အာဆင်နယ်နည်းပြရာထူးကနေ စောစောစီးစီးမထွက်ခဲ့တဲ့အတွက် နောင်တရမိတယ်လို့ အာစင်ဝင်းဂါးဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်ဂန္ထဝင်နည်းပြကြီးအာစင်ဝင်းဂါးက ၂၀၁၈ ခုနှစ်မတိုင်ခင်ကတည်းက အာဆင်နယ်အသင်းနဲ့စောစောစီးစီးလမ်းမခွဲခဲ့တဲ့အတွက် နောင်တရမိတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

အာစင်ဝင်းဂါးရဲ့ Arsene Wenger: Invincible လို့အမည်ရတဲ့ Documentary Film ကို အခုတစ်ပတ်အတွင်း ရုံတင်ပြသသွားမှာဖြစ်ပြီး

အဲဒီရုပ်ရှင်ထဲမှာ အာစင်ဝင်းဂါးက အာဆင်နယ်နည်းပြဘဝ(၂၂)နှစ်တာကာလနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်။

၁၉၉၆ ခုနှစ်မှာ အာဆင်နယ်အသင်းနည်းပြအဖြစ်စတင်ဆောင်ရွက်ခဲ့တဲ့ အာစင်ဝင်းဂါးဟာ အသင်းသမိုင်းတစ်လျှောက်အောင်မြင်မှုအများဆုံးရယူနိုင်ခဲ့တဲ့ နည်းပြအဖြစ်သတ်မှတ်ခံထားရပြီး

၂၀၀၃-၀၄ ရာသီ တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်နဲ့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာအပါအဝင် ပရီးမီးယားလိဂ်ဖလား(၃)ကြိမ်၊ FA ဖလား(၇)ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၀၃-၀၄ ရာသီနောက်ပိုင်းမှာတော့ အာဆင်နယ်အသင်းဟာ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ရင်ဆိုင်ဖြတ်သန်းခဲ့ရပြီး အာစင်ဝင်းဂါးရဲ့နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၁၇-၁၈ အထိ

(၂၀)ရာသီဆက်တိုက် ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်စွမ်းဆောင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုတော့ ထပ်ပြီးမရယူနိုင်ခဲ့ဘဲ

၂၀၁၇-၁၈ရာသီမှာ အသင်းပရိသတ်တွေက နည်းပြရာထူးကနေ အာစင်ဝင်းဂါးနုတ်ထွက်ဖို့အထိ တောင်းဆိုခဲ့တဲ့အဖြစ်ဆိုးနဲ့ရင်ဆိုင်ခဲ့တာပါ။

အသက်(၇၂)နှစ်အရွယ်ရှိပြီဖြစ်သူ အာစင်ဝင်းဂါးဟာ အရင်တုန်းက သူ့ရဲ့အာဆင်နယ်နည်းပြဘဝနောက်ဆုံးလပိုင်းတွေဟာ ‘ငရဲကျနေသလိုပဲ’လို့ဝန်ခံပြောဆိုခဲ့ဖူးပြီး

ဒင်းနစ်ဘားကမ့်အပါအဝင်အာဆင်နယ်ဂန္ထဝင်တချို့က အာစင်ဝင်းဂါးအနေနဲ့ ၂၀၁၈ ခုနှစ်မတိုင်ခင်ကတည်းက အသင်းနဲ့လမ်းခွဲသင့်တယ်လို့သုံးသပ်ပြောဆိုခဲ့ဖူးပါတယ်။

အခုအချိန်မှာတော့ အာစင်ဝင်းဂါးကိုယ်တိုင်က အသင်းမှာဆက်နေခဲ့တာက မှားယွင်းခဲ့တယ်လို့ လူသိရှင်ကြားဖွင့်ဟဝန်ခံလိုက်တာဖြစ်ပါတယ်။

အာစင်ဝင်းဂါးက “ကျွန်တော့်ရဲ့အမှားကတော့ အာဆင်နယ်အသင်းမှာ ဆက်နေဖို့ဆုံးဖြတ်ခဲ့တာပါပဲ။

ကျွန်တော့်ရဲ့အားနည်းချက်ကလည်း ကိုယ်နဲ့အဆင်ပြေတဲ့နေရာတစ်ခုကို သံယောဇဉ်ကြီးမားပြီး အဲဒီနေရာကနေ မထွက်သွားချင်တာဖြစ်ပါတယ်။

အဲဒီအတွက် နောင်တရမိပြီး ကျွန်တော်ဟာ တခြားကလပ်အသင်းတစ်သင်းဆီပြောင်းရွှေ့သင့်ခဲ့ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာ အာစင်ဝင်းဂါးရဲ့နည်းပြဘဝမတည်မငြိမ်စတင်ခဲ့တာက ၂၀၀၇ ခုနှစ်မှာ အသင်းဘုတ်အဖွဲ့ကနေ ဒေးဗစ်ဒိန်းနုတ်ထွက်ခဲ့ချိန်မှာဖြစ်ပြီး အဲဒီအချိန်ကတည်းက အာဆင်နယ်နဲ့လမ်းခွဲလိုက်ရမှာဆိုပြီးတော့ အာစင်ဝင်းဂါးက ဖွင့်ဟခဲ့ပါတယ်။

အာစင်ဝင်းဂါးက “၂၀၀၇ ခုနှစ်ဟာ ကျွန်တော့်အတွက် တစ်ခုခုဆုံးဖြတ်ရမယ့်အချိန်ဖြစ်လာခဲ့ပါတယ်။

ဘုတ်အဖွဲ့အတွင်းမှာ အက်ကွဲကြောင်းတွေများနေပြီး ကျွန်တော့်အတွက်လည်း အသင်းကိုပဲ သစ္စာခံရမလား၊ ဒေးဗစ်ဒိန်းကိုပဲ သစ္စာခံရမလားဆိုတာ ဝေခွဲမရခဲ့ပါဘူး။

ဒါပေမဲ့ အသင်းရဲ့စီမံကိန်းတွေကို အဆုံးအထိအကောင်အထည်ဖော်နိုင်အောင် ကြိုးစားမယ်လို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပေမယ့်

အဲဒီနောက်ပိုင်း အနေအထားက မတည်ငြိမ်မှုတွေများလာတာကြောင့် ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်က မှန်ခဲ့လားဆိုတာ အခုအချိန်အထိ ကျွန်တော်အဖြေရှာရခက်နေဆဲပါပဲ။

အဲဒီအချိန်ကတည်းက အာဆင်နယ်နဲ့လမ်းခွဲဖြစ်မယ်ဆိုရင် ပြင်သစ်အသင်းကိုပဲ ကိုင်မလား၊ အင်္ဂလန်အသင်း၊

ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ PSG ၊ မန်ချက်စတာယူနိုက်တက်အသင်းတွေမှာပဲ နည်းပြအဖြစ်ဆောင်ရွက်မလား ရွေးချယ်စရာတွေအများကြီးရှိခဲ့ပါတယ်”လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္နည္းျပရာထူးကေန ေစာေစာစီးစီးမထြက္ခဲ့တဲ့အတြက္ ေနာင္တရမိတယ္လို႔ အာစင္ဝင္းဂါးဝန္ခံ

အာဆင္နယ္ဂႏၴဝင္နည္းျပႀကီးအာစင္ဝင္းဂါးက ၂၀၁၈ ခုႏွစ္မတိုင္ခင္ကတည္းက အာဆင္နယ္အသင္းနဲ႔ေစာေစာစီးစီးလမ္းမခြဲခဲ့တဲ့အတြက္ ေနာင္တရမိတယ္လို႔ ဝန္ခံေျပာဆိုလိုက္ပါတယ္။ အာစင္ဝင္းဂါးရဲ႕ Arsene Wenger: Invincible လို႔အမည္ရတဲ့ Documentary Film ကို အခုတစ္ပတ္အတြင္း ႐ုံတင္ျပသသြားမွာျဖစ္ၿပီး အဲဒီ႐ုပ္ရွင္ထဲမွာ အာစင္ဝင္းဂါးက အာဆင္နယ္နည္းျပဘဝ(၂၂)ႏွစ္တာကာလနဲ႔ပတ္သက္တဲ့ အမွတ္တရေတြကို ဖြင့္ဟေျပာၾကားခဲ့တာျဖစ္ပါတယ္။ ၁၉၉၆ ခုႏွစ္မွာ အာဆင္နယ္အသင္းနည္းျပအျဖစ္စတင္ေဆာင္႐ြက္ခဲ့တဲ့ အာစင္ဝင္းဂါးဟာ အသင္းသမိုင္းတစ္ေလွ်ာက္ေအာင္ျမင္မႈအမ်ားဆုံးရယူႏိုင္ခဲ့တဲ့ နည္းျပအျဖစ္သတ္မွတ္ခံထားရၿပီး ၂၀၀၃-၀၄ ရာသီ တစ္ရာသီလုံးရႈံးပြဲမရွိစံခ်ိန္နဲ႔ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တာအပါအဝင္ ပရီးမီးယားလိဂ္ဖလား(၃)ႀကိမ္၊ FA ဖလား(၇)ႀကိမ္အထိ ရယူႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ ၂၀၀၃-၀၄ ရာသီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္အသင္းဟာ အနိမ့္အျမင့္၊ အတက္အက်ေတြနဲ႔ရင္ဆိုင္ျဖတ္သန္းခဲ့ရၿပီး အာစင္ဝင္းဂါးရဲ႕ေနာက္ဆုံးရာသီျဖစ္တဲ့ ၂၀၁၇-၁၈ အထိ (၂၀)ရာသီဆက္တိုက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္စြမ္းေဆာင္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုေတာ့ ထပ္ၿပီးမရယူႏိုင္ခဲ့ဘဲ ၂၀၁၇-၁၈ရာသီမွာ အသင္းပရိသတ္ေတြက နည္းျပရာထူးကေန အာစင္ဝင္းဂါးႏုတ္ထြက္ဖို႔အထိ ေတာင္းဆိုခဲ့တဲ့အျဖစ္ဆိုးနဲ႔ရင္ဆိုင္ခဲ့တာပါ။ အသက္(၇၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အာစင္ဝင္းဂါးဟာ အရင္တုန္းက သူ႔ရဲ႕အာဆင္နယ္နည္းျပဘဝေနာက္ဆုံးလပိုင္းေတြဟာ ‘ငရဲက်ေနသလိုပဲ’လို႔ဝန္ခံေျပာဆိုခဲ့ဖူးၿပီး ဒင္းနစ္ဘားကမ့္အပါအဝင္အာဆင္နယ္ဂႏၴဝင္တခ်ိဳ႕က အာစင္ဝင္းဂါးအေနနဲ႔ ၂၀၁၈ ခုႏွစ္မတိုင္ခင္ကတည္းက အသင္းနဲ႔လမ္းခြဲသင့္တယ္လို႔သုံးသပ္ေျပာဆိုခဲ့ဖူးပါတယ္။

အခုအခ်ိန္မွာေတာ့ အာစင္ဝင္းဂါးကိုယ္တိုင္က အသင္းမွာဆက္ေနခဲ့တာက မွားယြင္းခဲ့တယ္လို႔ လူသိရွင္ၾကားဖြင့္ဟဝန္ခံလိုက္တာျဖစ္ပါတယ္။ အာစင္ဝင္းဂါးက “ကြၽန္ေတာ့္ရဲ႕အမွားကေတာ့ အာဆင္နယ္အသင္းမွာ ဆက္ေနဖို႔ဆုံးျဖတ္ခဲ့တာပါပဲ။ ကြၽန္ေတာ့္ရဲ႕အားနည္းခ်က္ကလည္း ကိုယ္နဲ႔အဆင္ေျပတဲ့ေနရာတစ္ခုကို သံေယာဇဥ္ႀကီးမားၿပီး အဲဒီေနရာကေန မထြက္သြားခ်င္တာျဖစ္ပါတယ္။ အဲဒီအတြက္ ေနာင္တရမိၿပီး ကြၽန္ေတာ္ဟာ တျခားကလပ္အသင္းတစ္သင္းဆီေျပာင္းေ႐ႊ႕သင့္ခဲ့ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ အာဆင္နယ္အသင္းမွာ အာစင္ဝင္းဂါးရဲ႕နည္းျပဘဝမတည္မၿငိမ္စတင္ခဲ့တာက ၂၀၀၇ ခုႏွစ္မွာ အသင္းဘုတ္အဖြဲ႕ကေန ေဒးဗစ္ဒိန္းႏုတ္ထြက္ခဲ့ခ်ိန္မွာျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက အာဆင္နယ္နဲ႔လမ္းခြဲလိုက္ရမွာဆိုၿပီးေတာ့ အာစင္ဝင္းဂါးက ဖြင့္ဟခဲ့ပါတယ္။ အာစင္ဝင္းဂါးက “၂၀၀၇ ခုႏွစ္ဟာ ကြၽန္ေတာ့္အတြက္ တစ္ခုခုဆုံးျဖတ္ရမယ့္အခ်ိန္ျဖစ္လာခဲ့ပါတယ္။ ဘုတ္အဖြဲ႕အတြင္းမွာ အက္ကြဲေၾကာင္းေတြမ်ားေနၿပီး ကြၽန္ေတာ့္အတြက္လည္း အသင္းကိုပဲ သစၥာခံရမလား၊ ေဒးဗစ္ဒိန္းကိုပဲ သစၥာခံရမလားဆိုတာ ေဝခြဲမရခဲ့ပါဘူး။ ဒါေပမဲ့ အသင္းရဲ႕စီမံကိန္းေတြကို အဆုံးအထိအေကာင္အထည္ေဖာ္ႏိုင္ေအာင္ ႀကိဳးစားမယ္လို႔ ကြၽန္ေတာ္ဆုံးျဖတ္ခဲ့ေပမယ့္ အဲဒီေနာက္ပိုင္း အေနအထားက မတည္ၿငိမ္မႈေတြမ်ားလာတာေၾကာင့္ ကြၽန္ေတာ့္ရဲ႕ဆုံးျဖတ္ခ်က္က မွန္ခဲ့လားဆိုတာ အခုအခ်ိန္အထိ ကြၽန္ေတာ္အေျဖရွာရခက္ေနဆဲပါပဲ။ အဲဒီအခ်ိန္ကတည္းက အာဆင္နယ္နဲ႔လမ္းခြဲျဖစ္မယ္ဆိုရင္ ျပင္သစ္အသင္းကိုပဲ ကိုင္မလား၊ အဂၤလန္အသင္း၊ ရီးယဲလ္၊ ဂ်ဴဗင္တပ္စ္၊ PSG ၊ မန္ခ်က္စတာယူႏိုက္တက္အသင္းေတြမွာပဲ နည္းျပအျဖစ္ေဆာင္႐ြက္မလား ေ႐ြးခ်ယ္စရာေတြအမ်ားႀကီးရွိခဲ့ပါတယ္”လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။