိုများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဂျင်တီးနား အသင်းဟာ စက်တင်ဘာ အတွင်းမှာ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ အတွက် လူစာရင်း ကို ယမန်နေ့က ထုတ်ပြန်ခဲ့ပြီး မက်ဆီ ၊ လူတာရို မာတီနက် နဲ့ ဒိုင်ဘားလား တို့ တိုက်စစ်မှာ ပါဝင် လာခဲ့ကြပါတယ်။

အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ခံစစ်မှူးကြီး ဆိုးကင့်ဘဲ က သူ့အနေနဲ့ လက်ရှိ အာဆင်နယ် အသင်းရင်ဆိုင် နေရတဲ့ အဆင်မပြေမှုတွေ ၊ ရလဒ်မကောင်းမှုတွေကို ဖြေရှင်း နိုင်တဲ့ နည်းလမ်း ရှိပြီး

သူ့ကိုသာ အာဆင်နယ် နည်းပြ အဖြစ် တာဝန်ပေးအပ် ပါက အဆိုပါ ပြဿနာတွေကို ဖြေရှင်း နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆို သွားခဲ့ ပါတယ်။

ဆိုးကင့်ဘဲ ဟာ အသင်းကြီးတွေကို နည်းပြအဖြစ် မကိုင်တွယ် ဖူးသေးဘဲ အင်္ဂလိပ် အောက်တန်း လိဂ်အသင်းတွေ ဖြစ်တဲ့ မက်ကလပ်စ်ဖီးလ် နဲ့ ဆောက်အန့် ယူနိုက်တက် အသင်းတွေကိုသာ ကိုင်တွယ်ဖူး သေးသူ ဖြစ်ပါတယ်။

ဝက်ဟမ်းအသင်းဟာ လက်စတာကို ၄-၁ ဖြင့် ဂိုးပြတ် အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါပြီ။

ဝက်ဟမ်းအတွက် သွင်းဂိုးတွေကို ဖော်နယ်၊ ဘန်ရာမာနဲ့ အန်တိုနီယို (၂ ဂိုး) တို့က သွင်းယူပါတယ်။

လက်စတာအတွက် တစ်လုံးတည်းသော ခြေပဂိုးကိုတော့ ကွင်းလယ်လူ တိုင်လီမန်းစ်က သွင်းယူခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ လုပ်ခမြင့် ကစားသမားတစ်ဦးဖြစ်သူ တိုက်စစ်သမား ဝီလီယမ်ဟာ ဒီနွေမှာတင် အလွတ်ဖြင့် ဘရာဇီးကို ပြန်ဖို့ စီစဉ်မှုတွေ ရှိလာနေပြီဖြစ်ပါတယ်။

တစ်ရာသီအငှားစာချုပ်ဖြင့် ယူနိုက်တက်နောက်ခံလူ ဝီလီယံက နှောဝှစ်အသင်းသို့ပြောင်းရွှေ့ခဲ့ပြီးဖြစ်ပါတယ်။

ဝီလီယံဟာ နှောဝှစ်၌ကျောနံပါတ်(21) ကိုဝတ်ဆင်မှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္နည္းျပ ျဖစ္ခ်င္တဲ့ ဆိုးကင့္ဘဲ ႏွင့္ အျခား သတင္းတိုမ်ား

အာဂ်င္တီးနား အသင္းဟာ စက္တင္ဘာ အတြင္းမွာ ကစားမယ့္ ကမာၻ႔ဖလား ေျခစစ္ပြဲစဥ္ေတြ အတြက္ လူစာရင္း ကို ယမန္ေန႔က ထုတ္ျပန္ခဲ့ၿပီး မက္ဆီ ၊ လူတာ႐ို မာတီနက္ နဲ႔ ဒိုင္ဘားလား တို႔ တိုက္စစ္မွာ ပါဝင္ လာခဲ့ၾကပါတယ္။

အာဆင္နယ္ အသင္းရဲ႕ ဂႏၲ၀င္ ခံစစ္မႉးႀကီး ဆိုးကင့္ဘဲ က သူ႔အေနနဲ႔ လက္ရွိ အာဆင္နယ္ အသင္းရင္ဆိုင္ ေနရတဲ့ အဆင္မေျပမႈေတြ ၊ ရလဒ္မေကာင္းမႈေတြကို ေျဖရွင္း ႏိုင္တဲ့ နည္းလမ္း ရွိၿပီး သူ႔ကိုသာ အာဆင္နယ္ နည္းျပ အျဖစ္ တာဝန္ေပးအပ္ ပါက အဆိုပါ ျပႆနာေတြကို ေျဖရွင္း ႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာဆို သြားခဲ့ ပါတယ္ ။

ဆိုးကင့္ဘဲ ဟာ အသင္းႀကီးေတြကို နည္းျပအျဖစ္ မကိုင္တြယ္ ဖူးေသးဘဲ အဂၤလိပ္ ေအာက္တန္း လိဂ္အသင္းေတြ ျဖစ္တဲ့ မက္ကလပ္စ္ဖီးလ္ နဲ႔ ေဆာက္အန႔္ ယူႏိုက္တက္ အသင္းေတြကိုသာ ကိုင္တြယ္ဖူး ေသးသူ ျဖစ္ပါတယ္ ။

ဝက္ဟမ္းအသင္းဟာ လက္စတာကို ၄-၁ ျဖင့္ ဂိုးျပတ္ အႏိုင္ယူၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ေနပါၿပီ။ ဝက္ဟမ္းအတြက္ သြင္းဂိုးေတြကို ေဖာ္နယ္၊ ဘန္ရာမာနဲ႔ အန္တိုနီယို (၂ ဂိုး) တို႔က သြင္းယူပါတယ္။ လက္စတာအတြက္ တစ္လုံးတည္းေသာ ေျခပဂိုးကိုေတာ့ ကြင္းလယ္လူ တိုင္လီမန္းစ္က သြင္းယူခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕ လုပ္ချမင့္ ကစားသမားတစ္ဦးျဖစ္သူ တိုက္စစ္သမား ဝီလီယမ္ဟာ ဒီေႏြမွာတင္ အလြတ္ျဖင့္ ဘရာဇီးကို ျပန္ဖို႔ စီစဥ္မႈေတြ ရွိလာေနၿပီျဖစ္ပါတယ္။

တစ္ရာသီအငွားစာခ်ဳပ္ျဖင့္ ယူႏိုက္တက္ေနာက္ခံလူ ဝီလီယံက ေႏွာဝွစ္အသင္းသို႔ေျပာင္းေ႐ႊ႕ခဲ့ၿပီးျဖစ္ပါတယ္။ ဝီလီယံဟာ ေႏွာဝွစ္၌ေက်ာနံပါတ္(21) ကိုဝတ္ဆင္မွာ ျဖစ္ပါတယ္။