အာဆင်နယ်ကို ဝယ်ယူချင်သူနဲ့ မရောင်းချင်တဲ့ ခရွန်ကီမိသားစု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နာမည်ကြီး အက်ပလီကေးရှင်း တစ်ခုဖြစ်တဲ့ Spotifyကို ပိုင်ဆိုင်တဲ့ ဘီလီယမ်နာ ဒန်နီရယ်အက်ဂ်က အာဆင်နယ်အသင်းကို ဝယ်ယူဖို့ အတွက် အဆင်သင့် ရှိနေကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။ အာဆင်နယ်အသင်းကို လက်ရှိမှာ အမေရိကန် သူဌေးမိသားစု ဖြစ်တဲ့ ခရွန်ကီမိသားစုက ပိုင်ဆိုင်တာဖြစ်ပါတယ်။

အခုတော့ ဥရောပစူပါလိဂ် ဂယက်နဲ့ အခြားအကြောင်းအရာတွေကြောင့်ပါ အာဆင်နယ် ပရိသတ်တွေက အသင်းပိုင်ရှင်မိသားစုကို မကျေမနပ်ဖြစ်ပြီး ဆန္ဒပြနေကြပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၀၀ခုနှစ်ဝန်းကျင်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်ခဲ့ပေမယ့် ခရွန်ကီမိသားစုက ပိုင်ဆိုင်ပြီးနောက် အသင်းရဲ့ အခြေအနေဟာ တစ်စထက်တစ်စ ဆိုးရွားလာခဲ့ကာ ပရီးမီးယားလိဂ်ဖလားကို မရရှိတာဟာ နှစ်ပေါင်း ၂၀နီးပါး ရှိလာခဲ့ပါပြီ။

Spotifyကို ပိုင်ဆိုင်တဲ့ ဘီလီယမ်နာ ဒန်နီရယ်အက်ဂ်ကငယ်စဉ်ကတည်းက အာဆင်နယ်အသင်းကို အားပေးခဲ့တာဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံနီးပါး ကြွယ်ဝချမ်းသာသူ ဖြစ်ပါတယ်။

ဒန်နီရယ်အက်ဂ်က “ကျွန်တော် မှတ်မိစအရွယ်ကတည်းက အာဆင်နယ်အသင်းကို အားပေးရင်း ကြီးပျင်းလာခဲ့တာပါ။ တကယ်လို့ ခရွန်ကီမိသားစုကသာ အာဆင်နယ်ကို ရောင်းချဖို့ ဆန္ဒရှိရင် ကျွန်တော်က ပျော်ပျော်ကြီး ဝယ်မှာပါ” လို့ သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။

တစ်ဖက်မှာ အာဆင်နယ်အသင်းရဲ့ ပိုင်ရှင် ခရွန်ကီမိသားစုကတော့ အသင်းကို ရောင်းချသွားမှာ မဟုတ်ကြောင်း အတည်ပြု ပြောဆိုထားပါတယ်။

အာဆင်နယ်အသင်းရဲ့ ပိုင်ရှင်ဖြစ်သူ ခရွန်ကီရဲ့သားဖြစ်သူ ဂျို့ရှ်ခရွန်ကီက “ကျွန်တော်တို့မိသားစုဟာ အာဆင်နယ်အသင်းကို ထိန်းသိမ်းစောင့်ရှောက်တဲ့ တာဝန်နဲ့ ထိုက်တန်တဲ့လူတွေလို့ကျွန်တော်ကတော့ အဲလို ထင်ပါတယ်။”

“အခုအချိန်မှာ အပြင်ဘက်က ဖိအားတချို့တော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ထဲက ပြင်ဆင်ထားတဲ့ နွေရာသီ အပြောင်းအရွှေ့ကိစ္စတွေရှိပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်က အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။”

“အခုအချိန်မှာ အခက်အခဲတွေရှိပေမယ့် အချိန်ကြာလာရင် အသင်းရဲ့ ပရိသတ်တွေနဲ့ ကျွန်တော်တို့ရဲ့ ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ကျွန်တော်တို့မှာ အသင်းကို ရောင်းချဖို့ ဆန္ဒမရှိပါဘူး” လို့ ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဆင္နယ္ကို ၀ယ္ယူခ်င္သူနဲ႔ မေရာင္းခ်င္တဲ့ ခရြန္ကီမိသားစု

နာမည္ႀကီး အက္ပလီေကးရွင္း တစ္ခုျဖစ္တဲ့ Spotifyကို ပိုင္ဆိုင္တဲ့ ဘီလီယမ္နာ ဒန္နီရယ္အက္ဂ္က အာဆင္နယ္အသင္းကို ဝယ္ယူဖို့ အတြက္ အဆင္သင့္ ရွိေနေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။ အာဆင္နယ္အသင္းကို လက္ရွိမွာ အေမရိကန္ သူေဌးမိသားစု ျဖစ္တဲ့ ခရြန္ကီမိသားစုက ပိုင္ဆိုင္တာျဖစ္ပါတယ္။

အခုေတာ့ ဥေရာပစူပါလိဂ္ ဂယက္နဲ႔ အျခားအေၾကာင္းအရာေတြေၾကာင့္ပါ အာဆင္နယ္ ပရိသတ္ေတြက အသင္းပိုင္ရွင္မိသားစုကို မေက်မနပ္ျဖစ္ၿပီး ဆႏၵျပေနၾကပါတယ္။ အာဆင္နယ္အသင္းဟာ ၂၀၀၀ခုႏွစ္ဝန္းက်င္မွာ ပရီးမီးယားလိဂ္ရဲ့ အေကာင္းဆုံး အသင္းေတြထဲက တစ္သင္း ျဖစ္ခဲ့ေပမယ့္ ခရြန္ကီမိသားစုက ပိုင္ဆိုင္ၿပီးေနာက္ အသင္းရဲ့ အေျခအေနဟာ တစ္စထက္တစ္စ ဆိုးရြားလာခဲ့ကာ ပရီးမီးယားလိဂ္ဖလားကို မရရွိတာဟာ ႏွစ္ေပါင္း ၂၀နီးပါး ရွိလာခဲ့ပါၿပီ။

Spotifyကို ပိုင္ဆိုင္တဲ့ ဘီလီယမ္နာ ဒန္နီရယ္အက္ဂ္ကငယ္စဥ္ကတည္းက အာဆင္နယ္အသင္းကို အားေပးခဲ့တာျဖစ္ၿပီး၊ အေမရိကန္ေဒၚလာ ၄.၇ ဘီလီယံနီးပါး ႂကြယ္ဝခ်မ္းသာသူ ျဖစ္ပါတယ္။

ဒန္နီရယ္အက္ဂ္က “ကၽြန္ေတာ္ မွတ္မိစအရြယ္ကတည္းက အာဆင္နယ္အသင္းကို အားေပးရင္း ႀကီးပ်င္းလာခဲ့တာပါ။ တကယ္လို့ ခရြန္ကီမိသားစုကသာ အာဆင္နယ္ကို ေရာင္းခ်ဖို့ ဆႏၵရွိရင္ ကၽြန္ေတာ္က ေပ်ာ္ေပ်ာ္ႀကီး ဝယ္မွာပါ” လို့ သူ႔ရဲ့ တြစ္တာအေကာင့္မွာ ေရးသားထားပါတယ္။

တစ္ဖက္မွာ အာဆင္နယ္အသင္းရဲ့ ပိုင္ရွင္ ခရြန္ကီမိသားစုကေတာ့ အသင္းကို ေရာင္းခ်သြားမွာ မဟုတ္ေၾကာင္း အတည္ျပဳ ေျပာဆိုထားပါတယ္။ အာဆင္နယ္အသင္းရဲ့ ပိုင္ရွင္ျဖစ္သူ ခရြန္ကီရဲ့သားျဖစ္သူ ဂ်ိဳ့ရွ္ခရြန္ကီက “ကၽြန္ေတာ္တို့မိသားစုဟာ အာဆင္နယ္အသင္းကို ထိန္းသိမ္းေစာင့္ေရွာက္တဲ့ တာဝန္နဲ႔ ထိုက္တန္တဲ့လူေတြလို့ကၽြန္ေတာ္ကေတာ့ အဲလို ထင္ပါတယ္။”

“အခုအခ်ိန္မွာ အျပင္ဘက္က ဖိအားတခ်ဳိ႕ေတာ့ ရိွပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို့မွာ လြန္ခဲ့တဲ့ ရက္သတၱပတ္ အနည္းငယ္ထဲက ျပင္ဆင္ထားတဲ့ ေႏြရာသီ အေျပာင္းအေရႊ႕ကိစၥေတြရိွပါတယ္။ အဲဒါေတြနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္က အရမ္းကို စိတ္လွုပ္ရွားေနပါတယ္။”

“အခုအခ်ိန္မွာ အခက္အခဲေတြရိွေပမယ့္ အခ်ိန္ၾကာလာရင္ အသင္းရဲ့ ပရိသတ္ေတြနဲ႔ ကၽြန္ေတာ္တို႔ရဲ့ ၾကားမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရးတစ္ခုကို တည္ေဆာက္နိုင္မယ္လို့ ေမၽွာ္လင့္ပါတယ္။ကၽြန္ေတာ္တို့မွာ အသင္းကို ေရာင္းခ်ဖို့ ဆႏၵမရွိပါဘူး” လို့ ေျပာထားပါတယ္။