
Photo Credit
Photo Credit
ဂျူဗင်တပ်စ်တိုက်စစ်မှူး ပေါ်လိုဒီဘားလားက တူရင်အခြေစိုက်အသင်းကို တိုက်စစ်မှူး ရော်နယ်ဒို စတင်ရောက်ရှိလာခဲ့တုန်းက အဲဒီပေါ်တူဂီအသင်းခေါင်းဆောင်ရဲ့ ပုဂ္ဂိုလ်ရေးသဘောထားအပေါ် အံ့အားသင့်မိခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။
Photo Credit
ရော်နယ်ဒိုဟာ ၂၀၁၈ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို အံ့အားသင့်ဖွယ်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒီဘားလားက အသင်းသားတွေကလည်း ရော်နယ်ဒိုအကြောင်း သိပ်မသိခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
Photo Credit
ဒါပေမဲ့ ဒီဘားလားက ရော်နယ်ဒိုရဲ့လူမှုဆက်ဆံရေးကောင်းမွန်မှုကို ချီးကျူးခဲ့ပြီး အသင်းကို ရောက်ပြီးမကြာခင်မှာပဲ အသင်းသားတွေနဲ့ ရင်းနှီးသွားသလို အရေးပါသူချက်ချင်းဖြစ်လာခဲ့ကာ အရမ်းကိုဆိုရှယ်ကျသူဖြစ်ကြောင်း ဆိုပါတယ်။
Photo Credit
ပြီးတော့ ဒီဘားလားက မွေးရပ်မြေ အာဂျင်တီးနားနိုင်ငံမှာ ရော်နယ်ဒိုက လူမုန်းများသူလို့ ကာကယံရှင်ဖြစ်သူကို အသိပေးလိုက်ချိန်မှာ ရော်နယ်ဒိုက ရယ်မောနေခဲ့ကြောင်း ဆိုခဲ့ပြီး စိတ်ဆိုးဒေါသထွက်ခြင်းမရှိခဲ့ကြောင်း ပြောပါတယ်။
Photo Credit
”ကျွန်တော်အပါအဝင် အသင်းသားတွေက သူ့အကြောင်း သိပ်မသိခဲ့လို့ ရော်နယ်ဒိုရဲ့ပါစင်နယ်နဲ့ပတ်သက်လို့ အံ့အားသင့်မိခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာတောင် သူပါဝင်တဲ့ရီးရဲလ်ကြောင့် ကျွန်တော်တို့အသင်း ထွက်ခဲ့ရတာလေ။ ဒါပေမဲ့ သူဟာ အရမ်းကို အံ့အားသင့်စရာကောင်းတဲ့လူဖြစ်ပြီး ဆိုရှယ်လည်းကျသလို ကွင်းတွင်း၊ ကွင်းပြင် ခင်မင်စရာလည်း ကောင်းပါတယ်”
Photo Credit
”စကားပြောဖို့ ဒါမှမဟုတ် နားထောက်ဖို့ အမြဲတမ်းအသင့်ရှိနေတတ်ပါတယ်။ ဒါတွေက ကျွန်တော့်ကို အံ့အားသင့်စေခဲ့ပါတယ်။ ကျွန်တော်တို့ ခရီးအတူတူထွက်ကြတော့ သူနဲ့ စကားသေချာပြောဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်က ‘ဒီမှာကြည့် ကျွန်တော် အရိုးသားဆုံးပြောမယ်။ အာဂျင်တီးနားမှာ ခင်ဗျားကို မုန်းကြတယ်။ ခင်ဗျားရဲ့အနေအထားရယ်၊ ခင်ဗျားရဲ့လမ်းလျှောက်ပုံတွေကအစပေါ့ဗျာ”
Photo Credit
”အခု ကျွန်တော်ကိုယ်တွေ့ကြုံတော့မှ အရမ်းကို အံ့အားသင့်မိတယ်’လို့ သူ့ကို ပြောပြခဲ့ပါတယ်။ အဲဒီလိုပြောလိုက်တော့ သူက ရယ်တော့တာပါပဲ။ သူက ‘ဒီလိုဖြစ်မယ်ဆိုတာ ငါသိတာပေါ့ကွာ။ ဒါပေမဲ့ ကိုယ်ဘယ်သူလဲဆိုတာပါ သိထားပါတယ်။ ဒီလိုဝေဖန်မှု၊ မုန်းတီးမှုတွေကို အောင်မြင်မှုရဖို့ အသုံးချခဲ့တာပေါ့’လို့ ပြန်ပြောပါတယ်”လို့ ဒီဘားလားက ပြောပါတယ်။
Photo Credit
Zawgyi
အာဂ်င္တီးနားမွာ လူမုန္းမ်ားတယ္လုိ႔ အေျပာခံရမႈအေပၚ ေရာ္နယ္ဒို ဘယ္လုိတု႔ံျပန္ခဲ့လဲ
ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေပၚလုိဒီဘားလားက တူရင္အေျခစုိက္အသင္းကို တုိက္စစ္မွဴး ေရာ္နယ္ဒို စတင္ေရာက္ရွိလာခဲ့တုန္းက အဲဒီေပၚတူဂီအသင္းေခါင္းေဆာင္ရဲ႕ ပုဂၢိဳလ္ေရးသေဘာထားအေပၚ အံ့အားသင့္မိခဲ့တယ္လုိ႔ ၀န္ခံလုိက္ပါတယ္။
ေရာ္နယ္ဒိုဟာ ၂၀၁၈ ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကေန ဂ်ဴဗင္တပ္စ္ကို အံ့အားသင့္ဖြယ္ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး ဒီဘားလားက အသင္းသားေတြကလည္း ေရာ္နယ္ဒိုအေၾကာင္း သိပ္မသိခဲ့ဘူးလုိ႔ ဖြင့္ဟခဲ့ပါတယ္။
ဒါေပမဲ့ ဒီဘားလားက ေရာ္နယ္ဒိုရဲ႕လူမႈဆက္ဆံေရးေကာင္းမြန္မႈကို ခ်ီးက်ဴးခဲ့ၿပီး အသင္းကို ေရာက္ၿပီးမၾကာခင္မွာပဲ အသင္းသားေတြနဲ႔ ရင္းႏွီးသြားသလို အေရးပါသူခ်က္ခ်င္းျဖစ္လာခဲ့ကာ အရမ္းကိုဆုိရွယ္က်သူျဖစ္ေၾကာင္း ဆုိပါတယ္။
ၿပီးေတာ့ ဒီဘားလားက ေမြးရပ္ေျမ အာဂ်င္တီးနားႏိုင္ငံမွာ ေရာ္နယ္ဒိုက လူမုန္းမ်ားသူလုိ႔ ကာကယံရွင္ျဖစ္သူကို အသိေပးလုိက္ခ်ိန္မွာ ေရာ္နယ္ဒိုက ရယ္ေမာေနခဲ့ေၾကာင္း ဆုိခဲ့ၿပီး စိတ္ဆိုးေဒါသထြက္ျခင္းမရွိခဲ့ေၾကာင္း ေျပာပါတယ္။
”ကၽြန္ေတာ္အပါအ၀င္ အသင္းသားေတြက သူ႕အေၾကာင္း သိပ္မသိခဲ့လုိ႔ ေရာ္နယ္ဒိုရဲ႕ပါစင္နယ္နဲ႔ပတ္သက္လုိ႔ အံ့အားသင့္မိခဲ့ပါတယ္။ ခ်န္ပီယံလိဂ္မွာေတာင္ သူပါ၀င္တဲ့ရီးရဲလ္ေၾကာင့္ ကၽြန္ေတာ္တို႔အသင္း ထြက္ခဲ့ရတာေလ။ ဒါေပမဲ့ သူဟာ အရမ္းကို အံ့အားသင့္စရာေကာင္းတဲ့လူျဖစ္ၿပီး ဆုိရွယ္လည္းက်သလုိ ကြင္းတြင္း၊ ကြင္းျပင္ ခင္မင္စရာလည္း ေကာင္းပါတယ္”
”စကားေျပာဖို႔ ဒါမွမဟုတ္ နားေထာက္ဖုိ႔ အၿမဲတမ္းအသင့္ရွိေနတတ္ပါတယ္။ ဒါေတြက ကၽြန္ေတာ့္ကို အံ့အားသင့္ေစခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔ ခရီးအတူတူထြက္ၾကေတာ့ သူနဲ႔ စကားေသခ်ာေျပာျဖစ္ပါတယ္။ အဲဒီမွာ ကၽြန္ေတာ္က ‘ဒီမွာၾကည့္ ကၽြန္ေတာ္ အ႐ိုးသားဆုံးေျပာမယ္။ အာဂ်င္တီးနားမွာ ခင္ဗ်ားကို မုန္းၾကတယ္။ ခင္ဗ်ားရဲ႕အေနအထားရယ္၊ ခင္ဗ်ားရဲ႕လမ္းေလွ်ာက္ပုံေတြကအစေပါ့ဗ်ာ”
”အခု ကၽြန္ေတာ္ကိုယ္ေတြ႕ႀကံဳေတာ့မွ အရမ္းကို အံ့အားသင့္မိတယ္’လုိ႔ သူ႕ကို ေျပာျပခဲ့ပါတယ္။ အဲဒီလုိေျပာလုိက္ေတာ့ သူက ရယ္ေတာ့တာပါပဲ။ သူက ‘ဒီလုိျဖစ္မယ္ဆုိတာ ငါသိတာေပါ့ကြာ။ ဒါေပမဲ့ ကိုယ္ဘယ္သူလဲဆုိတာပါ သိထားပါတယ္။ ဒီလုိေ၀ဖန္မႈ၊ မုန္းတီးမႈေတြကို ေအာင္ျမင္မႈရဖို႔ အသုံးခ်ခဲ့တာေပါ့’လုိ႔ ျပန္ေျပာပါတယ္”လုိ႔ ဒီဘားလားက ေျပာပါတယ္။