
Photo Credit ; Getty Images
Photo Credit ; Graham Chadwick
အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူဂရမ္းနစ္ဇာခါကေတာ့ သူဟာ အသင္းေခါင္းေဆာင္ေနရာနဲ႔ ထိုက္တန္မႈရွိတယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြဟာ ၿပိဳင္ဆိုင္မႈ ျပင္းထန္ေပမယ့္ အဆိုပါ ဆြစ္ဇာလန္ ႏိုင္ငံသားဟာ ဂန္းနားေတြကို ခ်န္ပီယံလိဂ္စင္ျမင့္ထက္မွာ ျပန္လည္ျမင္ေတြ႔ေစဖို႔လည္း စိတ္အားထက္သန္ေနပါတယ္။
Photo Credit ; Getty Images
အသင္းေခါင္းေဆာင္ေဟာင္းကိုစီရယ္နီက ေဘာ္ဒိုးအသင္းကို ေျပာင္းေရႊ႕သြားခဲ့ၿပီးေနာက္ ဇာခါကနည္းျပအမ္မရီေပးအပ္မယ့္အသင္းေခါင္းေဆာင္လက္ပတ္ကို အလိုရွိေနတာ ျဖစ္ပါတယ္။ အဆိုပါ ၂၆ ႏွစ္သားကြင္းလယ္လူဟာ အသင္းေဟာင္းဂ်ာမန္ကလပ္ မိုခ်န္ဂလာဘတ္အသင္းရဲ႕အသင္းေခါင္းေဆာင္လည္းျဖစ္ခဲ့သလို ဆြစ္ဇာလန္အသင္းရဲ႕လက္ရွိအသင္းေခါင္းေဆာင္လည္းျဖစ္ပါတယ္။
Photo Credit
အာဆင္နယ္အသင္းဟာ တနဂၤေႏြေန႔မွာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ နယူးကာဆယ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာ ျဖစ္ပါတယ္။ ယခင္ကခ်န္ပီယံလိဂ္မွာ အၿမဲလိုလိုကစားခြင့္ရရွိခဲ့တဲ့ အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ေနာက္ဆုံး ၃ရာသီဆက္ ခ်န္ပီယံလိဂ္၀င္ခြင့္နဲ႔ လြဲေခ်ာ္ေနခဲ့ရကာ ယမန္ႏွစ္ကလည္း အမွတ္ေပးဇယားမွာ အဆင့္ ၅ ေနရနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။
Photo Credit
ယခုရာသီကအာဆင္နယ္အသင္း ၃ ႏွစ္ဆက္ ယူ႐ိုပါလိဂ္ကစားရျခင္းပဲ ျဖစ္ပါတယ္။ ”ပရီးမီးယားလိဂ္ကလပ္အသင္းတစ္သင္းမွာ ဆြစ္ဇာလန္ ကစားသမားျဖစ္တဲ့ ကၽြန္ေတာ္က အသင္းေခါင္းေဆာင္တာဝန္ ထမ္းေဆာင္ရရင္ အရမ္းကိုဝမ္းသာမိမွာပါ။ ဒါက အရမ္းကိုေကာင္းမြန္ပါတယ္။ ကၽြန္ေတာ့္အတြက္ အိပ္မက္ေတြ တကယ္ျဖစ္လာသလိုပါပဲ”
Photo Credit ; Getty Images
”အသင္းအတြက္ ကၽြန္ေတာ့္ရဲ႕စြမ္းေဆာင္မႈေတြကိုအသိမွတ္ျပဳသလိုလည္း ျဖစ္ပါတယ္”လို႔ ဇာခါကေျပာပါတယ္။ ”အသင္းရဲ႕ဂႏၳဝင္ေတြျဖစ္တဲ့ ပက္ထရစ္ဗီအဲရာနဲ႔ သီယာရီအြန္နရီတို႔ရဲ႕တာဝန္ယူတတ္မႈေတြကို ေျခရာလိုက္နင္းႏိုင္မယ့္ အထူးအခြင့္အေရးလည္း ျဖစ္ပါတယ္၊ ကၽြန္ေတာ့္ရဲ႔ အစီအစဥ္က အခ်ိန္တိုင္းတိုးတက္ေနဖို႔ျဖစ္ၿပီး ၿပိဳင္ပြဲထဲမွာေရာ၊ ဘယ္မွာပဲျဖစ္ျဖစ္ အေသးအဖြဲ႔ေလးေတြကအစေကာင္းမြန္ေနဖို႔နဲ႔ ေအာင္ျမင္မႈေတြ ရယူႏိုင္ဖို႔ပဲ ျဖစ္ပါတယ္”လို႔ ဇာခါကေျပာပါတယ္။
Photo Credit
ဆက္လက္ၿပီး ဇာခါက ”ကၽြန္ေတာ္တို႔ အဆင့္ ၄ အတြင္းဝင္ေရာက္ခ်င္ပါတယ္။ အခုလက္ရွိေခၚယူထားတဲ့ ကစားသမားေတြနဲ႔အတူ ကၽြန္ေတ္ာတို႔ ေအာင္ျမင္မႈေတြ ရရွိမယ္လို႔ ယံုၾကည္ပါတယ္၊ ေတာင္ပံကစားသမားသစ္ နီကိုလပ္စ္ပီပီကလည္း တိုက္စစ္မွဴး အူဘာမီယန္း၊ လာကာဇက္တီတို႔နဲ႔အတူ အေကာင္းဆံုးတြဲဖက္ ကစားသြားႏိုင္မွာပါ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။
Photo Credit
Unicode
အာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်ဖို့ ထိုက်တန်မှုအပြည့်ရှိကြောင်း ဇာခါ အာမခံ
အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူဂရမ်းနစ်ဇာခါကတော့ သူဟာ အသင်းခေါင်းဆောင်နေရာနဲ့ ထိုက်တန်မှုရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေဟာ ပြိုင်ဆိုင်မှု ပြင်းထန်ပေမယ့် အဆိုပါ ဆွစ်ဇာလန် နိုင်ငံသားဟာ ဂန်းနားတွေကို ချန်ပီယံလိဂ်စင်မြင့်ထက်မှာ ပြန်လည်မြင်တွေ့စေဖို့လည်း စိတ်အားထက်သန်နေပါတယ်။
အသင်းခေါင်းဆောင်ဟောင်းကိုစီရယ်နီက ဘော်ဒိုးအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် ဇာခါကနည်းပြအမ်မရီပေးအပ်မယ့်အသင်းခေါင်းဆောင်လက်ပတ်ကို အလိုရှိနေတာ ဖြစ်ပါတယ်။ အဆိုပါ ၂၆ နှစ်သားကွင်းလယ်လူဟာ အသင်းဟောင်းဂျာမန်ကလပ် မိုချန်ဂလာဘတ်အသင်းရဲ့အသင်းခေါင်းဆောင်လည်းဖြစ်ခဲ့သလို ဆွစ်ဇာလန်အသင်းရဲ့လက်ရှိအသင်းခေါင်းဆောင်လည်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ယခင်ကချန်ပီယံလိဂ်မှာ အမြဲလိုလိုကစားခွင့်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နောက်ဆုံး ၃ရာသီဆက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နေခဲ့ရကာ ယမန်နှစ်ကလည်း အမှတ်ပေးဇယားမှာ အဆင့် ၅ နေရနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ယခုရာသီကအာဆင်နယ်အသင်း ၃ နှစ်ဆက် ယူရိုပါလိဂ်ကစားရခြင်းပဲ ဖြစ်ပါတယ်။ ”ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းမှာ ဆွစ်ဇာလန် ကစားသမားဖြစ်တဲ့ ကျွန်တော်က အသင်းခေါင်းဆောင်တာဝန် ထမ်းဆောင်ရရင် အရမ်းကိုဝမ်းသာမိမှာပါ။ ဒါက အရမ်းကိုကောင်းမွန်ပါတယ်။ ကျွန်တော့်အတွက် အိပ်မက်တွေ တကယ်ဖြစ်လာသလိုပါပဲ”
”အသင်းအတွက် ကျွန်တော့်ရဲ့စွမ်းဆောင်မှုတွေကိုအသိမှတ်ပြုသလိုလည်း ဖြစ်ပါတယ်”လို့ ဇာခါကပြောပါတယ်။ ”အသင်းရဲ့ဂန္ထဝင်တွေဖြစ်တဲ့ ပက်ထရစ်ဗီအဲရာနဲ့ သီယာရီအွန်နရီတို့ရဲ့တာဝန်ယူတတ်မှုတွေကို ခြေရာလိုက်နင်းနိုင်မယ့် အထူးအခွင့်အရေးလည်း ဖြစ်ပါတယ်၊ ကျွန်တော့်ရဲ့ အစီအစဉ်က အချိန်တိုင်းတိုးတက်နေဖို့ဖြစ်ပြီး ပြိုင်ပွဲထဲမှာရော၊ ဘယ်မှာပဲဖြစ်ဖြစ် အသေးအဖွဲ့လေးတွေကအစကောင်းမွန်နေဖို့နဲ့ အောင်မြင်မှုတွေ ရယူနိုင်ဖို့ပဲ ဖြစ်ပါတယ်”လို့ ဇာခါကပြောပါတယ်။
ဆက်လက်ပြီး ဇာခါက ”ကျွန်တော်တို့ အဆင့် ၄ အတွင်းဝင်ရောက်ချင်ပါတယ်။ အခုလက်ရှိခေါ်ယူထားတဲ့ ကစားသမားတွေနဲ့အတူ ကျွန်တေ်ာတို့ အောင်မြင်မှုတွေ ရရှိမယ်လို့ ယုံကြည်ပါတယ်၊ တောင်ပံကစားသမားသစ် နီကိုလပ်စ်ပီပီကလည်း တိုက်စစ်မှူး အူဘာမီယန်း၊ လာကာဇက်တီတို့နဲ့အတူ အကောင်းဆုံးတွဲဖက် ကစားသွားနိုင်မှာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။