အာဂျင်တီးနားအတွက် မက်ဆီပြန်အရွေးခံရတာဟာ ဘာစီလိုနာကိုအနှောင့်အယှက်မဖြစ်

PC ; Internet

အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ မက်ဆီ ပြန်လည်ရွေးချယ်ခံရတာဟာ ဘာစီလိုနာအတွက် အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ဘူးလို့ နည်းပြဗယ်ဗာဒီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မက်ဆီဟာ ကိုပါအမေရိကဆီမီးဖိုင်နယ်မှာ အိမ်ရှင်ဘရာဇီးကို အာဂျင်တီးနားရှုံးနိမ့်ခဲ့တာဟာ ဘောလုံးအဖွဲ့ချုပ်ရဲ့အကျင့်ပျက်ခြစားမှုကြောင့်လို့ စွပ်စွဲခဲ့တဲ့အတွက် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ ပွဲပယ်ပြစ်ဒဏ်နဲ့ဒဏ်ငွေဒေါ်လာ ၅ သောင်းချမှတ်ခံခဲ့ရပါတယ်။

PC ; Internet

ဒါကြောင့် ဘာစီလိုနာတိုက်စစ်မှူးဟာ အာဂျင်တီးနားရဲ့နောက်ဆုံး ၄ပွဲကိုလွဲချော်ခဲ့ရပါတယ်။ဒါပေမဲ့ ဆော်ဒီအာရေဗျနဲ့အစ္စရေးမှာ ကစားမယ့် ဘရာဇီး၊ဥရုဂွေးတို့နဲ့ပွဲစဉ်တွေအတွက် အာဂျင်တီးနားနောက်ဆုံးလူစာရင်းမှာတော့ ပါဝင်လာခဲ့ပါတယ်။ဒီရာသီမှာ ဒဏ်ရာပြသနာတွေနဲ့ရုန်းကန်နေရတဲ့ သူ့ကို လက်ရွေးစင်အသင်းဆီ စေလွှတ်ပေးရဦးမှာဟာ ဘာစီလိုနာအတွက် အနုတ်လက္ခဏာပဲဆိုတဲ့ အယူအဆတွေအပေါ် ဗယ်ဗာဒီကတုံ့ပြန်လိုက်တာဖြစ်ပါတယ်။

PC ; Internet

“ တကယ်လို့ မက်ဆီဟာ နိုးနိုးကြားကြားရှိနေခဲ့မယ်ဆိုရင် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရဖို့ အခွင့်အရေးကောင်းရမယ်ဆိုတာ ကျွန်တော်တို့နားလည်ထားပါတယ်။သူဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် အာဂျင်တီးနားအသင်းမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။ဒါပေမဲ့ လက်ရှိအချိန်မှာ ပုံမှန်အနေအထားပြန်ရောက်နေပြီဖြစ်သလို သူ့အတွက် လက်ရွေးစင်အသင်းတံခါးလည်းပွင့်နေပါပြီ။ဒါဟာ ကျွန်တော်တို့အတွက်ရော သူ့အတွက်ပါ လက်ခံရမယ့် အကြောင်းအရာပါ။ဘာစီလိုနာအတွက် အနှောင့်အယှက်ဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး ” လို့ ဗယ်ဗာဒီက ပြောဆိုသွားပါတယ်။

(zawgyi)

အာဂ်င္တီးနားလက္ေရြးစင္အသင္းမွာ မက္ဆီ ျပန္လည္ေရြးခ်ယ္ခံရတာဟာ ဘာစီလိုနာအတြက္ အေႏွာင့္အယွက္ျဖစ္ေစမွာ မဟုတ္ဘူးလို႔ နည္းျပဗယ္ဗာဒီက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။မက္ဆီဟာ ကိုပါအေမရိကဆီမီးဖိုင္နယ္မွာ အိမ္ရွင္ဘရာဇီးကို အာဂ်င္တီးနားရံႈးနိမ့္ခဲ့တာဟာ ေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕အက်င့္ပ်က္ျခစားမႈေၾကာင့္လို႔ စြပ္စြဲခဲ့တဲ့အတြက္ ေတာင္အေမရိကေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ ပြဲပယ္ျပစ္ဒဏ္နဲ႔ဒဏ္ေငြေဒၚလာ ၅ ေသာင္းခ်မွတ္ခံခဲ့ရပါတယ္။ဒါေၾကာင့္ ဘာစီလိုနာတိုက္စစ္မွဴးဟာ အာဂ်င္တီးနားရဲ႕ေနာက္ဆံုး ၄ပြဲကိုလြဲေခ်ာ္ခဲ့ရပါတယ္။ဒါေပမဲ့ ေဆာ္ဒီအာေရဗ်နဲ႔အစၥေရးမွာ ကစားမယ့္ ဘရာဇီး၊ဥရုေဂြးတို႔နဲ႔ပြဲစဥ္ေတြအတြက္ အာဂ်င္တီးနားေနာက္ဆံုးလူစာရင္းမွာေတာ့ ပါ၀င္လာခဲ့ပါတယ္။ဒီရာသီမွာ ဒဏ္ရာျပသနာေတြနဲ႔ရုန္းကန္ေနရတဲ့ သူ႔ကို လက္ေရြးစင္အသင္းဆီ ေစလႊတ္ေပးရဦးမွာဟာ ဘာစီလိုနာအတြက္ အႏုတ္လကၡဏာပဲဆိုတဲ့ အယူအဆေတြအေပၚ ဗယ္ဗာဒီကတံု႔ျပန္လိုက္တာျဖစ္ပါတယ္။“ တကယ္လို႔ မက္ဆီဟာ ႏိုးႏိုးၾကားၾကားရွိေနခဲ့မယ္ဆိုရင္ လက္ေရြးစင္အသင္းအတြက္ ေရြးခ်ယ္ခံရဖို႔ အခြင့္အေရးေကာင္းရမယ္ဆိုတာ ကၽြန္ေတာ္တို႔နားလည္ထားပါတယ္။သူဟာ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ အာဂ်င္တီးနားအသင္းမွာ ပါ၀င္ခြင့္မရခဲ့ပါဘူး။ဒါေပမဲ့ လက္ရွိအခ်ိန္မွာ ပံုမွန္အေနအထားျပန္ေရာက္ေနၿပီျဖစ္သလို သူ႔အတြက္ လက္ေရြးစင္အသင္းတံခါးလည္းပြင့္ေနပါၿပီ။ဒါဟာ ကၽြန္ေတာ္တို႔အတြက္ေရာ သူ႔အတြက္ပါ လက္ခံရမယ့္ အေၾကာင္းအရာပါ။ဘာစီလိုနာအတြက္ အေႏွာင့္အယွက္ျဖစ္လိမ့္မယ္လို႔ ကၽြန္ေတာ္မထင္ပါဘူး ” လို႔ ဗယ္ဗာဒီက ေျပာဆိုသြားပါတယ္။