အာဆင္နယ္တိုက္စစ္အတြဲက လီဗာပူးတုိက္စစ္ရဲသုံးေဖာ္ကို ယွဥ္ႏုိင္တယ္လုိ႔ အူဘာမီယန္ဆုိ

photo-sky sports

photo-gettyimages

သူအပါအ၀င္ အာဆင္နယ္ ၃ ေယာက္တြဲတုိက္စစ္ဟာ လီဗာပူးရဲ႕တိုက္စစ္ရဲသုံးေဖာ္ကို ယွဥ္ႏိုင္တယ္လို႔ အူဘာမီယန္က ယုံၾကည္ေနပါတယ္။ အာဆင္နယ္နဲ႔ လီဗာပူးတို႔ဟာ ရာသီသစ္ပရီးမီးယားလိဂ္မွာ ၂ ပြဲကစားၿပီးခ်ိန္ ၆ မွတ္စီရထားၾကၿပီး စေနည အန္ဖီးလ္ကြင္းမွာ ထိပ္တိုက္ေတြ႕ဖို႔ရွိေနတာပါ။ အာဆင္နယ္ဟာ လီဗာပူးအိမ္ကြင္းအန္ဖီးလ္ကို ေနာက္ဆုံးသြားကစားခဲ့တုန္းက ၅-၁ ဂိုးနဲ႔ အရွက္တကြဲရႈံးနိမ့္ခဲ့ရပါတယ္။ ဒါေပမဲ့ သူတို႔ဟာ ယုံၾကည္မႈအျပည့္နဲ႔ ရာသီသစ္စတင္ႏိုင္ခဲ့ၿပီး လီဗာပူးနဲ႔ပြဲမွာ  အူဘာမီယန္၊လာကာဇက္တီနဲ႔အတူ အသင္းစံခ်ိန္တင္ေၾကးရွင္ပီပီတုိ႔ ၃ ေယာက္ကို ပထမဆုံးအႀကိမ္အျဖစ္ အတူပြဲထြက္ေစႏိုင္ပါတယ္။

photo-gettyimages

”ၿပီးခဲ့တဲ့ရာသီမွာ ကၽြန္ေတာ္တို႔ေတြ႕ခဲ့သလိုပဲ လီဗာပူးဟာ တုိက္စစ္ ၃ ေယာက္နဲ႔ကစားမွာျဖစ္ၿပီး သူတုိ႔ဟာ အရမ္းကိုေကာင္းေကာငး္လည္းကစားႏိုင္မွာပါ။ ကၽြန္ေတာ္တို႔လည္း ဘာလို႔ မျဖစ္ႏိုင္ရမွာလဲ။ ကၽြန္ေတာ္တို႔လုပ္ႏိုင္တယ္လု႔ိ ထင္ပါတယ္။ ဆာလာ၊မာနီ၊ဖာမီႏိုတို႔နဲ႔ပြဲဟာ ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္လာမွာပါ။ သူတို႔ဟာ ကစားသမားေကာင္းေတြပါ။ သူတုိ႔အၿမဲေရွ႕တက္ၿပီး ဂိုးရဖုိ႔ႀကိဳးပမ္းၾကသလို တစ္ေယာက္ကိုတစ္ေယာက္လည္း ဖန္တီးေပးၾကပါတယ္။ ကမာၻေပၚက အေကာငး္ဆုံး  ၃ ေယာက္တြဲတိုက္စစ္ေတြထဲက တစ္ခုပါပဲ။ ကၽြန္ေတာ္တို႔နဲ႔ယွဥ္ရင္ အမ်ားႀကီးတူညီတာကိုေတြ႕ရပါတယ္။ ပီပီနဲ႔ကၽြန္ေတာ္က မာနီနဲ႔ဆာလာတုိ႔လိုပဲ ျမန္တဲ့ကစားသမားေတြပါ။ လာကာဇက္တီက ေဘာလုံးကိုထိန္းႏိုင္စြမ္းရွိၿပီး ဖာမီႏိုလုိပဲ ေျခေထာက္အသုံးျပဳတာ တကယ္ေကာင္းပါတယ္။ ဒါေၾကာင့္ အနီးကပ္ဆုံးယွဥ္ႏိုင္တယ္လို႔ ကၽြန္္ေတာ္တို႔ေျပာႏိုင္တာေပါ့”လုိ႔ အူဘာမီယန္က အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့တာပါ။

photo-gettyimages

လီဗာပူးရဲ႕တုိက္စစ္ရဲသုံးေဖာ္ျဖစ္တဲ့ ဆာလာ၊မာနီနဲ႔ဖာမီႏိုတို႔ဟာ ၿပီးခဲ့တဲ့ရာသီၿပိဳင္ပြဲအရပ္ရပ္မွာ ၆၉ ဂိုးသြင္းၿပီး ၁၉ ဂိုးဖန္တီးႏိုင္ခဲ့ကာ ဒီရာသီမွာလည္း ဂိုးသြင္းေျခစြမ္းျပေနပါတယ္။ အာဆင္နယ္တိုက္စစ္မွာလည္း အူဘာမီယန္နဲ႔လာကာဇက္တီတို႔ဟာ ၿပီးခဲ့တဲ့ရာသီကလုိပဲ ဒီရာသီမွာလည္း ဂိုးေတြသြင္းေနၿပီး တုိက္စစ္ကစားသမားသစ္ပီပီကေတာ့ လူစား၀င္ေတြအျဖစ္ပဲ ကစားရပါေသးတယ္။

[Unicode]

သူအပါအဝင် အာဆင်နယ် ၃ ယောက်တွဲတိုက်စစ်ဟာ လီဗာပူးရဲ့တိုက်စစ်ရဲသုံးဖော်ကို ယှဉ်နိုင်တယ်လို့ အူဘာမီယန်က ယုံကြည်နေပါတယ်။ အာဆင်နယ်နဲ့ လီဗာပူးတို့ဟာ ရာသီသစ်ပရီးမီးယားလိဂ်မှာ ၂ ပွဲကစားပြီးချိန် ၆ မှတ်စီရထားကြပြီး စနေည အန်ဖီးလ်ကွင်းမှာ ထိပ်တိုက်တွေ့ဖို့ရှိနေတာပါ။ အာဆင်နယ်ဟာ လီဗာပူးအိမ်ကွင်းအန်ဖီးလ်ကို နောက်ဆုံးသွားကစားခဲ့တုန်းက ၅-၁ ဂိုးနဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ဟာ ယုံကြည်မှုအပြည့်နဲ့ ရာသီသစ်စတင်နိုင်ခဲ့ပြီး လီဗာပူးနဲ့ပွဲမှာ  အူဘာမီယန်၊လာကာဇက်တီနဲ့အတူ အသင်းစံချိန်တင်ကြေးရှင်ပီပီတို့ ၃ ယောက်ကို ပထမဆုံးအကြိမ်အဖြစ် အတူပွဲထွက်စေနိုင်ပါတယ်။

”ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့တွေ့ခဲ့သလိုပဲ လီဗာပူးဟာ တိုက်စစ် ၃ ယောက်နဲ့ကစားမှာဖြစ်ပြီး သူတို့ဟာ အရမ်းကိုကောင်းကောင်းလည်းကစားနိုင်မှာပါ။ ကျွန်တော်တို့လည်း ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ကျွန်တော်တို့လုပ်နိုင်တယ်လု့ိ ထင်ပါတယ်။ ဆာလာ၊မာနီ၊ဖာမီနိုတို့နဲ့ပွဲဟာ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ သူတို့ဟာ ကစားသမားကောင်းတွေပါ။ သူတို့အမြဲရှေ့တက်ပြီး ဂိုးရဖို့ကြိုးပမ်းကြသလို တစ်ယောက်ကိုတစ်ယောက်လည်း ဖန်တီးပေးကြပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံး  ၃ ယောက်တွဲတိုက်စစ်တွေထဲက တစ်ခုပါပဲ။ ကျွန်တော်တို့နဲ့ယှဉ်ရင် အများကြီးတူညီတာကိုတွေ့ရပါတယ်။ ပီပီနဲ့ကျွန်တော်က မာနီနဲ့ဆာလာတို့လိုပဲ မြန်တဲ့ကစားသမားတွေပါ။ လာကာဇက်တီက ဘောလုံးကိုထိန်းနိုင်စွမ်းရှိပြီး ဖာမီနိုလိုပဲ ခြေထောက်အသုံးပြုတာ တကယ်ကောင်းပါတယ်။ ဒါကြောင့် အနီးကပ်ဆုံးယှဉ်နိုင်တယ်လို့ ကျွန်တော်တို့ပြောနိုင်တာပေါ့”လို့ အူဘာမီယန်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။

လီဗာပူးရဲ့တိုက်စစ်ရဲသုံးဖော်ဖြစ်တဲ့ ဆာလာ၊မာနီနဲ့ဖာမီနိုတို့ဟာ ပြီးခဲ့တဲ့ရာသီပြိုင်ပွဲအရပ်ရပ်မှာ ၆၉ ဂိုးသွင်းပြီး ၁၉ ဂိုးဖန်တီးနိုင်ခဲ့ကာ ဒီရာသီမှာလည်း ဂိုးသွင်းခြေစွမ်းပြနေပါတယ်။ အာဆင်နယ်တိုက်စစ်မှာလည်း အူဘာမီယန်နဲ့လာကာဇက်တီတို့ဟာ ပြီးခဲ့တဲ့ရာသီကလိုပဲ ဒီရာသီမှာလည်း ဂိုးတွေသွင်းနေပြီး တိုက်စစ်ကစားသမားသစ်ပီပီကတော့ လူစားဝင်တွေအဖြစ်ပဲ ကစားရပါသေးတယ်။