အာကြီးနဲ့ပွဲမှာ နော်တင်ဟမ်နဲ့ပွဲက အချိုးမျိုး မချိုးကြနဲ့ဆိုတဲ့ တန်ဟတ်

ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ပွဲမှာ မန်ယူကစားသမားတွေဟာ ကိုယ့်အ လုပ် ကိုယ်မလုပ်ကြတဲ့အတွက် ဂိုးတွေပေးလိုက်ရတာဖြစ်ပြီး အာဆင်နယ်နဲ့ ပွဲမှာ အဲဒီလို ပုံစံမျိုး လုပ်လို့မရဘူးလို့ နည်းပြအဲရစ်တန်ဟတ်က သတိပေး လိုက်ပါတယ်။

အီးမရိတ်စ်ကွင်းဆီကို အလည်သွားမယ့် ပွဲစဉ်မှာ ရလဒ် ကောင်းတစ်ခု ရချင်တယ်ဆိုရင်တော့ နော်တင်ဟမ်နဲ့ပွဲက အမှားတွေကို ပြင် ပြီး ဒီထက်ပိုကောင်းအောင် လုပ်ပြမှ ရမယ်လို့ နယ်သာလန်သားနည်းပြက သူ့အသင်းသားတွေကို သတိပေးလိုက်တာပါ။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာဆိုရင် နော်တင်ဟမ်ဖော ရက်စ်ကို ပွဲချိန် ၄ မိနစ်အတွင်းမှာတင် ၂ ဂိုး ပေးလိုက်ရတာပါ။ ဒါပေမဲ့ ဒုတိ ယပိုင်းမှာ ပြိုင်ဘက်အသင်းက ကစားသမားတစ်ယောက် အထုတ်ခံလိုက်ရ ပြီးတဲ့နောက် ၁၀ ယောက်တည်းဖြစ်သွားခဲ့တဲ့ ဖောရက်စ်ကို မန်ယူက အနိုင် ကစားနိုင်ခဲ့ပါတယ်။

ဒီပွဲနဲ့ပတ်သက်လို့ တိုက်စစ်ပိုင်းမှာ ရှိနေတဲ့ ကစားသမား တွေနဲ့ ခံစစ်ပိုင်းမှာ ရှိနေကြတဲ့ ကစားသမားတွေရဲ့ လုပ်အားနှုန်းကို တန်ဟတ်တစ်ယောက် စိတ်တိုင်းမကျခဲ့ပါဘူး။ ‘’ကျွန်တော် မကျေနပ်ရတဲ့ အကြောင်းအရင်းတစ်ခုက ရှေ့တန်းနဲ့ နောက်တန်း ကစားသမားတွေဟာ ကိုယ့်အလုပ် ကိုယ်မလုပ်ကြဘူး။

ကျွန်တော်တို့ အမြင်ကျယ်ဖို့ လိုပြီး တိုး တက်လာအောင် လုပ်ရပါမယ်။ ကျွန်တော်တို့ဟာ အခုထက်ကို ပိုပြီး စုစု စည်းစည်းလေးနဲ့ ဖြစ်နေရမှာပါ။

ဒီလိုမှ မဟုတ်ရင် တန်ပြန်တိုက်စစ်ဆိုတာ မျိုးက ဘယ်တော့မှ ရှိလာမှာ မဟုတ်ဘူး။ ခံစစ်ကစားပုံနဲ့ပတ်သက်ပြီးတော့ လည်း ကျွန်တော့်မှာ ပြဿနာက ရှိတယ်။ ခံစစ်ကစားသမားတွေဆီကနေပြီး တိုက်စစ်ကစားသမားတွေဆီ ဘောလုံးရောက်ဖို့ အကူးအပြောင်း ကိစ္စမှာ ဆိုရင်လည်း ကျွန်တော့်အတွက်က ပြဿနာ ရှိနေပြန်တယ်။

အဲဒါက နိုင်ပွဲရ လိုစိတ်ပဲ။ ကိုယ့်ရဲ့တာဝန်ကို ကျေအောင်လုပ်ပြီး တိုးတက်လာရမှာ။ အဲဒါက ကျွန်တော် လိုချင်တာပဲ။

ပြီးခဲ့တဲ့ နှစ်မှာဆိုရင် ပွဲတိုင်းမှာ အဲဒါမျိုး သူတို့ လုပ် နိုင်တယ်ဆိုတာကို ပြခဲ့ကြတယ်။ နောက်ပြီး အခုလည်း ပိုပြီး မျှော်လင့်မိပါ တယ်။ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ပေးလိုက်ယူလိုက် လုပ်နေလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုဆိုရင် အားနည်းချက်တွေရှိလာပြီး ပွဲတွေအနိုင်ရမှာ မဟုတ်တော့ဘူး’’ လို့ တန်ဟတ်က အာဆင်နယ်နဲ့ ကစားမယ့်ပွဲအတွက် ရည်ရွယ်ပြီး မန်ယူအသင်းသားတွေကို သတိပေးခဲ့တာပါ။