အာဆင်နယ်တစ်ယောက်ဖြစ်လို့ ပရီးမီးယားလိဂ်က ကမ်းလှမ်းမှုတွေကို ငြင်းခဲ့တာလို့ ဝင်းဂါးဖွင့်ဟ

photo-REX

photo-gettyimages

အသင်းဟောင်းအာဆင်နယ်နဲ့အလွန်ကို အကြောင်းသင့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ထပ်မံနည်းပြနိုင်မယ့်ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ကြောင်း အာစင်ဝင်းဂါးက ဖွင့်ဟပြောကြားလိုက်ပါတယ်။ အဲဒီပြင်သစ်သားနည်းပြဟာ ၂၂ နှစ်ကြာကိုင်တွယ်ခဲ့တဲ့အာဆင်နယ်ကနေ ထွက်ခွာပြီးကတည်းက ကလပ်လက်မဲ့ဖြစ်နေခဲ့တာပါ။ သူဟာ အာဆင်နယ်မှာ ၁၉၉၆ ခုနှစ် စတင်တာဝန်ယူခဲ့ပြီး ပရီးမီးယားလိဂ် ၃ ကြိမ်နဲ့ အက်ဖ်အေဖလား ၇ ကြိမ်အောင်မြင်မှုရရှိခဲ့ပါတယ်။

photo-REX

အာဆင်နယ်နဲ့လမ်းခွဲပြီးကတည်းက အသင်းသစ်ရှာဖွေခဲ့ကြောင်း ၆၉ နှစ်အရွယ် ဝင်းဂါးက ပြောကြားခဲ့ကာ အသင်းပေါင်းများစွာနဲ့လည်း သတင်းထွက်ခဲ့တာပါ။ သူ့ရဲ့နောက်ထပ်အပြောင်းအရွှေ့အတွက် ဆုံးဖြတ်ရခြင်းမရှိသေးပေမယ့် ပရီးမီးယားလိဂ်ကလပ်တွေရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးဖြစ်ကြောင်း ဝင်းဂါးက ဝန်ခံထားပါတယ်။ ဒါဟာ အာဆင်နယ်ကိုချစ်လို့ဖြစ်ပြီး နောက်ထပ်အင်္ဂလိပ်အသင်းတစ်သင်းကို မကိုင်တွယ်နိုင်ဘူးလို့ ဆိုခဲ့တာပါ။

photo-gettyimages

”ကျွန်တော်ဟာ အာဆင်နယ်တစ်ယောက်ပါ။ ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်တာကြောင့် အလုပ်လုပ်တာကို မရပ်တန့်နိုင်ပါဘူး။ ပရီးမီးယားလိဂ်မှာ ထပ်မလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ အာဆင်နယ်နဲ့အရမ်းကို အကြောင်းသင့်ခဲ့တာပါ။ အင်္ဂလန်မှာ ထပ်အလုပ်လုပ်ဖို့ ကျွန်တော်အခွင့်အရေးတွေရခဲ့ပေမယ့် အဲဒါတွေကို ပယ်ချခဲ့ပါတယ်။ ဘယ်ကလပ်တွေလဲဆိုတာကိုတော့ ကျွန်တော်မပြောချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီကလပ်တွေမှာ ကိုင်တွယ်နေသူတွေရှိပြီး သူတို့အပေါ် မတရားရာကျမှာစိုးလို့ပါ”လို့ ဝင်းဂါးက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာပါ။

[Zawgyi]

အာဆင္နယ္တစ္ေယာက္ျဖစ္လို႔ ပရီးမီးယားလိဂ္က ကမ္းလွမ္းမႈေတြကို ျငင္းခဲ့တာလုိ႔ ၀င္းဂါးဖြင့္ဟ

အသင္းေဟာင္းအာဆင္နယ္နဲ႔အလြန္ကို အေၾကာင္းသင့္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္မွာ ထပ္မံနည္းျပႏိုင္မယ့္ကမ္းလွမ္းမႈေတြကို ပယ္ခ်ခဲ့ေၾကာင္း အာစင္၀င္းဂါးက ဖြင့္ဟေျပာၾကားလိုက္ပါတယ္။ အဲဒီျပင္သစ္သားနည္းျပဟာ ၂၂ ႏွစ္ၾကာကိုင္တြယ္ခဲ့တဲ့အာဆင္နယ္ကေန ထြက္ခြာၿပီးကတည္းက ကလပ္လက္မဲ့ျဖစ္ေနခဲ့တာပါ။ သူဟာ အာဆင္နယ္မွာ ၁၉၉၆ ခုႏွစ္ စတင္တာ၀န္ယူခဲ့ၿပီး ပရီးမီးယားလိဂ္ ၃ ႀကိမ္နဲ႔ အက္ဖ္ေအဖလား ၇ ႀကိမ္ေအာင္ျမင္မႈရရွိခဲ့ပါတယ္။

အာဆင္နယ္နဲ႔လမ္းခြဲၿပီးကတည္းက အသင္းသစ္ရွာေဖြခဲ့ေၾကာင္း ၆၉ ႏွစ္အရြယ္ ၀င္းဂါးက ေျပာၾကားခဲ့ကာ အသင္းေပါင္းမ်ားစြာနဲ႔လည္း သတင္းထြက္ခဲ့တာပါ။ သူ႔ရဲ႕ေနာက္ထပ္အေျပာင္းအေရႊ႕အတြက္ ဆုံးျဖတ္ရျခင္းမရွိေသးေပမယ့္ ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕ကမ္းလွမး္မႈကို ပယ္ခ်ခဲ့ၿပီးျဖစ္ေၾကာင္း ၀င္းဂါးက ၀န္ခံထားပါတယ္။ ဒါဟာ အာဆင္နယ္ကိုခ်စ္လို႔ျဖစ္ၿပီး ေနာက္ထပ္အဂၤလိပ္အသင္းတစ္သင္းကို မကိုင္တြယ္ႏိုင္ဘူးလို႔ ဆိုခဲ့တာပါ။

”ကၽြန္ေတာ္ဟာ အာဆင္နယ္တစ္ေယာက္ပါ။ ပေရာ္ဖက္ရွင္နယ္တစ္ေယာက္ျဖစ္တာေၾကာင့္ အလုပ္လုပ္တာကို မရပ္တန္႔ႏိုင္ပါဘူး။ ပရီးမီးယားလိဂ္မွာ ထပ္မလုပ္ဖို႔ ဆံုးျဖတ္ထားပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္ဟာ အာဆင္နယ္နဲ႔အရမ္းကို အေၾကာင္းသင့္ခဲ့တာပါ။ အဂၤလန္မွာ ထပ္အလုပ္လုပ္ဖို႔ ကၽြန္ေတာ္အခြင့္အေရးေတြရခဲ့ေပမယ့္ အဲဒါေတြကို ပယ္ခ်ခဲ့ပါတယ္။ ဘယ္ကလပ္ေတြလဲဆုိတာကိုေတာ့ ကၽြန္ေတာ္မေျပာခ်င္ပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ အဲဒီကလပ္ေတြမွာ ကိုင္တြယ္ေနသူေတြရွိၿပီး သူတုိ႔အေပၚ မတရားရာက်မွာစုိးလုိ႔ပါ”လို႔ ၀င္းဂါးက အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားခဲ့တာပါ။