အာဆင္နယ္နဲ႔ အက္စတြန္ဗီလာ ပြဲစဥ္က သတိျပဳမိတဲ့အခ်က္ေတြ

Photo internet

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ မွာကစားသြားခဲ႔တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ျဖစ္တဲ့ အာဆင္္နယ္ နဲ႔ အက္စတြန္ဗီလာ အသင္းတို႔ရဲ႕ပြဲစဥ္မွာ အာဆင္နယ္က ၃ဂိုး-၂ ဂိုးနဲ႔ အႏိုင္ရခဲ့ပါတယ္။ ဒီလုိအႏိုင္ရခဲ့တာဟာ လြယ္လြယ္ကူကူႏိုင္ခဲ့ တာေတာ့မဟုတ္ပါဘူး။ တကယ္ကိုႀကိဳးစားပန္းစားနဲ႔ အႏိုင္ဂိုးေတြသြင္းခဲ့ရတာပါ။ ဒါေၾကာင့္ အဲဒီပြဲမွာ အာဆင္နယ္နဲ႔ပတ္သက္ၿပီးသတိျပဳမိတဲ့အခ်က္ေလးေတြကို ေဖာ္ျပေပးသြားပါမယ္။

Photo internet

အစပိုင္းမွာကစားပုံသိပ္မေကာင္းခဲ့တဲ့ အာဆင္နယ္ဟာ ခံစစ္ပိုင္း အားနည္းခ်က္ရိွတာေၾကာင့္လည္း တစ္ဖက္အသင္း ရဲ႕ဂိုးသြင္းယူမႈေတြကို မတားဆီးႏိုင္ခဲ့ပါဘူး။ မိနစ္ 20 မွာ ဦးေဆာင္ဂိုးကို ဗီလာ အသင္းဘက္က ရရိွသြားခဲ့ပါတယ္။ အဲဒီပြဲမွာ အာဆင္နယ္ဟာ တစ္ေယာက္ေလ်ာ့နဲ႔ၿပိဳင္ဘက္ကို အႏိုင္ယူခဲ့ရတာပါ။ ပထမပိုင္း ျပီးခါနီးမွာ အာဆင္နယ္ အသင္းရဲ႕ ခံစစ္ကစားသမား မိတ္လန္းႏိုင္းစ္တစ္ေယာက္အဖ်က္ၾကမ္းတာေၾကာင့္ 2 ဝါ 1 နီနဲ႔ျမက္ခင္းစိမ္းကို ႏႈတ္ဆက္ခဲ့ရပါတယ္။

Photo internet

ဒီပြဲမွာ သူရဲေကာင္းျဖစ္သြားသူကေတာ့ အူဘာမီယန္ပါ။ သူကန္ရမယ့္ ပင္နယ္တီကို ပီပီအား ကန္ခိုင္းခဲ့ပါ တယ္။ ဒီအတြက္ပရိသတ္ေတြရဲ႕ခ်ီးက်ဴးမႈသာမက အသင္းေဖာ္ေတြရဲ႕ေလးစားမႈကိုပါရရိွခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ပီပီအတြက္ ဒီဂိုးဟာ အာဆင္နယ္ကစားသမားဘ၀အတြက္အဖြင့္ဂိုးျဖစ္ေနလို႔ပါ။ ဒါေပမယ့္လည္း အသင္းအတြက္ အူဘာမီယန္တစ္ေယာက္ ပြဲၿပီးခါနီးမွာ ဖရီးကစ္အႏိုင္ဂိုးကိုသြင္းခဲ့ပါေသး တယ္။ ေအာင္ပြဲခံတဲ့အခါမွာလည္း ပုံမွန္ကၽြမ္းထိုးေအာင္ပြဲခံတာမဟုတ္ဘဲ ေပေပရဲ႕ trade mark ပုံစံနဲ႔ေအာင္ပြဲခံသြားခဲ့ပါတယ္။

Photo internet

အူဘာမီယန္ဟာ ေနာက္ဆုံး ၁၆ ပြဲကစားထားၿပီး ၁၆ ဂိုးသြင္းယူထားခဲ့ပါတယ္။ ပြဲတိုင္းမွာေတာ့ ဂိုးသြင္းခဲ့တာ မဟုတ္ပါဘူး။ အာဆင္နယ္ဟာ အခုပြဲမွာ ဒုတိယပိုင္း တစ္ပိုင္းလံုးကို ဆယ္ေယာက္တည္းနဲ႔ ကစားခဲ့ရၿပီး Come Back Win ပြဲမ်ဳိးျဖစ္ခဲ့ရပါတယ္။ အာဆင္နယ္ပရိသတ္ေတြကေတာ့ အဲဒီပြဲနဲ႔ပတ္သက္ၿပီး သူတို႔အသင္းႏိုင္လို႔ေပ်ာ္ရႊင္ေပမယ့္ နည္းျပ အမ္မရီရဲ႕လမ္းညႊန္မႈပုံစံေတြကိုေတာ့ ေ၀ဖန္ေနၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ အာဆင္နယ္အသင္းကေတာ့  အမွတ္ေပးဇယား အဆင့္ ၄ေနရာအထိ တက္လွမ္းသြားႏိုင္ခဲ့ပါၿပီ။

Photo internet

(Unicode Version)

အာဆင်နယ်နဲ့ အက်စတွန်ဗီလာ ပွဲစဉ်က သတိပြုမိတဲ့အချက်တွေ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မှာကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ် နဲ့ အက်စတွန်ဗီလာ အသင်းတို့ရဲ့ပွဲစဉ်မှာ အာဆင်နယ်က ၃ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီလိုအနိုင်ရခဲ့တာဟာ လွယ်လွယ်ကူကူနိုင်ခဲ့တာတော့မဟုတ်ပါဘူး။ တကယ်ကိုကြိုးစားပန်းစားနဲ့ အနိုင်ဂိုးတွေသွင်းခဲ့ရတာပါ။ ဒါကြောင့် အဲဒီပွဲမှာ အာဆင်နယ်နဲ့ပတ်သက်ပြီးသတိပြုမိတဲ့အချက်လေးတွေကို ဖော်ပြပေးသွားပါမယ်။

အစပိုင်းမှာကစားပုံသိပ်မကောင်းခဲ့တဲ့ အာဆင်နယ်ဟာ ခံစစ်ပိုင်း အားနည်းချက်ရှိတာကြောင့်လည်း တစ်ဖက်အသင်းရဲ့ဂိုးသွင်းယူမှုတွေကို မတားဆီးနိုင်ခဲ့ပါဘူး။ မိနစ် 20 မှာ ဦးဆောင်ဂိုးကို ဗီလာ အသင်းဘက်က ရရှိသွားခဲ့ပါတယ်။ အဲဒီပွဲမှာ အာဆင်နယ်ဟာ တစ်ယောက်လျော့နဲ့ပြိုင်ဘက်ကို အနိုင်ယူခဲ့ရတာပါ။ ပထမပိုင်း ပြီးခါနီးမှာ အာဆင်နယ်အသင်းရဲ့ ခံစစ်ကစားသမား မိတ်လန်းနိုင်းစ်တစ်ယောက်အဖျက်ကြမ်းတာကြောင့် 2 ဝါ 1 နီနဲ့မြက်ခင်းစိမ်းကို နှုတ်ဆက်ခဲ့ရပါတယ်။

ဒီပွဲမှာ သူရဲကောင်းဖြစ်သွားသူကတော့ အူဘာမီယန်ပါ။ သူကန်ရမယ့် ပင်နယ်တီကို ပီပီအား ကန်ခိုင်းခဲ့ပါ တယ်။ ဒီအတွက်ပရိသတ်တွေရဲ့ချီးကျူးမှုသာမက အသင်းဖော်တွေရဲ့လေးစားမှုကိုပါရရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ပီပီအတွက် ဒီဂိုးဟာ အာဆင်နယ်ကစားသမားဘဝအတွက်အဖွင့်ဂိုးဖြစ်နေလို့ပါ။ ဒါပေမယ့်လည်း အသင်းအတွက် အူဘာမီယန်တစ်ယောက် ပွဲပြီးခါနီးမှာ ဖရီးကစ်အနိုင်ဂိုးကိုသွင်းခဲ့ပါသေး တယ်။ အောင်ပွဲခံတဲ့အခါမှာလည်း ပုံမှန်ကျွမ်းထိုးအောင်ပွဲခံတာမဟုတ်ဘဲ ပေပေရဲ့ trade mark ပုံစံနဲ့အောင်ပွဲခံသွားခဲ့ပါတယ်။

အူဘာမီယန်ဟာ နောက်ဆုံး ၁၆ ပွဲကစားထားပြီး ၁၆ ဂိုးသွင်းယူထားခဲ့ပါတယ်။ ပွဲတိုင်းမှာတော့ ဂိုးသွင်းခဲ့တာ မဟုတ်ပါဘူး။ အာဆင်နယ်ဟာ အခုပွဲမှာ ဒုတိယပိုင်း တစ်ပိုင်းလုံးကို ဆယ်ယောက်တည်းနဲ့ ကစားခဲ့ရပြီး Come Back Win ပွဲမျိုးဖြစ်ခဲ့ရပါတယ်။ အာဆင်နယ်ပရိသတ်တွေကတော့ အဲဒီပွဲနဲ့ပတ်သက်ပြီး သူတို့အသင်းနိုင်လို့ပျော်ရွှင်ပေမယ့် နည်းပြ အမ်မရီရဲ့လမ်းညွှန်မှုပုံစံတွေကိုတော့ ဝေဖန်နေကြပါတယ်။ ဘာပဲဖြစ်ဖြစ် အာဆင်နယ်အသင်းကတော့ အမှတ်ပေးဇယား အဆင့် ၄နေရာအထိ တက်လှမ်းသွားနိုင်ခဲ့ပါပြီ။