အာဂျင်တီးနားနဲ့ အတူ အကောင်အထည် ဖော်ရမယ့် မက်ဆီ ရဲ့ အိပ်မက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဒီနှစ် ကိုပါအမေရိကပြိုင်ပွဲမှာ အောင်ပွဲရယူနိုင်ဖို့ မျှော်လင့်ထားကြောင်း မီဒီယာတွေကို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

သူဟာ နိုင်ငံအသင်းနဲ့ပတ်သက်ပြီး အောင်မြင်မှုတွေရယူလိုတဲ့ ပြင်းပြတဲ့ အိပ်မက်တစ်ခုရှိနေသူပါ။

ဘာစီလိုနာအသင်းနဲ့အတူ ဥရောပမှာ ရနိုင်သမျှ ဆုဖလားတွေ အကြိမ်ကြိမ်ရရှိခဲ့ပေမယ့် နိုင်ငံလက်ရွေးစင်အသင်းမှာတော့ မက်ဆီဟာ ကံဆိုးမှုတွေနဲ့သာ ကြုံခဲ့ရပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဂျာမနီအသင်းကို အချိန်ပိုမှာ ရှုံးနိမ့်ခဲ့ရသလို ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တို့ရဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲတွေမှာလည်း ဗိုလ်လုပွဲအဆင့်မှာပဲ ချီလီအသင်းကို ၂ နှစ်ဆက် ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။

ဒီနှစ်မှာလည်း အာဂျင်တီးနားအသင်းဟာ အဖွင့်ပွဲစဉ်မှာ မဟာပြိုင်ဘက်လို့ ဆိုနိုင်တဲ့ ချီလီအသင်းနဲ့ ဆုံတွေ့ရမှာဖြစ်ပြီး အင်္ဂါ မနက် ၃း၃၀ မိနစ်မှာ ကစားသွားရဖို့ ရှိနေပါတယ်။

ဇွန်လအစောပိုင်းက ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာတော့ ဒီနှစ်သင်းဟာ တစ်ဂိုးစီသရေနဲ့ သာပြီးဆုံးခဲ့ပေမယ့် ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတော့ အတော်လေးပြင်းထန်မှာ သေချာပါတယ်။

အာဂျင်တီးနားအသင်းဟာ လက်ရှိအချိန်မှာ စုစည်းမှုကောင်းကောင်းနဲ့ ကစားနိုင်နေပြီး နောက်ဆုံးကစားထားတဲ့ ၁၃ ပွဲမှာလည်း ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ အောင်မြင်မှု ရယူဖို့ အားခဲထားတဲ့ မက်ဆီကလည်း ” ကျွန်တော်တို့ လက်ရွေးစင် အသင်းဟာ အစုအဖွဲ့ တစ်ခု အဖြစ် တောင့်တင်းလာခဲ့ကြတယ်လို့ ထင်မိပါတယ်။

ကစားသမား အများစုက အတူတကွ အလုပ် တွဲလုပ်ခဲ့တာ အချိန်ကြာခဲ့ပြီလေ။”

“ကျွန်တော်တို့ ကိုပါ အမေရိက ပြိုင်ပွဲတွေကိုလည်း အတော်လေး ကစားခဲ့ပြီးကြပါပြီ။

ဒါကြောင့် ဒီပြိုင်ပွဲကို ဘယ်လို ကစားရမလဲ ဆိုတဲ့ အတွေ့အကြုံမျိုး ကျွန်တော်တို့ဆီမှာ ရှိနေပါပြီ “

“နိုင်ငံ အသင်းနဲ့ အတူ ကျွန်တော် ကစားခဲ့ရတဲ့ ပွဲစဉ်တိုင်း ခြေစမ်းပွဲ ၊ ခြေစစ်ပွဲ ၊ ကိုပါ အမေရိက ကမ္ဘာ့ ဖလားပဲ ဖြစ်ပါစေ၊

ကျွန်တော့်အတွက် အမြဲတမ်း စပါယ်ရှယ် ဖြစ်ခဲ့ရပါတယ်“

“ကျွန်တော့်ရဲ့ အကြီးမားဆုံးအိပ်မက်တစ်ခုကတော့ နိုင်ငံဂျာစီကို ဝတ်ဆင်ပြီး ဆုဖလားအောင်မြင်မှု ရရှိဖို့ပါပဲ။

ဒါဟာ အကြိမ်ကြိမ်နီးစပ်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။

ဒါပေမယ့် ကျွန်တော်ဆက်ပြီး ကြိုးစားသွားမှာပါ။

ကျွန်တော့်ရဲ့ အိပ်မက်အတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောဆိုသွားခဲ့ပါတယ်။

အာဂျင်တီးနားနည်းပြ စကာလိုနီကတော့ တိုက်စစ်ပိုင်းမှာ မက်ဆီနဲ့ လော်တာရို မာတီနက်စ်ကို တွဲဖက်ပေးလာနိုင်ပြီး ဒီနှစ်မှာ မန်စီးတီးကနေ ဘာစီလိုနာကိုပြောင်းရွှေ့လာတဲ့ အဂူရိုကိုတော့ အရန်ကစားသမားအနေနဲ့ပဲ ပွဲထုတ်လာမယ်လို့ ခန့်မှန်းမိပါတယ်။

ချီလီဘက်မှာတော့ အဓိကတိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်က ဒဏ်ရာကြောင့် အုပ်စုအဆင့်မှာ ပါဝင်ကစားနိုင်မှာမဟုတ်တဲ့အတွက် မက်ဆီဦးဆောင်လာမယ့် အာဂျင်တီးနားကိုတော့ ဒီတစ်ခါ ဒုက္ခပေးနိုင်တော့မယ်လို့မထင်ပါဘူး။

မက်ဆီအနေနဲ့လည်း သူ့ရဲ့ ကာလရှည်ကြာအိပ်မက်တစ်ခုဖြစ်တဲ့ နိုင်ငံ အသင်းဂျာစီကိုဝတ်ဆင်ပြီး ဆုဖလားမြှောက်နိုင်မယ့်အခွင့်အရေးကို ဒီနှစ်မှာ ရနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာပါပဲ…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အာဂ်င္တီးနားနဲ႔ အတူ အေကာင္အထည္ ေဖာ္ရမယ့္ မက္ဆီ ရဲ႕ အိပ္မက္

အာဂ်င္တီးနားအသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ ဒီႏွစ္ ကိုပါအေမရိကၿပိဳင္ပြဲမွာ ေအာင္ပြဲရယူႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း မီဒီယာေတြကို ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။ သူဟာ ႏိုင္ငံအသင္းနဲ႕ပတ္သက္ၿပီး ေအာင္ျမင္မႈေတြရယူလိုတဲ့ ျပင္းျပတဲ့ အိပ္မက္တစ္ခုရွိေနသူပါ။ ဘာစီလိုနာအသင္းနဲ႔အတူ ဥေရာပမွာ ရႏိုင္သမွ် ဆုဖလားေတြ အႀကိမ္ႀကိမ္ရရွိခဲ့ေပမယ့္ ႏိုင္ငံလက္ေ႐ြးစင္အသင္းမွာေတာ့ မက္ဆီဟာ ကံဆိုးမႈေတြနဲ႔သာ ႀကဳံခဲ့ရပါတယ္။

၂၀၁၄ ကမာၻ႔ဖလားမွာ ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ ဂ်ာမနီအသင္းကို အခ်ိန္ပိုမွာ ရႈံးနိမ့္ခဲ့ရသလို ၂၀၁၅ ခုႏွစ္နဲ႔ ၂၀၁၆ ခုႏွစ္တို႔ရဲ႕ ကိုပါအေမရိကဖလားၿပိဳင္ပြဲေတြမွာလည္း ဗိုလ္လုပြဲအဆင့္မွာပဲ ခ်ီလီအသင္းကို ၂ ႏွစ္ဆက္ ရႈံးနိမ့္ခဲ့ရျပန္ပါတယ္။ ဒီႏွစ္မွာလည္း အာဂ်င္တီးနားအသင္းဟာ အဖြင့္ပြဲစဥ္မွာ မဟာၿပိဳင္ဘက္လို႔ ဆိုႏိုင္တဲ့ ခ်ီလီအသင္းနဲ႔ ဆုံေတြ႕ရမွာျဖစ္ၿပီး အဂၤါ မနက္ ၃း၃၀ မိနစ္မွာ ကစားသြားရဖို႔ ရွိေနပါတယ္။

ဇြန္လအေစာပိုင္းက ကစားခဲ့ၾကတဲ့ ကမာၻ႔ဖလား ေျခစစ္ပြဲမွာေတာ့ ဒီႏွစ္သင္းဟာ တစ္ဂိုးစီသေရနဲ႔ သာၿပီးဆုံးခဲ့ေပမယ့္ ဒီတစ္ႀကိမ္ေတြ႕ဆုံမႈမွာေတာ့ အေတာ္ေလးျပင္းထန္မွာ ေသခ်ာပါတယ္။ အာဂ်င္တီးနားအသင္းဟာ လက္ရွိအခ်ိန္မွာ စုစည္းမႈေကာင္းေကာင္းနဲ႔ ကစားႏိုင္ေနၿပီး ေနာက္ဆုံးကစားထားတဲ့ ၁၃ ပြဲမွာလည္း ရႈံးပြဲမရွိေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့ပါတယ္။

ႏိုင္ငံလက္ေ႐ြးစင္အသင္းနဲ႔အတူ ေအာင္ျမင္မႈ ရယူဖို႔ အားခဲထားတဲ့ မက္ဆီကလည္း ” ကြၽန္ေတာ္တို႔ လက္ေ႐ြးစင္ အသင္းဟာ အစုအဖြဲ႕ တစ္ခု အျဖစ္ ေတာင့္တင္းလာခဲ့ၾကတယ္လို႔ ထင္မိပါတယ္ ။ ကစားသမား အမ်ားစုက အတူတကြ အလုပ္ တြဲလုပ္ခဲ့တာ အခ်ိန္ၾကာခဲ့ၿပီေလ ။”

“ကြၽန္ေတာ္တို႔ ကိုပါ အေမရိက ၿပိဳင္ပြဲေတြကိုလည္း အေတာ္ေလး ကစားခဲ့ၿပီးၾကပါၿပီ ။ ဒါေၾကာင့္ ဒီၿပိဳင္ပြဲကို ဘယ္လို ကစားရမလဲ ဆိုတဲ့ အေတြ႕အႀကဳံမ်ိဳး ကြၽန္ေတာ္တို႔ဆီမွာ ရွိေနပါၿပီ။ ႏိုင္ငံ အသင္းနဲ႔ အတူ ကြၽန္ေတာ္ ကစားခဲ့ရတဲ့ ပြဲစဥ္တိုင္း ေျခစမ္းပြဲ ၊ ေျခစစ္ပြဲ ၊ ကိုပါ အေမရိက ကမာၻ႔ ဖလားပဲ ျဖစ္ပါေစ ၊ ကြၽန္ေတာ့္အတြက္ အၿမဲတမ္း စပါယ္ရွယ္ ျဖစ္ခဲ့ရပါတယ္“

“ကြၽန္ေတာ့္ရဲ႕ အႀကီးမားဆုံးအိပ္မက္တစ္ခုကေတာ့ ႏိုင္ငံဂ်ာစီကို ဝတ္ဆင္ၿပီး ဆုဖလားေအာင္ျမင္မႈ ရရွိဖို႔ပါပဲ။ ဒါဟာ အႀကိမ္ႀကိမ္နီးစပ္ခဲ့ေပမယ့္ ျဖစ္မလာခဲ့ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ဆက္ၿပီး ႀကိဳးစားသြားမွာပါ။ ကြၽန္ေတာ့္ရဲ႕ အိပ္မက္အတြက္ ဆက္လက္တိုက္ပြဲဝင္သြားမွာပါ”လို႔ ေျပာဆိုသြားခဲ့ပါတယ္။

အာဂ်င္တီးနားနည္းျပ စကာလိုနီကေတာ့ တိုက္စစ္ပိုင္းမွာ မက္ဆီနဲ႔ ေလာ္တာ႐ို မာတီနက္စ္ကို တြဲဖက္ေပးလာႏိုင္ၿပီး ဒီႏွစ္မွာ မန္စီးတီးကေန ဘာစီလိုနာကိုေျပာင္းေရႊ႕လာတဲ့ အဂူ႐ိုကိုေတာ့ အရန္ကစားသမားအေနနဲ႕ပဲ ပြဲထုတ္လာမယ္လို႕ ခန္႕မွန္းမိပါတယ္။ ခ်ီလီဘက္မွာေတာ့ အဓိကတိုက္စစ္မႉး အလက္ဆစ္ ဆန္းခ်က္ဇ္က ဒဏ္ရာေၾကာင့္ အုပ္စုအဆင့္မွာ ပါဝင္ကစားႏိုင္မွာမဟုတ္တဲ့အတြက္ မက္ဆီဦးေဆာင္လာမယ့္ အာဂ်င္တီးနားကိုေတာ့ ဒီတစ္ခါ ဒုကၡေပးႏိုင္ေတာ့မယ္လို႕မထင္ပါဘူး။

မက္ဆီအေနနဲ႕လည္း သူ႕ရဲ႕ ကာလရွည္ၾကာအိပ္မက္တစ္ခုျဖစ္တဲ့ ႏိုင္ငံ အသင္းဂ်ာစီကိုဝတ္ဆင္ၿပီး ဆုဖလားေျမွာက္ႏိုင္မယ့္အခြင့္အေရးကို ဒီႏွစ္မွာ ရႏိုင္မလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါပဲ…