အာဆင်နယ်နည်းပြသစ်အဖြစ် အန်ဆလော့တီထက် အာတီတာ ဖြစ်လာတာကို မော်ရင်ညို နားမလည်နိုင်ဖြစ်နေ

Photo Credit

Photo Credit

စပါးအသင်းနည်းပြ မော်ရင်ညိုဟာ မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းက နည်းပြသစ်အဖြစ် အာတီတာကို ခန့်အပ်လိုက်ခြင်းအပေါ် ထိုးနှက်သွားခဲ့ပြီး ကလပ်တွေဟာ အခုချိန်မှာ နည်းပြလောင်းတွေထဲက နိုင်ပွဲပိုများသူထက် ရှုံးပွဲမရှိသေးသူကို ရွေးချယ်စဉ်းစားလာကြောင်း ဆိုပါတယ်။

Photo Credit

မော်ရင်ညိုကိုယ်တိုင်လည်း အမ်မရီ ရာထူးကနေ ထုတ်ပယ်မခံရခင်အချိန်ကတည်းက အာဆင်နယ်နည်းပြဖြစ်ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် သူကတော့ စပါးအသင်းနည်းပြရာထူးကနေ မထင်မှတ်ဘဲ ထုတ်ပယ်ခံခဲ့ရတဲ့ ပိုချက်တီနိုရဲ့နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရပါတယ်။

Photo Credit

အာဆင်နယ်ကတော့ နည်းပြလောကမှာ အောင်မြင်မှုအများအပြားရရှိထားတဲ့ အန်ဆလော့တီအစား နည်းပြချုပ်အတွေ့အကြုံလုံးဝမရှိတဲ့ အသင်းခေါင်းဆောင်ဟောင်း အာတီတာကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ရာ မော်ရင်ညိုလည်း အာဆင်နယ်ရဲ့ဆုံးဖြတ်ချက်အပေါ် နားမလည်နိုင်ဖြစ်မိနေတာပါ။

Photo Credit

”ဒီလိုအနေအထားမှာ ကျွန်တော်ရှာတွေ့တဲ့တစ်ခုတည်းသောဖြစ်နိုင်ခြေကတော့ နည်းနည်းရယ်စရာကောင်းပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဆိုရင် အကောင်းဆုံးနည်းပြတွေဆိုတာ နိုင်ပွဲပိုများတဲ့နည်းပြတွေပါ။ ဒါပေမဲ့ အခုကတော့ ရှုံးပွဲပိုနည်းတဲ့နည်းပြက အကောင်းဆုံးဖြစ်လာနေပါပြီ”

Photo Credit

”အန်ဆလော့တီဆိုရင် ချန်ပီယံလိဂ်ဖလား ၃ကြိမ်ရထားတယ်။ ပြီးတော့ အီတလီ၊ ပြင်သစ်နဲ့ အင်္ဂလန်မှာလည်း အမှတ်ပေးချန်ပီယံတွေဖြစ်ခဲ့တယ်။ ပြည်တွင်းဖလားတွေလည်း အများကြီးရထားတာပဲ။ ဒါပေမဲ့ သူလည်း ရှုံးပွဲတွေတော့ ရှိတာပေါ့။ ပွဲ ၂၀၀ လားဆိုတာတော့ ကျွန်တော်လည်း မသိဘူး”

Photo Credit

”ကျွန်တော်ဆို ပွဲ ၁၅၀ ကနေ ၁၈၀ ကြားလောက် ရှုံးထားတယ်။ အန်ဆလော့တီက ကျွန်တော့်ထက် အသက်နည်းနည်းပိုကြီးပါတယ်။ အခု ကျွန်တော် စဉ်းစားမိတာက ကိုယ်ပွဲတွေ ဘယ်လောက်အနိုင်ရခဲ့တဲ့ဆိုတာက အရေးမကြီးတော့ဘူး။ ပွဲတွေမရှုံးတာက အဓိကအချက်ဖြစ်လာပါတယ်။ ဒီတော့ ဖြစ်နိုင်ခြေများတာက အကောင်းဆုံးနည်းပြဆိုတာ ရှုံးပွဲလုံးဝမရှိတဲ့နည်းပြဖြစ်လာတာပါ”လို့ မော်ရင်ညိုက ပြောပါတယ်။

Photo Credit

Zawgyi

အာဆင္နယ္နည္းျပသစ္အျဖစ္ အန္ဆေလာ့တီထက္ အာတီတာ ျဖစ္လာတာကို ေမာ္ရင္ညိဳ နားမလည္ႏိုင္ျဖစ္ေန

စပါးအသင္းနည္းျပ ေမာ္ရင္ညိဳဟာ ၿမိဳ႕ခံၿပိဳင္ဘက္ အာဆင္နယ္အသင္းက နည္းျပသစ္အျဖစ္ အာတီတာကို ခန္႔အပ္လုိက္ျခင္းအေပၚ ထိုးႏွက္သြားခဲ့ၿပီး ကလပ္ေတြဟာ အခုခ်ိန္မွာ နည္းျပေလာင္းေတြထဲက ႏိုင္ပဲြပိုမ်ားသူထက္ ႐ံႈးပြဲမရွိေသးသူကို ေရြးခ်ယ္စဥ္းစားလာေၾကာင္း ဆုိပါတယ္။
ေမာ္ရင္ညိဳကုိယ္တိုင္လည္း အမ္မရီ ရာထူးကေန ထုတ္ပယ္မခံရခင္အခ်ိန္ကတည္းက အာဆင္နယ္နည္းျပျဖစ္ဖို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ သူကေတာ့ စပါးအသင္းနည္းျပရာထူးကေန မထင္မွတ္ဘဲ ထုတ္ပယ္ခံခဲ့ရတဲ့ ပိုခ်က္တီႏိုရဲ႕ေနရာမွာ အစားထုိးခန္႔အပ္ခံခဲ့ရပါတယ္။
အာဆင္နယ္ကေတာ့ နည္းျပေလာကမွာ ေအာင္ျမင္မႈအမ်ားအျပားရရွိထားတဲ့ အန္ဆေလာ့တီအစား နည္းျပခ်ဳပ္အေတြ႕အႀကံဳလုံး၀မရွိတဲ့ အသင္းေခါင္းေဆာင္ေဟာင္း အာတီတာကို နည္းျပသစ္အျဖစ္ ခန္႔အပ္လုိက္ရာ ေမာ္ရင္ညိဳလည္း အာဆင္နယ္ရဲ႕ဆုံးျဖတ္ခ်က္အေပၚ နားမလည္ႏိုင္ျဖစ္မိေနတာပါ။
”ဒီလုိအေနအထားမွာ ကၽြန္ေတာ္ရွာေတြ႕တဲ့တစ္ခုတည္းေသာျဖစ္ႏိုင္ေျခကေတာ့ နည္းနည္းရယ္စရာေကာင္းပါတယ္။ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ကဆုိရင္ အေကာင္းဆုံးနည္းျပေတြဆုိတာ ႏိုင္ပြဲပိုမ်ားတဲ့နည္းျပေတြပါ။ ဒါေပမဲ့ အခုကေတာ့ ႐ံႈးပြဲပိုနည္းတဲ့နည္းျပက အေကာင္းဆုံးျဖစ္လာေနပါၿပီ”
”အန္ဆေလာ့တီဆုိရင္ ခ်န္ပီယံလိဂ္ဖလား ၃ႀကိမ္ရထားတယ္။ ၿပီးေတာ့ အီတလီ၊ ျပင္သစ္နဲ႔ အဂၤလန္မွာလည္း အမွတ္ေပးခ်န္ပီယံေတြျဖစ္ခဲ့တယ္။ ျပည္တြင္းဖလားေတြလည္း အမ်ားႀကီးရထားတာပဲ။ ဒါေပမဲ့ သူလည္း ႐ံႈးပဲြေတြေတာ့ ရွိတာေပါ့။ ပြဲ ၂၀၀ လားဆုိတာေတာ့ ကၽြန္ေတာ္လည္း မသိဘူး”
”ကၽြန္ေတာ္ဆို ပြဲ ၁၅၀ ကေန ၁၈၀ ၾကားေလာက္ ႐ံႈးထားတယ္။ အန္ဆေလာ့တီက ကၽြန္ေတာ့္ထက္ အသက္နည္းနည္းပိုႀကီးပါတယ္။ အခု ကၽြန္ေတာ္ စဥ္းစားမိတာက ကုိယ္ပြဲေတြ ဘယ္ေလာက္အႏိုင္ရခဲ့တဲ့ဆုိတာက အေရးမႀကီးေတာ့ဘူး။ ပဲြေတြမ႐ံႈးတာက အဓိကအခ်က္ျဖစ္လာပါတယ္။ ဒီေတာ့ ျဖစ္ႏိုင္ေျခမ်ားတာက အေကာင္းဆုံးနည္းျပဆုိတာ ႐ံႈးပြဲလုံး၀မရွိတဲ့နည္းျပျဖစ္လာတာပါ”လုိ႔ ေမာ္ရင္ညိဳက ေျပာပါတယ္။