အာဆင်နယ်ကို အငှားစေလွှတ်ခံထားရပေမယ့် ရီးရဲလ်အိပ်မက်ကို မစွန့်လွှတ်သေးကြောင်း ဆီဘယ်လော့စ်ဖွင့်ဟ

Photo Credit

Photo Credit

ရီးရဲလ်ကွင်းလယ်လူ ဆီဘယ်လော့စ်က ပြီးခဲ့တဲ့နွေရာသီအတွင်း အာဆင်နယ်အသင်းထံ တစ်ရာသီအငှားစာချုပ်နဲ့ စေလွှတ်ခံခဲ့ရပေမယ့် ဘာနေဗျူးမှာရှိတဲ့သူ့ရဲ့အိပ်မက်ကို စွန့်လွှတ်မှာမဟုတ်ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

Photo Credit

စပိန်လက်ရွေးစ် ဆီဘယ်လော့စ်ဟာ ဘက်တစ်အသင်းနဲ့အတူ လာလီဂါရဲ့အလားအလာအကောင်းဆုံးလူငယ်ကစားသမားအဖြစ် ထင်ပေါ်လာပြီးနောက် ၂၀၁၇ ခုနှစ်မှာ ရီးရဲလ်ကို ပြောင်းရွှေ့လာခဲ့ပေမယ့် နည်းပြဇီဒန်းလက်ထက် ရီးရဲလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit

နည်းပြရာထူးကနေ ဇီဒန်းနုတ်ထွက်ခဲ့ပြီးနောက် ဆီဘယ်လော့စ်ဟာ လိုပက်တီဂူနဲ့ ဆိုလာရီတု့ိလက်ထက်မှာ ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့် မတ်လက နည်းပြအဖြစ် ဇီဒန်းပြန်ရောက်လာပြီးနောက် သူလည်း ပွဲထွက်ခွင့်ပြန်လည်ဆုံးရှုံးခဲ့ရပါတယ်။

Photo Credit ; Getty Images

အဲဒီနောက် သူဟာ အာဆင်နယ်အသင်းကို အငှားနဲ့ ရောက်ရှိလာရာ ခြေစွမ်းပြနိုင်မှုကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့အချစ်တော်ကစားသမားတစ်ဦးအဖြစ် လျင်မြန်စွာရပ်တည်နိုင်ပေမယ့် သူကတော့ ရေရှည်အနာဂတ်ကို ရီးရဲလ်မှာပဲ ဆက်လက်ဖြတ်သန်းနိုင်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

Photo Credit

”ပွဲကစားခွင့်မရချိန်မှာ ကျွန်တော်လည်း မပျော်ရွှင်ပါဘူး။ ရီးရဲလ်မှာ ကစားခဲ့တဲ့ ၂နှစ်တာကာလအတွင်း ကျွန်တော် အများကြီးလေ့လာသင်ယူနိုင်ခဲ့ပေမယ့် အခုတော့ ဘောလုံးကစားရတာကို ကျွန်တော် ပျော်ရွှင်နေပါပြီ။ ကျွန်တော့်အတွက်လည်း ဒီနှစ်က အရေးကြီးပါတယ်”

Photo Credit

”နည်းပြ(ဇီဒန်း)က ကျွန်တော်နဲ့ပတ်သက်လို့ သံသယတွေဝင်နေပါတယ်။ ပြီးတော့ ယူရို ၂၀၂၀ ပြိုင်ပွဲကလည်း ကျင်းပတော့မှာဖြစ်လို့ အခုလိုအငှားထွက်ကစားတာက ကျွန်တော့်အတွက် အချိန်ကောင်းဖြစ်ခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အမ်မရီက ကျွန်တော့်အပေါ် ယုံကြည်မှုအပြည့်ရှိသလို ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်ထားပါတယ်”

Photo Credit

”အာဆင်နယ်အသင်းကို အပြီးသတ်ပြောင်းရွှေ့ဖု့ိ တစ်ခါမစဉ်းစားခဲ့ဖူးပါဘူး။ ကျွန်တော့်ရဲ့ရည်မှန်းချက်က ရီးရဲလ်မှာ အောင်မြင်မှုရရှိရေးဖြစ်ပါတယ်။ ကျွန်တော့်အိပ်မက်တွေ ပြည့်ဝလာဖို့အတွက်လည်း တိုက်ပွဲဝင်ကြိုးစားသွားမှာပါ”လို့ ဆီဘယ်လော့စ်က ပြောပါတယ်။

Photo Credit ; Getty Images

Zawgyi

အာဆင္နယ္ကို အငွားေစလႊတ္ခံထားရေပမယ့္ ရီးရဲလ္အိပ္မက္ကို မစြန္႔လႊတ္ေသးေၾကာင္း ဆီဘယ္ေလာ့စ္ဖြင့္ဟ

ရီးရဲလ္ကြင္းလယ္လူ ဆီဘယ္ေလာ့စ္က ၿပီးခဲ့တဲ့ေႏြရာသီအတြင္း အာဆင္နယ္အသင္းထံ တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေစလႊတ္ခံခဲ့ရေပမယ့္ ဘာေနဗ်ဴးမွာရွိတဲ့သူ႕ရဲ႕အိပ္မက္ကို စြန္႔လႊတ္မွာမဟုတ္ေၾကာင္း အခိုင္အမာေျပာၾကားလုိက္ပါတယ္။
စပိန္လက္ေရြးစ္ ဆီဘယ္ေလာ့စ္ဟာ ဘက္တစ္အသင္းနဲ႔အတူ လာလီဂါရဲ႕အလားအလာအေကာင္းဆုံးလူငယ္ကစားသမားအျဖစ္ ထင္ေပၚလာၿပီးေနာက္ ၂၀၁၇ ခုႏွစ္မွာ ရီးရဲလ္ကို ေျပာင္းေရႊ႕လာခဲ့ေပမယ့္ နည္းျပဇီဒန္းလက္ထက္ ရီးရဲလ္အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။
နည္းျပရာထူးကေန ဇီဒန္းႏုတ္ထြက္ခဲ့ၿပီးေနာက္ ဆီဘယ္ေလာ့စ္ဟာ လုိပက္တီဂူနဲ႔ ဆုိလာရီတု႔ိလက္ထက္မွာ ပြဲထြက္ခြင့္ရရွိခဲ့ေပမယ့္ မတ္လက နည္းျပအျဖစ္ ဇီဒန္းျပန္ေရာက္လာၿပီးေနာက္ သူလည္း ပြဲထြက္ခြင့္ျပန္လည္ဆုံး႐ံႈးခဲ့ရပါတယ္။
အဲဒီေနာက္ သူဟာ အာဆင္နယ္အသင္းကို အငွားနဲ႔ ေရာက္ရွိလာရာ ေျခစြမ္းျပႏိုင္မႈေၾကာင့္ အာဆင္နယ္ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ကစားသမားတစ္ဦးအျဖစ္ လ်င္ျမန္စြာရပ္တည္ႏိုင္ေပမယ့္ သူကေတာ့ ေရရွည္အနာဂတ္ကို ရီးရဲလ္မွာပဲ ဆက္လက္ျဖတ္သန္းႏုိင္ဖို႔ ရည္မွန္းထားတာျဖစ္ပါတယ္။
”ပြဲကစားခြင့္မရခ်ိန္မွာ ကၽြန္ေတာ္လည္း မေပ်ာ္ရႊင္ပါဘူး။ ရီးရဲလ္မွာ ကစားခဲ့တဲ့ ၂ႏွစ္တာကာလအတြင္း ကၽြန္ေတာ္ အမ်ားႀကီးေလ့လာသင္ယူႏိုင္ခဲ့ေပမယ့္ အခုေတာ့ ေဘာလုံးကစားရတာကို ကၽြန္ေတာ္ ေပ်ာ္ရႊင္ေနပါၿပီ။ ကၽြန္ေတာ့္အတြက္လည္း ဒီႏွစ္က အေရးႀကီးပါတယ္”
”နည္းျပ(ဇီဒန္း)က ကၽြန္ေတာ္နဲ႔ပတ္သက္လုိ႔ သံသယေတြ၀င္ေနပါတယ္။ ၿပီးေတာ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပဲြကလည္း က်င္းပေတာ့မွာျဖစ္လုိ႔ အခုလိုအငွားထြက္ကစားတာက ကၽြန္ေတာ့္အတြက္ အခ်ိန္ေကာင္းျဖစ္ခဲ့ပါတယ္။ အာဆင္နယ္နည္းျပ အမ္မရီက ကၽြန္ေတာ့္အေပၚ ယုံၾကည္မႈအျပည့္ရွိသလုိ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ပါ၀င္ခြင့္ရဖို႔ ေမွ်ာ္လင့္ထားပါတယ္”
”အာဆင္နယ္အသင္းကို အၿပီးသတ္ေျပာင္းေရႊ႕ဖု႔ိ တစ္ခါမစဥ္းစားခဲ့ဖူးပါဘူး။ ကၽြန္ေတာ့္ရဲ႕ရည္မွန္းခ်က္က ရီးရဲလ္မွာ ေအာင္ျမင္မႈရရိွေရးျဖစ္ပါတယ္။ ကၽြန္ေတာ့္အိပ္မက္ေတြ ျပည့္၀လာဖို႔အတြက္လည္း တုိက္ပြဲ၀င္ႀကိဳးစားသြားမွာပါ”လုိ႔ ဆီဘယ္ေလာ့စ္က ေျပာပါတယ္။