အာဆင္နယ္ပရိသတ္ေတြအတြက္ အန္ဖီးလ္ကႏၱာရထဲက အိုေအဆစ္ျဖစ္ခဲ့တဲ့ပီပီ…

Photo Credit

Photo Credit

အာဆင္နယ္ပရိသတ္ေတြအတြက္ ၿပီးခဲ့တဲ့စေနေန႔က အန္ဖီးလ္မွာ လီဗာပူးနဲ႔ကစားခဲ့ရတဲ့ပဲြက အျမန္ဆုံးေမ့ေဖ်ာက္ခ်င္တဲ့ပြဲျဖစ္ေနမွာေသခ်ာၿပီး အဲဒီပြဲမွာ အိမ္ရွင္အသင္းကို ၃-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့လို႔ ရာႏႈန္းျပည့္အႏိုင္ရတဲ့မွတ္တမ္းအဆုံးသတ္သြားခဲ့ပါတယ္။

 

Photo Credit ; AFP / Getty Images

ဒါေပမဲ့ အာဆင္နယ္ပရိသတ္ေတြအတြက္ ပူေလာင္လြန္းခဲ့တဲ့ အန္ဖီးလ္သဲကႏၱာရထဲမွာ အိုေအဆစ္ေလးအျဖစ္ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားတဲ့ ေတာင္ပံတုိက္စစ္မွဴး နီကိုလပ္စ္ပီပီ ေျခစြမ္းျပႏိုင္ခဲ့တဲ့အခ်က္ျဖစ္ၿပီး လီဗာပူးခံစစ္မွဴးအမ်ားစုကို သူ႕ရဲ႕ကၽြမ္းက်င္တဲ့စေကးေတြနဲ႔အတူ ေက်ာ္ျဖတ္ႏုိင္ခဲ့ပါတယ္။

Photo Credit

သူဟာ ေနာက္ဆုံး ပြဲ ၅၀အတြင္း လက္ရွိပီအက္ဖ္ေအတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုရွင္ ဗန္ဒုိက္ကို ေဘာလုံးနဲ႔အတူ ေက်ာ္ျဖတ္ႏုိင္တဲ့ပထမဆုံးကစားသမားျဖစ္ခဲ့သလို လီဗာပူးၾကယ္ပြင့္ ေရာဘတ္ဆန္ကိုလည္း ေျခေယာင္ျပလွည့္စားကာ အာဆင္နယ္ပရိသတ္ေတြကို ေဖ်ာ္ေျဖမႈေပးစြမ္းႏိုင္ခဲ့ပါတယ္။

 

Photo Credit

အုိင္ဗရီကို႔စ္လက္ေရြးစင္ ပီပီဟာ ကြင္းလယ္ညာဘက္ေဘးစည္းနားမွာ ေဘာလုံးလက္ခံရရွိခ်ိန္ လီဗာပူးဘယ္ေနာက္ခံလူ ေရာဘတ္ဆန္က ကြင္းလည္စည္းေလာက္အထိ တက္ၿပီး ႀကိဳတင္ကာကြယ္ဖို႔လုပ္ပါတယ္။ ဒီေနရာမွာ ပီပီက ေရွ႕မတရားတက္လာတဲ့ေရာဘတ္ဆန္ရဲ႕အားနည္းခ်က္ကို ေနာက္ျပန္ဆြဲေတာ့မလုိပုံစံမ်ိဳးလုပ္ျပရင္း သားေကာင္းကို သတ္ကြင္းထဲအေရာက္ေခၚေဆာင္ပါတယ္။

Photo Credit

ေရာဘတ္ဆန္ကလည္း ပီပီ ေနာက္ျပန္ေပးေတာ့မယ္လုိ႔ တြက္ကာ ဖိအားေပးဖို႔ႀကိဳးစားခ်ိန္မွာ ပီပီက ေနာက္ျပန္ေျပးမယ့္ပုံစံ ေျခေယာင္ျပကာ ေဘာလုံးကို ေရွ႕ျပန္ဆြဲသြားတာပါ။ ေရာဘတ္ဆန္လည္း ကုိယ့္အရွိန္ကိုယ္မထိန္းႏိုင္ဘဲ ပီပီကို ၾကည့္ေန႐ုံပဲတတ္ႏိုင္ခဲ့ပါတယ္။

Photo Credit

အဲဒီဗီဒီယုိဖုိင္ စတင္တင္ခဲ့တဲ့ ယမန္ေန႔ကစတင္ၿပီး ၾကည့္႐ႈသူ ၂သန္းေက်ာ္လာၿပီျဖစ္ၿပီး အာဆင္နယ္ပရိသတ္ေတြကလည္း အသင္း႐ံႈးနိမ့ခဲ့ေပမယ့္ ပီပီရဲ႕ေျခစြမ္းကိုေတာ့ ေက်နပ္အားရလ်က္ရွိပါတယ္။ ”ပီပီရဲ႕စေကးကေတာ့ အၾကမ္းစားပဲ”။ ”ဒီလုိကစားသမားမ်ိဳးကို ေစာင့္ၾကည့္ဖို႔ ေစာင့္ေနတာ ႏွစ္နဲ႔ခ်ီၾကာေနပါၿပီ”လို႔ အာဆင္နယ္ပရိသတ္ေတြက အသီးသီးမွတ္ခ်က္ေပးခဲ့ၾကပါတယ္။

 

Photo Credit

Unicode

အာဆင်နယ်ပရိသတ်တွေအတွက် အန်ဖီးလ်ကန္တာရထဲက အိုအေဆစ်ဖြစ်ခဲ့တဲ့ပီပီ…

အာဆင်နယ်ပရိသတ်တွေအတွက် ပြီးခဲ့တဲ့စနေနေ့က အန်ဖီးလ်မှာ လီဗာပူးနဲ့ကစားခဲ့ရတဲ့ပွဲက အမြန်ဆုံးမေ့ဖျောက်ချင်တဲ့ပွဲဖြစ်နေမှာသေချာပြီး အဲဒီပွဲမှာ အိမ်ရှင်အသင်းကို ၃-၁ ဂိုးနဲ့အရေးနိမ့်ခဲ့လို့ ရာနှုန်းပြည့်အနိုင်ရတဲ့မှတ်တမ်းအဆုံးသတ်သွားခဲ့ပါတယ်။
ဒါပေမဲ့ အာဆင်နယ်ပရိသတ်တွေအတွက် ပူလောင်လွန်းခဲ့တဲ့ အန်ဖီးလ်သဲကန္တာရထဲမှာ အိုအေဆစ်လေးအဖြစ် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ တောင်ပံတိုက်စစ်မှူး နီကိုလပ်စ်ပီပီ ခြေစွမ်းပြနိုင်ခဲ့တဲ့အချက်ဖြစ်ပြီး လီဗာပူးခံစစ်မှူးအများစုကို သူ့ရဲ့ကျွမ်းကျင်တဲ့စကေးတွေနဲ့အတူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
သူဟာ နောက်ဆုံး ပွဲ ၅၀အတွင်း လက်ရှိပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုရှင် ဗန်ဒိုက်ကို ဘောလုံးနဲ့အတူ ကျော်ဖြတ်နိုင်တဲ့ပထမဆုံးကစားသမားဖြစ်ခဲ့သလို လီဗာပူးကြယ်ပွင့် ရောဘတ်ဆန်ကိုလည်း ခြေယောင်ပြလှည့်စားကာ အာဆင်နယ်ပရိသတ်တွေကို ဖျော်ဖြေမှုပေးစွမ်းနိုင်ခဲ့ပါတယ်။
အိုင်ဗရီကို့စ်လက်ရွေးစင် ပီပီဟာ ကွင်းလယ်ညာဘက်ဘေးစည်းနားမှာ ဘောလုံးလက်ခံရရှိချိန် လီဗာပူးဘယ်နောက်ခံလူ ရောဘတ်ဆန်က ကွင်းလည်စည်းလောက်အထိ တက်ပြီး ကြိုတင်ကာကွယ်ဖို့လုပ်ပါတယ်။ ဒီနေရာမှာ ပီပီက ရှေ့မတရားတက်လာတဲ့ရောဘတ်ဆန်ရဲ့အားနည်းချက်ကို နောက်ပြန်ဆွဲတော့မလိုပုံစံမျိုးလုပ်ပြရင်း သားကောင်းကို သတ်ကွင်းထဲအရောက်ခေါ်ဆောင်ပါတယ်။
ရောဘတ်ဆန်ကလည်း ပီပီ နောက်ပြန်ပေးတော့မယ်လို့ တွက်ကာ ဖိအားပေးဖို့ကြိုးစားချိန်မှာ ပီပီက နောက်ပြန်ပြေးမယ့်ပုံစံ ခြေယောင်ပြကာ ဘောလုံးကို ရှေ့ပြန်ဆွဲသွားတာပါ။ ရောဘတ်ဆန်လည်း ကိုယ့်အရှိန်ကိုယ်မထိန်းနိုင်ဘဲ ပီပီကို ကြည့်နေရုံပဲတတ်နိုင်ခဲ့ပါတယ်။
အဲဒီဗီဒီယိုဖိုင် စတင်တင်ခဲ့တဲ့ ယမန်နေ့ကစတင်ပြီး ကြည့်ရှုသူ ၂သန်းကျော်လာပြီဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေကလည်း အသင်းရှုံးနိမ့ခဲ့ပေမယ့် ပီပီရဲ့ခြေစွမ်းကိုတော့ ကျေနပ်အားရလျက်ရှိပါတယ်။ ”ပီပီရဲ့စကေးကတော့ အကြမ်းစားပဲ”။ ”ဒီလိုကစားသမားမျိုးကို စောင့်ကြည့်ဖို့ စောင့်နေတာ နှစ်နဲ့ချီကြာနေပါပြီ”လို့ အာဆင်နယ်ပရိသတ်တွေက အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။