အာဂျင်တီးနားအိုလံပစ်အသင်းကို လှောင်ပြောင်ခဲ့သူဒေါက်ဂလပ်စ်လူးဝစ်ဇ်ကို အချက်ကျကျပြန်တုံ့ပြန်ခဲ့တဲ့ဂိုးသမားမာတီနက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဂျင်တီးနားအိုလံပစ်အသင်းဟာ ၂၀၂၀ တိုကျိုအိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေထွက်ခဲ့ရတဲ့အတွက် ဘရာဇီးလ်ကွင်းလယ်လူဒေါက်ဂလပ်စ်လူးဝစ်ဇ်အပါအဝင်

အသင်းဖော်တွေက လှောင်ပြောင်ခဲ့ကြပြီး အဲဒါကို အာဂျင်တီးနားဂိုးသမားဖြစ်သူမာတီနက်ဇ်က အချက်ကျကျပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အိုလံပစ်အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ စပိန်အသင်းနဲ့ပွဲမှာ အာဂျင်တီးနားအသင်း ကွာတားဖိုင်နယ်တက်ခွင့်ရဖို့အတွက် မဖြစ်မနေအနိုင်ကစားရမှာဖြစ်ပေမယ့် (၁-၁)ဂိုးနဲ့သရေကျခဲ့လို့ အုပ်စုကနေထွက်ခဲ့ရပြီး

ဘရာဇီးလ်အသင်းကတော့ ကွာတားဖိုင်နယ်တက်ခွင့်ရသွားပြီဖြစ်တာကြောင့် ဒေါက်ဂလပ်စ်လူးဝစ်ဇ်က ရီချာလီဆင်အပါအဝင် ဘရာဇီးလ်အသင်းဖော်တချို့နဲ့အတူ လက်ပြနှုတ်ဆက်နေတဲ့ဓာတ်ပုံကို

Instagram မှာ Post တင်ခဲ့သလို ‘နှုတ်ဆက်လိုက်ပါတယ် ..ညီလေးတို့ရေ( “Bye little brothers.”)ဆိုပြီးတော့ Caption ရေးသားလှောင်ပြောင်ခဲ့တာပါ။

အဲဒါကို အာဂျင်တီးနားလက်ရွေးစင်ဂိုးသမားမာတီနက်ဇ်က အချက်ကျကျပြန်တုံ့ပြန်ခဲ့ပြီး သူ့ရဲ့ Troll ချက်က ထိမိလွန်းတာကြောင့် ပရိသတ်တွေအတွက် ပွဲကျစရာဖြစ်ခဲ့ရပါတယ်။

မာတီနက်ဇ်က ကိုပါအမေရိကဖလားကိုင်မြှောက်ထားတဲ့ ဓာတ်ပုံနဲ့အတူ ဒေါက်ဂလပ်စ်လူးဝစ်ဇ်တို့ ရေးခဲ့သလိုပဲ “Bye little brothers.”ဆိုတဲ့ Caption တပ်ပြီးတော့ ပြန်တုံ့ပြန်ခဲ့တာကြောင့် ဒေါက်ဂလပ်စ်လူးဝစ်ဇ်တို့အတွက် မခံချိမခံသာဖြစ်ခဲ့ရတယ်လို့ပြောရမှာပါ။

အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ကိုပါအမေရိကဖလားဗိုလ်လုပွဲမှာ နေမာ၊ ရီချာလီဆင်၊ ဒေါက်ဂလပ်စ်လူးဝစ်ဇ်တို့ပါဝင်တဲ့အိမ်ရှင်ဘရာဇီးလ်ကို အနိုင်ယူပြီးတော့ ချန်ပီယံဖြစ်ခဲ့တာကြောင့် အဲဒါကို မာတီနက်ဇ်က ကောင်းကောင်းအသုံးချပြီး ပြန်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရခဲ့တဲ့ဘရာဇီးလ်အိုလံပစ်အသင်းဟာ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဂျာမနီ၊ ဆော်ဒီ၊ အိုင်ဗရီကို့စ်တို့နဲ့တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး

နှစ်ပွဲနိုင်၊ တစ်ပွဲသရေ (၇)မှတ်နဲ့ ကွာတားဖိုင်နယ်တက်ရောက်ခဲ့သလို လာမယ့်စနေနေ့မှာတော့ အီဂျစ်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အာဂ်င္တီးနားအိုလံပစ္အသင္းကို ေလွာင္ေျပာင္ခဲ့သူေဒါက္ဂလပ္စ္လူးဝစ္ဇ္ကို အခ်က္က်က်ျပန္တုံ႔ျပန္ခဲ့တဲ့ဂိုးသမားမာတီနက္ဇ္

အာဂ်င္တီးနားအိုလံပစ္အသင္းဟာ ၂၀၂၀ တိုက်ိဳအိုလံပစ္အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲမွာ အုပ္စုအဆင့္ကေနထြက္ခဲ့ရတဲ့အတြက္ ဘရာဇီးလ္ကြင္းလယ္လူေဒါက္ဂလပ္စ္လူးဝစ္ဇ္အပါအဝင္ အသင္းေဖာ္ေတြက ေလွာင္ေျပာင္ခဲ့ၾကၿပီး အဲဒါကို အာဂ်င္တီးနားဂိုးသမားျဖစ္သူမာတီနက္ဇ္က အခ်က္က်က်ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

အိုလံပစ္အုပ္စုေနာက္ဆုံးပြဲျဖစ္တဲ့ စပိန္အသင္းနဲ႔ပြဲမွာ အာဂ်င္တီးနားအသင္း ကြာတားဖိုင္နယ္တက္ခြင့္ရဖို႔အတြက္ မျဖစ္မေနအႏိုင္ကစားရမွာျဖစ္ေပမယ့္ (၁-၁)ဂိုးနဲ႔သေရက်ခဲ့လို႔ အုပ္စုကေနထြက္ခဲ့ရၿပီး ဘရာဇီးလ္အသင္းကေတာ့ ကြာတားဖိုင္နယ္တက္ခြင့္ရသြားၿပီျဖစ္တာေၾကာင့္ ေဒါက္ဂလပ္စ္လူးဝစ္ဇ္က ရီခ်ာလီဆင္အပါအဝင္ ဘရာဇီးလ္အသင္းေဖာ္တခ်ိဳ႕နဲ႔အတူ လက္ျပႏႈတ္ဆက္ေနတဲ့ဓာတ္ပုံကို Instagram မွာ Post တင္ခဲ့သလို ‘ႏႈတ္ဆက္လိုက္ပါတယ္ ..ညီေလးတို႔ေရ( “Bye little brothers.”)ဆိုၿပီးေတာ့ Caption ေရးသားေလွာင္ေျပာင္ခဲ့တာပါ။ အဲဒါကို အာဂ်င္တီးနားလက္ေ႐ြးစင္ဂိုးသမားမာတီနက္ဇ္က အခ်က္က်က်ျပန္တုံ႔ျပန္ခဲ့ၿပီး သူ႔ရဲ႕ Troll ခ်က္က ထိမိလြန္းတာေၾကာင့္ ပရိသတ္ေတြအတြက္ ပြဲက်စရာျဖစ္ခဲ့ရပါတယ္။

မာတီနက္ဇ္က ကိုပါအေမရိကဖလားကိုင္ေျမႇာက္ထားတဲ့ ဓာတ္ပုံနဲ႔အတူ ေဒါက္ဂလပ္စ္လူးဝစ္ဇ္တို႔ ေရးခဲ့သလိုပဲ “Bye little brothers.”ဆိုတဲ့ Caption တပ္ၿပီးေတာ့ ျပန္တုံ႔ျပန္ခဲ့တာေၾကာင့္ ေဒါက္ဂလပ္စ္လူးဝစ္ဇ္တို႔အတြက္ မခံခ်ိမခံသာျဖစ္ခဲ့ရတယ္လို႔ေျပာရမွာပါ။ အာဂ်င္တီးနားအသင္းဟာ ၿပီးခဲ့တဲ့ ၂၀၂၁ ကိုပါအေမရိကဖလားဗိုလ္လုပြဲမွာ ေနမာ၊ ရီခ်ာလီဆင္၊ ေဒါက္ဂလပ္စ္လူးဝစ္ဇ္တို႔ပါဝင္တဲ့အိမ္ရွင္ဘရာဇီးလ္ကို အႏိုင္ယူၿပီးေတာ့ ခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ အဲဒါကို မာတီနက္ဇ္က ေကာင္းေကာင္းအသုံးခ်ၿပီး ျပန္တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

၂၀၁၆ ရီယိုအိုလံပစ္ၿပိဳင္ပြဲမွာ ေ႐ႊတံဆိပ္ဆုရခဲ့တဲ့ဘရာဇီးလ္အိုလံပစ္အသင္းဟာ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွာ ဂ်ာမနီ၊ ေဆာ္ဒီ၊ အိုင္ဗရီကို႔စ္တို႔နဲ႔တစ္အုပ္စုတည္းက်ေရာက္ခဲ့ၿပီး ႏွစ္ပြဲႏိုင္၊ တစ္ပြဲသေရ (၇)မွတ္နဲ႔ ကြာတားဖိုင္နယ္တက္ေရာက္ခဲ့သလို လာမယ့္စေနေန႔မွာေတာ့ အီဂ်စ္အသင္းနဲ႔ ကြာတားဖိုင္နယ္ပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။