
ဥရုဂွေးကို ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့အာဂျင်တီးနားရဲ့တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တိုက်စစ်မှုးလော်တာရိုမာတီနက်ဇ်ဟာ အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သလို မျက်ရည်ကျရတဲ့အထိလည်း စိတ်ခံစားမှုကြီးမားခဲ့ပါတယ်။
အဲဒီအင်တာမီလန်တိုက်စစ်မှုးဟာ ပွဲပြီးခါနီးမှာ လူစားလဲခံရပြီးနောက် အရန်ခုံထိုင်နေရင်းနဲ့ မျက်ရည်ကျခဲ့တာ ဖြစ်ပါတယ်။
အဲဒီအခိုက်အတန့်ကို ရုပ်သံကနေ မြင်ခဲ့ရတဲ့ပရိသတ်တွေကတော့ မာတီနက်ဇ်ဟာ ဒဏ်ရာရာသွားလို့ ငိုနေတာဖြစ်လိမ့်မယ်လို့ ထင်မြင်ခဲ့ကြပါတယ်။
ဒါပေမဲ့လည်း ပွဲအပြီးမှာ ၂၄ နှစ်အရွယ် လော်တာရိုက ဘာကြောင့် အဲဒီလိုဖြစ်ခဲ့တယ်ဆိုတာကို မီဒီယာတွေထံ ရှင်းပြလိုက်ပါတယ်။
သူဟာ ၂၀၁၈ မှာ ဇာတိအာဂျင်တီးနားကနေထွက်ခွာပြီး အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့တာပါ။
အဲဒီကတည်းက လော်တာရိုဟာ အကြောင်းများစွာကြောင့် နိုင်ငံအသင်းအိမ်ကွင်းပရိသတ်တွေရှေ့မှောက်ကစားရဖို့ အခွင့်အရေးများများစားစားမရခဲ့ပါဘူး။
ဒါပေမဲ့လည်း ဥရုဂွေးနဲ့ကစားသွားခဲ့တဲ့ခြေစစ်ပွဲကို အာဂျင်တီးနားပရိသတ်တွေကွင်းလုံးပြည့်အားပေးခဲ့သလို လော်တာရိုအနေနဲ့လည်း နောက်ဆုံးမှာ သူ့မိသားစုရဲ့ရှေ့မှောက် ဂိုးသွင်းနိုင်ခဲ့ပါတယ်။
အဲဒီနိုင်ပွဲကြောင့် အာဂျင်တီးနားဟာ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲအမှတ်ပေးဇယားမှာ ဒုတိယနေရာ တက်လှမ်းနိုင်ခဲ့ပါတယ်။
လော်တာရိုမာတီနက်ဇ်ဟာ အဲဒီပွဲမှာ ပွဲသိမ်းဂိုးဖြစ်တဲ့ တတိယဂိုးကို ပွဲချိန် ၆၂ မိနစ်အရောက်မှာ သွင်းယူခဲ့တာဖြစ်ပြီး နိုင်ငံအသင်းအတွက် သူ့ရဲ့၁၆ ဂိုးမြောက်လည်း ဖြစ်လာခဲ့ပါတယ်။
သူဟာ ဒီရာသီစီးရီးအေမှာလည်း အင်တာမီလန်အတွက် ၅ ဂိုးသွင်းယူပေးထားကာ လူကာကူမရှိတော့တဲ့နောက် ကလပ်အသင်းတိုက်စစ်မှာ အရေးပါသူတစ်ယောက်ဖြစ်နေတာပါ။
zawgyi
အာဂ်င္တီးနားရဲ႕ဂိုးျပတ္ႏိုင္ပြဲမွာ ဘာေၾကာင့္မ်က္ရည္က်ခဲ့ရတယ္ဆိုတာ ရွင္းျပလိုက္တဲ့ေလာ္တာ႐ို
ဥ႐ုေဂြးကို ၃ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့အာဂ်င္တီးနားရဲ႕ေတာင္အေမရိကဇုန္ကမာၻ႔ဖလားေျခစစ္ပြဲမွာ တိုက္စစ္မႈးေလာ္တာ႐ိုမာတီနက္ဇ္ဟာ အႏိုင္ဂိုးတစ္ဂိုးသြင္းယူႏိုင္ခဲ့သလို မ်က္ရည္က်ရတဲ့အထိလည္း စိတ္ခံစားမႈႀကီးမားခဲ့ပါတယ္။
အဲဒီအင္တာမီလန္တိုက္စစ္မႈးဟာ ပြဲၿပီးခါနီးမွာ လူစားလဲခံရၿပီးေနာက္ အရန္ခုံထိုင္ေနရင္းနဲ႔ မ်က္ရည္က်ခဲ့တာ ျဖစ္ပါတယ္။ အဲဒီအခိုက္အတန႔္ကို ႐ုပ္သံကေန ျမင္ခဲ့ရတဲ့ပရိသတ္ေတြကေတာ့ မာတီနက္ဇ္ဟာ ဒဏ္ရာရာသြားလို႔ ငိုေနတာျဖစ္လိမ့္မယ္လို႔ ထင္ျမင္ခဲ့ၾကပါတယ္။
ဒါေပမဲ့လည္း ပြဲအၿပီးမွာ ၂၄ ႏွစ္အ႐ြယ္ ေလာ္တာ႐ိုက ဘာေၾကာင့္ အဲဒီလိုျဖစ္ခဲ့တယ္ဆိုတာကို မီဒီယာေတြထံ ရွင္းျပလိုက္ပါတယ္။ သူဟာ ၂၀၁၈ မွာ ဇာတိအာဂ်င္တီးနားကေနထြက္ခြာၿပီး အင္တာမီလန္ကို ေျပာင္းေ႐ႊ႕ခဲ့တာပါ။
အဲဒီကတည္းက ေလာ္တာ႐ိုဟာ အေၾကာင္းမ်ားစြာေၾကာင့္ ႏိုင္ငံအသင္းအိမ္ကြင္းပရိသတ္ေတြေရွ႕ေမွာက္ကစားရဖို႔ အခြင့္အေရးမ်ားမ်ားစားစားမရခဲ့ပါဘူး။ ဒါေပမဲ့လည္း ဥ႐ုေဂြးနဲ႔ကစားသြားခဲ့တဲ့ေျခစစ္ပြဲကို အာဂ်င္တီးနားပရိသတ္ေတြကြင္းလုံးျပည့္အားေပးခဲ့သလို ေလာ္တာ႐ိုအေနနဲ႔လည္း ေနာက္ဆုံးမွာ သူ႔မိသားစုရဲ႕ေရွ႕ေမွာက္ ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
အဲဒီႏိုင္ပြဲေၾကာင့္ အာဂ်င္တီးနားဟာ ေတာင္အေမရိကဇုန္ကမာၻ႔ဖလားေျခစစ္ပြဲအမွတ္ေပးဇယားမွာ ဒုတိယေနရာ တက္လွမ္းႏိုင္ခဲ့ပါတယ္။ ေလာ္တာ႐ိုမာတီနက္ဇ္ဟာ အဲဒီပြဲမွာ ပြဲသိမ္းဂိုးျဖစ္တဲ့ တတိယဂိုးကို ပြဲခ်ိန္ ၆၂ မိနစ္အေရာက္မွာ သြင္းယူခဲ့တာျဖစ္ၿပီး ႏိုင္ငံအသင္းအတြက္ သူ႔ရဲ႕၁၆ ဂိုးေျမာက္လည္း ျဖစ္လာခဲ့ပါတယ္။
သူဟာ ဒီရာသီစီးရီးေအမွာလည္း အင္တာမီလန္အတြက္ ၅ ဂိုးသြင္းယူေပးထားကာ လူကာကူမရွိေတာ့တဲ့ေနာက္ ကလပ္အသင္းတိုက္စစ္မွာ အေရးပါသူတစ္ေယာက္ျဖစ္ေနတာပါ။