
photo-gettyimages
photo-gettyimages
မက်ဆီဟာ သမိုင်းတစ်လျှောက် ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပေမယ့် သူ့ဆီမှာ နက်ရှိုင်းတဲ့နောင်တရမှုတစ်ခုကတော့ ရှိနေဆဲပါပဲ။ အဲဒါကတော့ နိုင်ငံအသင်းအာဂျင်တီးနားနဲ့အတူ ဘာအဓိကဆုဖလားတစ်လုံးတစ်လေမှ ရယူနိုင်ခြင်း မရှိသေးတာပါပဲ။ သူဟာ ပြီးခဲ့တဲ့ဇွန်နဲ့ဇူလိုင်လအတွင်းက ကျင်းပသွားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ဦးဆောင်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်အရောက်မှာ အိမ်ရှင်ဘရာဇီးရဲ့ ၂-၀ နဲ့အနိုင်ယူခြင်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဇူလိုင် ၃ ရက်နေ့က ကစားခဲ့တဲ့ အဲဒီဆီမီးဖိုင်နယ်ပွဲအပြီး အဝတ်အစားလဲခန်းထဲမှာ မက်ဆီပြောခဲ့တဲ့စကားဟာ အာဂျင်တီးနားအသင်းဖေ်ာတွေကို မျက်ရည်ကျစေခဲ့တာပါ။
photo-social media
ဒီအကြောင်းနဲ့ပတ်သက်လို့ အာဂျင်တီးနားလက်ရွေးစင်တောင်ပံကစားသမားဒီမာရီယာက”ဘရာဇီးကို ရှုံးခဲ့တဲ့ပွဲအပြီးမှာ မက်ဆီဟာ ကျွန်တော်တို့ကို လှပတဲ့စကားလုံးအချို့ပြောခဲ့ပါတယ်။ ကျွန်တော်တို့တည်ဆောက်ခဲ့တဲ့အသင်းအတွက် ဂုဏ်ယူရကြောင်း မက်ဆီက ပြောပါတယ်။ ကျွန်တော်တို့အားလုံးဟာ အချိန်အကြာကြီးအတူတကွမရှိကြပေမယ့် နှစ်ပေါင်းများစွာကြာအောင် အတူတူရှိလာတဲ့သူတွေလို ခံစားရပါတယ်။ ကျွန်တော်တို့ဟာ ပထမဆုံးနေ့ကတည်းက တူညီတဲ့လားရာကို လှော်ခတ်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။ ကိုပါပြိုင်ပွဲမှာ သူတို့ရှိခဲ့တာ၊ပေးဆပ်ခဲ့တာတွေအပြင် အာဂျင်တီးနားဂျာစီအတွက် နှစ်မြှပ်ခဲ့တဲ့ လူငယ်တွေအတွက် အရမ်းဂုဏ်ယူရကြောင်းလည်း မက်ဆီက ပြောပါတယ်။ အဲဒါတွေထက် သူတို့ပိုထိုက်တန်ကြောင်းလည်း မက်ဆီက ပြောခဲ့တာပါ။ သူပြောတာ ဆုံးတော့ အားလုံးမျက်ရည်ကျရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက အားလုံးကို ဟတ်ထိစေခဲ့တာပါ။ အထူးသဖြင့် လူငယ်တွေပါ။ လူငယ်တွေဟာ တူညီတဲ့လမ်းကြောင်းကနေ ဆက်လက်ပခုံးထမ်းရမယ့်သူတွေပါ။ သူတို့အတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ သူတို့သာ အကုန်လုံးဆက်လက်ပေးဆပ်ကစားမယ်ဆိုရင် အနှေးနဲ့အမြန်ဆိုသလိုပဲ ကံတရားက ကျွန်တော်တို့ဘက်ကို ရောက်လာမှာပါ”လို့ ရုပ်သံအင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့တာပါ။
photo-gettyimages
မက်ဆီဟာ နိုင်ငံအသင်းပတ်သက်ရင် အမြဲဝေဖန်ခံခဲ့ရပေမယ့် ဒီနှစ်ကိုပါအမေရိကမှာတော့ မတူညီတဲ့မက်ဆီကို တွေ့ရတာဖြစ်ပြီး ဒီမက်ဆီကို နှစ်သက်ကြောင်းလည်း ဒီမာရီယာက ဆက်ပြောပါတယ်။ အဲဒီဘာစီလိုနာတိုက်စစ်မှုးဟာ နိုင်ငံတကာဘောလုံးနဲ့ ၃ လတာပိတ်ပင်ခံထားရတာကြောင့် နိုဝင်ဘာ ၃ ရက်နေ့ရောက်မှသာ အာဂျင်တီးနားအတွက် ပြန်ကစားပေးနိုင်မှာပါ။
[Zawgyi]
အာဂ်င္တီးနားအသင္းေဖာ္ေတြငိုေအာင္ မက္ဆီလုပ္ခဲ့တဲ့ေန႔
မက္ဆီဟာ သမိုင္းတစ္ေလွ်ာက္ ကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲက တစ္ေယာက္ျဖစ္ေပမယ့္ သူ႔ဆီမွာ နက္ရႈိင္းတဲ့ေနာင္တရမႈတစ္ခုကေတာ့ ရွိေနဆဲပါပဲ။ အဲဒါကေတာ့ ႏိုင္ငံအသင္းအာဂ်င္တီးနားနဲ႔အတူ ဘာအဓိကဆုဖလားတစ္လုံးတစ္ေလမွ ရယူႏိုင္ျခင္း မရွိေသးတာပါပဲ။ သူဟာ ၿပီးခဲ့တဲ့ဇြန္နဲ႔ဇူလိုင္လအတြင္းက က်ငး္ပသြားခဲ့တဲ့ ကိုပါအေမရိကၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းကို ဦးေဆာင္ခဲ့ေပမယ့္ ဆီမီးဖိုင္နယ္အေရာက္မွာ အိမ္ရွင္ဘရာဇီးရဲ႕ ၂-၀ နဲ႔အႏိုင္ယူျခင္းခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ဇူလိုင္ ၃ ရက္ေန႔က ကစားခဲ့တဲ့ အဲဒီဆီမီးဖိုင္နယ္ပြဲအၿပီး အ၀တ္အစားလဲခန္းထဲမွာ မက္ဆီေျပာခဲ့တဲ့စကားဟာ အာဂ်င္တီးနားအသင္းေဖ္ာေတြကို မ်က္ရည္က်ေစခဲ့တာပါ။
ဒီအေၾကာင္းနဲ႔ပတ္သက္လုိ႔ အာဂ်င္တီးနားလက္ေရြးစင္ေတာင္ပံကစားသမားဒီမာရီယာက”ဘရာဇီးကို ရႈံးခဲ့တဲ့ပြဲအၿပီးမွာ မက္ဆီဟာ ကၽြန္ေတာ္တို႔ကို လွပတဲ့စကားလုံးအခ်ိဳ႕ေျပာခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔တည္ေဆာက္ခဲ့တဲ့အသင္းအတြက္ ဂုဏ္ယူရေၾကာင္း မက္ဆီက ေျပာပါတယ္။ ကၽြန္ေတာ္တို႔အားလုံးဟာ အခ်ိန္အၾကာႀကီးအတူတကြမရွိၾကေပမယ့္ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အတူတူရွိလာတဲ့သူေတြလို ခံစားရပါတယ္။ ကၽြန္ေတာ္တို႔ဟာ ပထမဆုံးေန႔ကတည္းက တူညီတဲ့လားရာကို ေလွာ္ခတ္ခဲ့ၾကတယ္လို႔ သူက ေျပာပါတယ္။ ကိုပါၿပိဳင္ပြဲမွာ သူတုိ႔ရွိခဲ့တာ၊ေပးဆပ္ခဲ့တာေတြအျပင္ အာဂ်င္တီးနားဂ်ာစီအတြက္ ႏွစ္ျမွပ္ခဲ့တဲ့ လူငယ္ေတြအတြက္ အရမး္ဂုဏ္ယူရေၾကာင္းလည္း မက္ဆီက ေျပာပါတယ္။ အဲဒါေတြထက္ သူတုိိ႔ပိုထိုက္တန္ေၾကာင္းလညး္ မက္ဆီက ေျပာခဲ့တာပါ။ သူေျပာတာ ဆုံးေတာ့ အားလုံးမ်က္ရည္က်ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒါက အားလုံးကို ဟတ္ထိေစခဲ့တာပါ။ အထူးသျဖင့္ လူငယ္ေတြပါ။ လူငယ္ေတြဟာ တူညီတဲ့လမ္းေၾကာင္းကေန ဆက္လက္ပခုံးထမ္းရမယ့္သူေတြပါ။ သူတို႔အတြက္ လြယ္ကူမွာေတာ့ မဟုတ္ပါဘူး။ သူတို႔သာ အကုန္လုံးဆက္လက္ေပးဆပ္ကစားမယ္ဆိုရင္ အေႏွးနဲ႔အျမန္ဆုိသလိုပဲ ကံတရားက ကၽြန္ေတာ္တို႔ဘက္ကို ေရာက္လာမွာပါ”လို႔ ရုပ္သံအင္တာဗ်ဴးတစ္ခုမွာ ဖြင့္ဟခဲ့တာပါ။
မက္ဆီဟာ ႏိုင္ငံအသင္းပတ္သက္ရင္ အၿမဲေ၀ဖန္ခံခဲ့ရေပမယ့္ ဒီႏွစ္ကိုပါအေမရိကမွာေတာ့ မတူညီတဲ့မက္ဆီကို ေတြ႕ရတာျဖစ္ၿပီး ဒီမက္ဆီကို ႏွစ္သက္ေၾကာင္းလည္း ဒီမာရီယာက ဆက္ေျပာပါတယ္။ အဲဒီဘာစီလိုနာတုိက္စစ္မႈးဟာ ႏိုင္ငံတကာေဘာလုံးနဲ႔ ၃ လတာပိတ္ပင္ခံထားရတာေၾကာင့္ ႏို၀င္ဘာ ၃ ရက္ေန႔ေရာက္မွသာ အာဂ်င္တီးနားအတြက္ ျပန္ကစားေပးႏိုင္မွာပါ။