အာဆင်နယ်က လေးစားမှုမရှိတဲ့ အသင်းဆိုပြီး ရာနီရေးနီ ဝေဖန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရာနီရေးနီက အာဆင်နယ်အသင်းဟာ လေးစားမှု မရှိဘူးဆိုပြီး နည်းပြ အာတီတာကို ပြောခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အဆိုပါပွဲစဉ်မှာ ဝက်ဖို့ဒ်ကို ဒုတိယပိုင်း စမစ်ရိုရဲ့ သွင်းဂိုးနဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမဲ့ အဆိုပါ သွင်းဂိုးမှာ အာဆင်နယ် ကစားသမားတွေက ပရော်ဖက်ရှင်နယ် မဆန်ခဲ့ဘူးဆိုပြီး ရာနီရေးနီက စွပ်စွဲခဲ့ပါတယ်။

ဝက်ဖို့ဒ်ကစားသမား၁ဦး လဲကျနေခဲ့စဉ် ပွဲရပ်မယ်ထင်ခဲ့ပေမဲ့ အာဆင်နယ်က ဆက်ကစားကာ ဂိုးပါသွင်းယူသွားခဲ့တဲ့အတွက် အီတလီသားက ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ သွင်းဂိုး မသွင်းယူနိုင်သေးခင် မိနစ်ပိုင်းမှာပဲ ဝက်ဖိုဒ့်ကွင်းလယ်လူ အိုဇန်တူဖန် ဒဏ်ရာရသွားခဲ့လို့ ဆေးကုသမှု ခံယူဖို့အတွက်

ဘောလုံးကို ကွင်းဘေးစည်းဆီ ကန်ထုတ်ခဲ့ပေမယ့် အာဆင်နယ်ဘက်က ဒါကို ဝက်ဖိုဒ့်အသင်းဆီ ဘောလုံးပြန်မပေးခဲ့ပဲ

ဝက်ဖိုဒ့်ကွင်းဘက်မှာ ဆက်လက်တိုက်စစ်ဆင်ရင်းနဲ့ ဂိုးပါ ရရှိသွားခဲ့တာဖြစ်ကြောင်းနဲ့ အာဆင်နယ်အသင်းက ပြိုင်ဘက်အသင်းအပေါ်

လေးစားမှုကင်းမဲ့ကြောင်းကို ပွဲအပြီး နည်းပြချင်း နှုတ်ဆက်ရာမှာ ရာနီရေးနီက အာဆင်နယ်နည်းပြ အာတီတာကို အသိပေး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ သွင်းဂိုးဖြစ်စဉ်မှာ အာဆင်နယ်ကစားသမား မီလန်းနိုင်းစ်က ဝက်ဖိုဒ့်တောင်ပံကစားသမား အစ္စမိုင်လာဆားဆီကို ဘောလုံးရယူဖို့ ကြိုးပမ်းခဲ့ရာမှာလည်း ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ပါ ရာနီရေးနီက စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။

ဒါပေမယ့် ရာနီရေးနီက သူနဲ့ အာတီတာတို့ကြားမှာတော့ ဘာပြဿနာမှ ရှိမနေကြောင်း ပြောပါတယ်။

အာတီတာကလည်း သူ့အသင်းသားတွေအနေနဲ့ ဒီကိစ္စကို သတိမပြုလိုက်မိတာပဲ ဖြစ်နိုင်ကြောင်း ရာနီရေးနီဘက်က သူတို့အသင်းကို လေးစားမှုမရှိတဲ့ အသင်းလို့ ထင်မြင်မယ်ဆိုရင်လည်း တောင်းပန်လိုပါကြောင်း ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၄ပွဲဆက်နိုင်ထားပြီဖြစ်ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ပွဲဆက် ရှုံးပွဲမရှိခဲ့ပါဘူး။

နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ အာဆင်နယ်ဟာ လီဗာပူးနဲ့ နိုဝင်ဘာ၂၀မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္က ေလးစားမႈမရွိတဲ့ အသင္းဆိုၿပီး ရာနီေရးနီ ေဝဖန္

ရာနီေရးနီက အာဆင္နယ္အသင္းဟာ ေလးစားမႈ မရွိဘူးဆိုၿပီး နည္းျပ အာတီတာကို ေျပာခဲ့ေၾကာင္း ဖြင့္ဟလာခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ အဆိုပါပြဲစဥ္မွာ ဝက္ဖို႔ဒ္ကို ဒုတိယပိုင္း စမစ္႐ိုရဲ႕ သြင္းဂိုးနဲ႔အတူ အႏိုင္ရရွိခဲ့ပါတယ္။

ဒါေပမဲ့ အဆိုပါ သြင္းဂိုးမွာ အာဆင္နယ္ ကစားသမားေတြက ပေရာ္ဖက္ရွင္နယ္ မဆန္ခဲ့ဘူးဆိုၿပီး ရာနီေရးနီက စြပ္စြဲခဲ့ပါတယ္။ ဝက္ဖို႔ဒ္ကစားသမား၁ဦး လဲက်ေနခဲ့စဥ္ ပြဲရပ္မယ္ထင္ခဲ့ေပမဲ့ အာဆင္နယ္က ဆက္ကစားကာ ဂိုးပါသြင္းယူသြားခဲ့တဲ့အတြက္ အီတလီသားက ေဝဖန္ခဲ့တာလည္း ျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ သြင္းဂိုး မသြင္းယူႏိုင္ေသးခင္ မိနစ္ပိုင္းမွာပဲ ဝက္ဖိုဒ့္ကြင္းလယ္လူ အိုဇန္တူဖန္ ဒဏ္ရာရသြားခဲ့လို႔ ေဆးကုသမႈ ခံယူဖို႔အတြက္ ေဘာလုံးကို ကြင္းေဘးစည္းဆီ ကန္ထုတ္ခဲ့ေပမယ့္ အာဆင္နယ္ဘက္က ဒါကို ဝက္ဖိုဒ့္အသင္းဆီ ေဘာလုံးျပန္မေပးခဲ့ပဲ ဝက္ဖိုဒ့္ကြင္းဘက္မွာ ဆက္လက္တိုက္စစ္ဆင္ရင္းနဲ႔ ဂိုးပါ ရရွိသြားခဲ့တာျဖစ္ေၾကာင္းနဲ႔ အာဆင္နယ္အသင္းက ၿပိဳင္ဘက္အသင္းအေပၚ ေလးစားမႈကင္းမဲ့ေၾကာင္းကို ပြဲအၿပီး နည္းျပခ်င္း ႏႈတ္ဆက္ရာမွာ ရာနီေရးနီက အာဆင္နယ္နည္းျပ အာတီတာကို အသိေပး ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အာဆင္နယ္အသင္းရဲ႕ သြင္းဂိုးျဖစ္စဥ္မွာ အာဆင္နယ္ကစားသမား မီလန္းႏိုင္းစ္က ဝက္ဖိုဒ့္ေတာင္ပံကစားသမား အစၥမိုင္လာဆားဆီကို ေဘာလုံးရယူဖို႔ ႀကိဳးပမ္းခဲ့ရာမွာလည္း ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္လို႔ပါ ရာနီေရးနီက စြပ္စြဲေျပာဆိုခဲ့ပါေသးတယ္။ ဒါေပမယ့္ ရာနီေရးနီက သူနဲ႔ အာတီတာတို႔ၾကားမွာေတာ့ ဘာျပႆနာမွ ရွိမေနေၾကာင္း ​ေျပာပါတယ္။

အာတီတာကလည္း သူ႔အသင္းသားေတြအေနနဲ႔ ဒီကိစၥကို သတိမျပဳလိုက္မိတာပဲ ျဖစ္ႏိုင္ေၾကာင္း ရာနီေရးနီဘက္က သူတို႔အသင္းကို ေလးစားမႈမရွိတဲ့ အသင္းလို႔ ထင္ျမင္မယ္ဆိုရင္လည္း ေတာင္းပန္လိုပါေၾကာင္း ျပန္လည္ေျဖရွင္းသြားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ၄ပြဲဆက္ႏိုင္ထားၿပီျဖစ္ၿပီး ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၁၀ပြဲဆက္ ရႈံးပြဲမရွိခဲ့ပါဘူး။ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီးမွာေတာ့ အာဆင္နယ္ဟာ လီဗာပူးနဲ႔ ႏိုဝင္ဘာ၂၀မွာ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။