အာဂျင်တီးနားအသင်းနဲ့ပူးပေါင်းခဲ့လို့ စပါးအသင်းရဲ့ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခံရဖို့ရှိနေတဲ့ ရိုမဲရိုးနဲ့လိုဆယ်ဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းဟာ နောက်ခံလူခရစ္စရှန်ရိုမဲရိုးနဲ့ ကွင်းလယ်ကစားသမားလိုဆယ်ဆိုတို့ကို အသင်းရဲ့ခွင့်ပြုချက်မရဘဲနဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့သွားရောက်ပူးပေါင်းခဲ့တဲ့အတွက် လက်ရွေးစင်အသင်းကနေ ပြန်ရောက်လာတဲ့အခါ သူတို့နှစ်ဦးကို ဒဏ်ငွေပြစ်ဒဏ်ချမှတ်သွားဖို့စီစဉ်နေပါပြီ။

ခရစ္စရှန်ရိုမဲရိုးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းရွှေ့စျေးကွက်အတွင်းမှ အတ္တလန်တာအသင်းကနေ စပါးအသင်းကို ပေါင်(၄၂.၅)သန်းနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး သူနဲ့လိုဆယ်ဆိုတို့ဟာ ဘရာဇီးလ်နဲ့ကစားခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲမှာပါဝင်ကစားခဲ့ပေမယ့်

သူတို့နှစ်ဦးအပါအဝင် အက်စတွန်ဗီလာကစားသမားတွေဖြစ်တဲ့ မာတီနက်ဇ်(ဂိုး)၊ ဘွမ်ဒီယာတို့ဟာ ကိုဗစ်စည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ပွဲကစားနေတုန်းမှာ ဘရာဇီးလ်နိုင်ငံကျန်းမာရေးတာဝန်ရှိသူတွေက လာရောက်ထိန်းသိမ်းခဲ့ကြလို့ အဲဒီပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။

ခရစ္စရှန်ရိုမဲရိုးနဲ့လိုဆယ်ဆိုတို့ဟာ ခရိုအေးရှားနိုင်ငံမှာ (၁၀)ရက်ကြာ Quarantine ဝင်ရမှာဖြစ်ပြီး အဲဒါပြီးတော့မှာ ဗြိတိန်က ပြန်ရမှာဖြစ်တာကြောင့် အခုတစ်ပတ်စနေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ကစားမယ့်ပရီးမီးယားလိဂ်အဝေးကွင်းပွဲကို လွဲချော်မှာပါ။

ခရစ္စရှန်ရိုမဲရိုးနဲ့လိုဆယ်ဆိုတို့အနေနဲ့ နိုင်ငံအသင်းအတွက်ပါဝင်ကစားဖို့ ဆန္ဒပြင်းပြခဲ့ပေမယ့် စည်းကမ်းမဲ့တဲ့လုပ်ရပ်ကြောင့် မျှော်လင့်သလိုဖြစ်မလာတဲ့အပြင် စပါးအသင်းဆီ ပြန်ရောက်ရင်လည်း ဒဏ်ငွေပြစ်ဒဏ်ချမှတ်ရဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် ခရစ္စရှန်ရိုမဲရိုးနဲ့လိုဆယ်ဆိုတို့လိုပဲ စပါးအသင်းရဲ့ခွင့်ပြုချက်မရဘဲ ကိုလံဘီယာအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ နောက်ခံလူဒါဗင်ဆင်ဆန်းချက်ဇ်ကလည်း ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခံရဖို့ရှိနေပါပြီ။

ဒါဗင်ဆင်ဆန်းချက်ဇ်ဟာ ပါရာဂွေးနဲ့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ လက်ရွေးစင်အသင်းအတွက်ပါဝင်ကစားခဲ့ပြီး ပါရာဂွေးနိုင်ငံက ဗြိတိန်အစိုးရရဲ့ခရီးသွင်းလာခွင့်ပိတ်ပင်ထားတဲ့ Red List စာရင်းမှာပါဝင်တာကြောင့် စပါးအသင်းကို ပြန်ရောက်တဲ့အချိန်မှာ ဒါဗင်ဆန်းချက်ဇ် Quarantine ဝင်ရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာကစားနေတဲ့ တောင်အမေရိက,ကစားသမားတွေဟာ ဗြိတိန်အစိုးရရဲ့ Red List စာရင်းမှာပါဝင်နေတဲ့ နိုင်ငံတွေအတွက်ပါဝင်ကစားရင် (၁၀)ရက်ကြာ Quarantine ဝင်ရမှာဖြစ်တဲ့အတွက်

ပရီးမီးယားလိဂ်ပွဲအပါအဝင် ပွဲစဉ်(၅)ပွဲလောက်ကို လွဲချော်မှာဖြစ်လို့ ကလပ်အသင်းတွေက သူတို့ကစားသမားတွေကို လက်ရွေးစင်အသင်းမှာပါဝင်ကစားဖို့ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အာဂ်င္တီးနားအသင္းနဲ႔ပူးေပါင္းခဲ့လို႔ စပါးအသင္းရဲ႕ဒဏ္ေငြျပစ္ဒဏ္ခ်မွတ္ခံရဖို႔ရွိေနတဲ့ ႐ိုမဲ႐ိုးနဲ႔လိုဆယ္ဆို

စပါးအသင္းဟာ ေနာက္ခံလူခရစၥရွန္႐ိုမဲ႐ိုးနဲ႔ ကြင္းလယ္ကစားသမားလိုဆယ္ဆိုတို႔ကို အသင္းရဲ႕ခြင့္ျပဳခ်က္မရဘဲနဲ႔ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းနဲ႔သြားေရာက္ပူးေပါင္းခဲ့တဲ့အတြက္ လက္ေ႐ြးစင္အသင္းကေန ျပန္ေရာက္လာတဲ့အခါ သူတို႔ႏွစ္ဦးကို ဒဏ္ေငြျပစ္ဒဏ္ခ်မွတ္သြားဖို႔စီစဥ္ေနပါၿပီ။

ခရစၥရွန္႐ိုမဲ႐ိုးဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းေ႐ႊ႕ေစ်းကြက္အတြင္းမွ အတၱလန္တာအသင္းကေန စပါးအသင္းကို ေပါင္(၄၂.၅)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး သူနဲ႔လိုဆယ္ဆိုတို႔ဟာ ဘရာဇီးလ္နဲ႔ကစားခဲ့တဲ့ ၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲမွာပါဝင္ကစားခဲ့ေပမယ့္ သူတို႔ႏွစ္ဦးအပါအဝင္ အက္စတြန္ဗီလာကစားသမားေတြျဖစ္တဲ့ မာတီနက္ဇ္(ဂိုး)၊ ဘြမ္ဒီယာတို႔ဟာ ကိုဗစ္စည္းကမ္းေတြကို ခ်ိဳးေဖာက္ခဲ့တဲ့အတြက္ ပြဲကစားေနတုန္းမွာ ဘရာဇီးလ္ႏိုင္ငံက်န္းမာေရးတာဝန္ရွိသူေတြက လာေရာက္ထိန္းသိမ္းခဲ့ၾကလို႔ အဲဒီပြဲကို ရပ္ဆိုင္းခဲ့ရပါတယ္။ ခရစၥရွန္႐ိုမဲ႐ိုးနဲ႔လိုဆယ္ဆိုတို႔ဟာ ခ႐ိုေအးရွားႏိုင္ငံမွာ (၁၀)ရက္ၾကာ Quarantine ဝင္ရမွာျဖစ္ၿပီး အဲဒါၿပီးေတာ့မွာ ၿဗိတိန္က ျပန္ရမွာျဖစ္တာေၾကာင့္ အခုတစ္ပတ္စေနေန႔မွာ ခရစၥတယ္ပဲေလ့စ္နဲ႔ကစားမယ့္ပရီးမီးယားလိဂ္အေဝးကြင္းပြဲကို လြဲေခ်ာ္မွာပါ။

ခရစၥရွန္႐ိုမဲ႐ိုးနဲ႔လိုဆယ္ဆိုတို႔အေနနဲ႔ ႏိုင္ငံအသင္းအတြက္ပါဝင္ကစားဖို႔ ဆႏၵျပင္းျပခဲ့ေပမယ့္ စည္းကမ္းမဲ့တဲ့လုပ္ရပ္ေၾကာင့္ ေမွ်ာ္လင့္သလိုျဖစ္မလာတဲ့အျပင္ စပါးအသင္းဆီ ျပန္ေရာက္ရင္လည္း ဒဏ္ေငြျပစ္ဒဏ္ခ်မွတ္ရဦးမွာျဖစ္ပါတယ္။ ဒါ့အျပင္ ခရစၥရွန္႐ိုမဲ႐ိုးနဲ႔လိုဆယ္ဆိုတို႔လိုပဲ စပါးအသင္းရဲ႕ခြင့္ျပဳခ်က္မရဘဲ ကိုလံဘီယာအသင္းအတြက္ ပါဝင္ကစားခဲ့တဲ့ ေနာက္ခံလူဒါဗင္ဆင္ဆန္းခ်က္ဇ္ကလည္း ဒဏ္ေငြျပစ္ဒဏ္ခ်မွတ္ခံရဖို႔ရွိေနပါၿပီ။

ဒါဗင္ဆင္ဆန္းခ်က္ဇ္ဟာ ပါရာေဂြးနဲ႔(၁-၁)ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ လက္ေ႐ြးစင္အသင္းအတြက္ပါဝင္ကစားခဲ့ၿပီး ပါရာေဂြးႏိုင္ငံက ၿဗိတိန္အစိုးရရဲ႕ခရီးသြင္းလာခြင့္ပိတ္ပင္ထားတဲ့ Red List စာရင္းမွာပါဝင္တာေၾကာင့္ စပါးအသင္းကို ျပန္ေရာက္တဲ့အခ်ိန္မွာ ဒါဗင္ဆန္းခ်က္ဇ္ Quarantine ဝင္ရမွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာကစားေနတဲ့ ေတာင္အေမရိက,ကစားသမားေတြဟာ ၿဗိတိန္အစိုးရရဲ႕ Red List စာရင္းမွာပါဝင္ေနတဲ့ ႏိုင္ငံေတြအတြက္ပါဝင္ကစားရင္ (၁၀)ရက္ၾကာ Quarantine ဝင္ရမွာျဖစ္တဲ့အတြက္ ပရီးမီးယားလိဂ္ပြဲအပါအဝင္ ပြဲစဥ္(၅)ပြဲေလာက္ကို လြဲေခ်ာ္မွာျဖစ္လို႔ ကလပ္အသင္းေတြက သူတို႔ကစားသမားေတြကို လက္ေ႐ြးစင္အသင္းမွာပါဝင္ကစားဖို႔ ပိတ္ပင္ခဲ့တာျဖစ္ပါတယ္။