အာဆင်နယ်ကစားသမားတွေ လေ့ကျင့်ခန်းပြန်ဆင်းနေပေမယ့် နည်းပြအာတီတာမပါဝင်

photo-bbc news

photo-bbc news

အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ အာဆင်နယ်ကစားသမားတွေလေ့ကျင့်ခန်းပြန်ဆင်းနေကြပြီဖြစ်ပေမယ့် နည်းပြအာတီတာတော့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။ ပထမအသင်းသားအများစု လေ့ကျင့်ခန်းပြန်ဆင်းနေကြတာဖြစ်ပေမယ့် အာဆင်နယ်ဟာ တင်းကြပ်တဲ့စည်းကမ်းသတ်မှတ်မှုတွေထားရှိထားပါတယ်။ social distancing နဲ့ကိုက်ညီဖို့ တစ်ဦးချင်းစီရဲ့ဘောလုံးလေ့ကျင့်ရာနေရာ၊ ကားထားရမယ့်နေရာ၊ ရောက်ရမယ့်အချိန်တို့ကို သတ်သတ်မှတ်မှတ်လုပ်ထားပါတယ်။

photo-sky news

ပင်မလေ့ကျင့်စင်တာကြီးကို ဖွင့်လှစ်ထားပေမယ့်လည်း ကာယလေ့ကျင့်ရုံ gym ၊ စားသောက်တန်းဖြစ်တဲ့ ကန်တင်းနဲ့ ရုံတွင်းလေ့ကျင့်စင်တာတို့ကိုတော့ ပိတ်ထားပါတယ်။ ပြန်လည်လေ့ကျင့်မှုမှာ ပါဝင်ခြင်းမရှိတဲ့နည်းပြအာတီဟာ ပြီးခဲ့တဲ့မတ်လတုန်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာဖြစ်ပြီး အဲဒီကနေတစ်ဆင့် မန်စီးတီးနဲ့ကစားရမယ့်ပွဲကို ရွှေ့ဆိုင်းခဲ့ရကာ အဲဒါကပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဆိုင်းငံ့ဖို့ ဖိအားဖြစ်စေခဲ့တာပါ။

photo-gettyimages

အာတီတာနဲ့ သူ့ပထမအသင်းနည်းပြအဖွဲ့ဝင်တွေဟာ လာရောက်လေ့ကျင့်ဖို့ထက် အိမ်မှာပဲဆက်ရှိနေဖို့ ရွေးချယ်ခဲ့ကြတာပါ။ အဲဒီစပိန်သားနည်းပြဟာလည်း အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကနေ သက်သာပျောက်ကင်းသွားပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ သူတို့ရဲ့လေ့ကျင့်ရေးကွင်းကို ပြန်ဖွင့်တဲ့ ပထမဆုံးပရီးမီးယားလိဂ်ကလပ်လည်း ဖြစ်ပါတယ်။ လေ့ကျင့်ရေးကွင်းတွေပြန်ဖွင့်ဖို့ စဉ်းစားနေတဲ့ တခြားပရီးမီးယားလိဂ်အသင်းတွေထဲမှာ ဝက်စ်ဟမ်း၊ ချဲလ်ဆီးနဲ့ လီဗာပူးတို့လည်း ပါဝင်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ပြန်စနိုင်မယ့်အရိပ်အယောင်လည်း ဖြစ်ပါတယ်။

[Zawgyi]

အာဆင္နယ္ကစားသမားေတြ ေလ့က်င့္ခန္းျပန္ဆင္းေနေပမယ့္ နည္းျပအာတီတာမပါ၀င္

အသင္းရဲ႕ေလ့က်င့္ေရးကြင္းမွာ အာဆင္နယ္ကစားသမားေတြေလ့က်င့္ခန္းျပန္ဆင္းေနၾကၿပီျဖစ္ေပမယ့္ နည္းျပအာတီတာေတာ့ ပါ၀င္ျခင္းမရွိခဲ့ပါဘူး။ ပထမအသင္းသားအမ်ားစု ေလ့က်င့္ခန္းျပန္ဆင္းေနၾကတာျဖစ္ေပမယ့္ အာဆင္နယ္ဟာ တင္းၾကပ္တဲ့စည္းကမ္းသတ္မွတ္မႈေတြထားရွိထားပါတယ္။ social distancing နဲ႔ကိုက္ညီဖုိ႔ တစ္ဦးခ်င္းစီရဲ႕ေဘာလုံးေလ့က်င့္ရာေနရာ၊ ကားထားရမယ့္ေနရာ၊ ေရာက္ရမယ့္အခ်ိန္တုိ႔ကို သတ္သတ္မွတ္မွတ္လုပ္ထားပါတယ္။

ပင္မေလ့က်င့္စင္တာႀကီးကို ဖြင့္လွစ္ထားေပမယ့္လည္း ကာယေလ့က်င့္ရုံ gym ၊ စားေသာက္တန္းျဖစ္တဲ့ ကန္တင္းနဲ႔ ရုံတြင္းေလ့က်င့္စင္တာတုိ႔ကိုေတာ့ ပိတ္ထားပါတယ္။ ျပန္လည္ေလ့က်င့္မႈမွာ ပါ၀င္ျခင္းမရွိတဲ့နည္းျပအာတီဟာ ၿပီးခဲ့တဲ့မတ္လတုန္းက ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံခဲ့ရတာျဖစ္ၿပီး အဲဒီကေနတစ္ဆင့္ မန္စီးတီးနဲ႔ကစားရမယ့္ပြဲကို ေရႊ႕ဆိုင္းခဲ့ရကာ အဲဒါကပဲ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ဆိုင္းငံ့ဖို႔ ဖိအားျဖစ္ေစခဲ့တာပါ။

အာတီတာနဲ႔ သူ႔ပထမအသင္းနည္းျပအဖြဲ႔၀င္ေတြဟာ လာေရာက္ေလ့က်င့္ဖို႔ထက္ အိမ္မွာပဲဆက္ရွိေနဖို႔ ေရြးခ်ယ္ခဲ့ၾကတာပါ။ အဲဒီစပိန္သားနည္းျပဟာလည္း အခုဆိုရင္ ကိုရုိနာဗုိင္းရပ္စ္ကူးစက္မႈကေန သက္သာေပ်ာက္ကင္းသြားၿပီ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ သူတုိ႔ရဲ႕ေလ့က်င့္ေရးကြင္းကို ျပန္ဖြင့္တဲ့ ပထမဆုံးပရီးမီးယားလိဂ္ကလပ္လည္း ျဖစ္ပါတယ္။ ေလ့က်င့္ေရးကြင္းေတြျပန္ဖြင့္ဖို႔ စဥ္းစားေနတဲ့ တျခားပရီးမီးယားလိဂ္အသင္းေတြထဲမွာ ၀က္စ္ဟမ္း၊ ခ်ဲလ္ဆီးနဲ႔ လီဗာပူးတို႔လည္း ပါ၀င္ပါတယ္။ ဒါဟာ ပရီးမီးယားလိဂ္ျပန္စႏုိင္မယ့္အရိပ္အေယာင္လည္း ျဖစ္ပါတယ္။