အာဆင်နယ်က ကောင်းမွန်တဲ့ အခြေအနေမှာရှိတယ်လို့ သုံးသပ်တဲ့ ဘကြီးမှုန် အာစင်ဝင်းဂါး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ် အသင်းနည်းပြဟောင်း အာစင်ဝင်းဂါး က အသင်းဟာ အခုရာသီကို ဆိုးဆိုးရွားရွားစတင်ခဲ့ပေမယ့် ကောင်းမွန်တဲ့ အခြေအနေမှာရှိတယ်လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် အာဆင်နယ် အသင်းဟာ (၃)ပွဲဆက်အရှုံးကနေ ပြန်လာမှာဖြစ်တယ်လို့လည်း အာဆင်ဝင်းဂါးက ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ၆၇နှစ်တာကာလအတွင်းအဆိုးရွားဆုံးရာသီအစတာထွက်ခဲ့တာပါ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်(၃)ပွဲမှာ ဘရန်ဖိုဒ့်၊ ချယ်လ်ဆီးနဲ့ မန်စီးတီး အသင်းတို့ကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာအဲ ဒီ(၃)ပွဲမှာ ရဂိုးမရရှိခဲ့ဘဲ ပေးဂိုး(၉)ဂိုးအထိ ခွင့်ပြုခဲ့ရကာ အမှတ်ပေးဇယား အဆင့်(၂၀)နေရာမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

အာစင်ဝင်းဂါး က “ကလပ်အသင်းရဲ့အခြေအနေဟာ ကောင်းမွန်နေပါတယ်။

သူတို့မှာ ချယ်လ်ဆီးနဲ့ မန်စီးတီး တို့လို ရင်ဆိုင်ရခက်ခဲတဲ့ ပွဲစဉ်(၂)ပွဲရှိခဲ့ပါတယ်။

အသင်းက အလားအလာရှိပါတယ်။သူတို့ ပြန်လာနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။

အာဆင်နယ်ဟာပွဲကြပ်များဆက်တိုက်ရင်ဆိုင်ခဲ့ရတဲ့အပြင်အဓိကကစားသမားများဖြစ်တဲ့ပါတေးဒဏ်ရာရရှိနေမှုအူဘာမီယန်နှင့်လာကာဇက်တီတို့ကိုဗစ်ကူးစက်မှုများနှင့်ကြုံခဲ့ရပါတယ်။

အာစင်ဝင်းဂါးက “ကျွန်တော့်အသက်၇၁နှစ်ရှိပါပြီ။

ဒီကလပ်အတွက်ကျွန်တော့်ဘဝရဲ့အကောင်းဆုံးနှစ်တွေကိုပေးဆပ်ခဲ့ပြီးဖြစ်ပါတယ်။

အခုကျွန်တော်ကပရိသတ်တစ်ယောက်အနေနဲ့ပဲရှိပါတော့တယ်”လို့ ပြောပါတယ်။

အာဆင်နယ် အသင်းရလဒ်ဆိုးတွေကြုံတိုင်း အာစင်ဝင်းဂါး ကို အသင်းထံ ပြန်လာဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် သူကတော့ အသင်းကို ပြန်လာမယ့် အလားအလာတွေကို ငြင်းဆိုသွားခဲ့တာပါ။

အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ်များအပြီးတွင်နော့ဝှစ်ချ်အားအိမ်ကွင်းမှာဧည့်ခံကစားရပါမယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္က ေကာင္းမြန္တဲ့ အေျခအေနမွာရွိတယ္လို႔ သုံးသပ္တဲ့ ဘႀကီးမႈန္ အာစင္ဝင္းဂါး

အာဆင္နယ္ အသင္းနည္းျပေဟာင္း အာစင္ဝင္းဂါး က အသင္းဟာ အခုရာသီကို ဆိုးဆိုး႐ြား႐ြားစတင္ခဲ့ေပမယ့္ ေကာင္းမြန္တဲ့ အေျခအေနမွာရွိတယ္လို႔ ေျပာလိုက္ပါတယ္။ဒါ့အျပင္ အာဆင္နယ္ အသင္းဟာ (၃)ပြဲဆက္အရႈံးကေန ျပန္လာမွာျဖစ္တယ္လို႔လည္း အာဆင္ဝင္းဂါးက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ၆၇ႏွစ္တာကာလအတြင္းအဆိုး႐ြားဆုံးရာသီအစတာထြက္ခဲ့တာပါ။ အာဆင္နယ္ အသင္းဟာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္(၃)ပြဲမွာ ဘရန္ဖိုဒ့္၊ ခ်ယ္လ္ဆီးနဲ႔ မန္စီးတီး အသင္းတို႔ကို အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ အသင္းဟာအဲ ဒီ(၃)ပြဲမွာ ရဂိုးမရရွိခဲ့ဘဲ ေပးဂိုး(၉)ဂိုးအထိ ခြင့္ျပဳခဲ့ရကာ အမွတ္ေပးဇယား အဆင့္(၂၀)ေနရာမွာ ရပ္တည္ေနခဲ့တာျဖစ္ပါတယ္။

အာစင္ဝင္းဂါး က “ကလပ္အသင္းရဲ႕အေျခအေနဟာ ေကာင္းမြန္ေနပါတယ္။သူတို႔မွာ ခ်ယ္လ္ဆီးနဲ႔ မန္စီးတီး တို႔လို ရင္ဆိုင္ရခက္ခဲတဲ့ ပြဲစဥ္(၂)ပြဲရွိခဲ့ပါတယ္။အသင္းက အလားအလာရွိပါတယ္။သူတို႔ ျပန္လာႏိုင္မယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာပါတယ္။

အာဆင္နယ္ဟာပြဲၾကပ္မ်ားဆက္တိုက္ရင္ဆိုင္ခဲ့ရတဲ့အျပင္အဓိကကစားသမားမ်ားျဖစ္တဲ့ပါေတးဒဏ္ရာရရွိေနမႈအူဘာမီယန္ႏွင့္လာကာဇက္တီတို႔ကိုဗစ္ကူးစက္မႈမ်ားႏွင့္ႀကဳံခဲ့ရပါတယ္။

အာစင္ဝင္းဂါးက “ကြၽန္ေတာ့္အသက္၇၁ႏွစ္ရွိပါၿပီ။ဒီကလပ္အတြက္ကြၽန္ေတာ့္ဘဝရဲ႕အေကာင္းဆုံးႏွစ္ေတြကိုေပးဆပ္ခဲ့ၿပီးျဖစ္ပါတယ္။အခုကြၽန္ေတာ္ကပရိသတ္တစ္ေယာက္အေနနဲ႔ပဲရွိပါေတာ့တယ္”လို႔ ေျပာပါတယ္။အာဆင္နယ္ အသင္းရလဒ္ဆိုးေတြႀကဳံတိုင္း အာစင္ဝင္းဂါး ကို အသင္းထံ ျပန္လာဖို႔ ခ်ိတ္ဆက္မႈေတြရွိခဲ့ေပမယ့္ သူကေတာ့ အသင္းကို ျပန္လာမယ့္ အလားအလာေတြကို ျငင္းဆိုသြားခဲ့တာပါ။ အာဆင္နယ္ဟာ ႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးတြင္ေနာ့ဝွစ္ခ်္အားအိမ္ကြင္းမွာဧည့္ခံကစားရပါမယ္။