အသည်းကွဲပေမယ့် ခြေစွမ်းတော့မကျပါနဲ့ ရက်ရှ်ဖို့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သာမန်သူတွေရဲ့ နှလုံးသားရေးရာပြဿနာက ဘာမှမဟုတ်ပေမယ့် လူသိများ ထင်ရှားသူတွေရဲ့ ချစ်ရေးချစ်ရာတွေကတော့ ခေါင်းစဉ်ကြီး ဖြစ်နိုင်ပါတယ်။

အခုလည်း ယူနိုက်တက်အသင်းရဲ့လူငယ်ခြေတက်တိုက်စစ်မှူးလေးဖြစ်သူ ရက်ရှ်ဖို့ တစ်ယောက် အသည်းကွဲဝေဒနာကို ခံစားနေရပြီဖြစ်ကြောင်း အနောက် မီဒီယာတွေက ဖွထားပါတယ်။

ရက်ရှ်ဖို့ရဲ့ကျောင်းသားဘဝကတည်းက ငယ်ချစ်ဦးလေးဖြစ်တဲ့လူစီယာလွိုက်နဲ့ရက်ရှ်ဖို့တို့ရဲ့ရှစ်နှစ်ကြာအချစ်ဇာတ်လမ်းလေးဟာ မကြာသေးခင်ကအဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

နှစ်ဖက်စလုံးကတော့ အဲဒီ လမ်းခွဲ ဇာတ်လမ်း အပေါ်ဘာအကြောင်းပြချက်မှအတိအကျမပေးကြပေမယ့် ကိုဗစ်ကာလမှာဖြစ်ပွားခဲ့ဖိအားတွေကြောင့် ဆိုပြီး ရင်းနှီးသူ တချို့က သတင်း အတင်း ပြောကြပါတယ်။

ဘာမှ ပြန်လည် ဖြေရှင်း စောဒက မတက်နိုင်တဲ့ ကိုဗစ်ကြီးက ရက်ရှ်ဖို့တို့ စုံတွဲ အတွက် ပြဿနာကောင် ဖြစ်ရပါတယ်။

အသည်းကွဲရင် ဘာမှမဖြစ် ဘဲ သာသာယာယာပြီးဆုံးတတ်သူတွေရှိသလို၊ အချစ်ကြောင့် ဇာတ်လမ်းတစ်ပုဒ်လုပ် ဖီးလ်ပြချင်သူတွေလည်း ရှိပါတယ်။

ကြီးမားတဲ့ စိတ်ဒဏ်ရာကတော့ လူတစ်ယောက်အတွက် ကြီးမားတဲ့ ထိုးနှက်မှုတစ်ခုဖြစ်စေနိုင်ပါတယ်။

အခုလည်း သဲသဲ လှုပ် ပရိသတ်တချို့ က နဂို ကတည်းက ခန္ဓာကိုယ် ဒဏ်ရာရတတ်ပွေနေတဲ့ရက်ရှ်ဖို့တစ်ယောက် အချစ်ဒဏ်ရာပါ ထပ်ပေါင်းပြီး ခြေစွမ်းပိုင်းထိခိုက်မှာ စိုးရိမ် နေကြပါတယ်။

စိတ်ရော လူပါ ဒဏ်ရာရနေတဲ့ကစားသမားဟာအကောင်းဆုံးခြေစွမ်းကို ရရှိဖို့ဆိုတာတကယ်ကိုမလွယ်တာပါ။

မနေနိုင်သူ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကတော့ ရှက်ရှ်ဖို့ တို့နှစ်ဦးကြားပုံမှန်ဆက်ဆံရေးပြန်ရအောင်ညှိနှိုင်းပေးမှုတွေပြုလုပ်နေကြတယ်လို့ သိရပါတယ်။

ဘောလုံးသမား ကိုယ်တော်ချောတွေကလည်း အချိန်ကြာလာရင် နှလုံးသား အနည်ထိုင်ပြီး အလန်းစား စော်တစ်ပွေနဲ့ တွဲခုတ်တတ်ကြတာပါပဲ။

အခု အရေးကြီးတာကတော့ လက်ကျန်ပွဲစဉ် တွေမှာ အသင်းအတွက် တတ်နိုင်တဲ့ ဘက်က အားအဖြစ် ရပ်တည်ပေးဖို့ လိုတာပါ။

ရက်ရှ်ဖို့ တစ်ယောက် နှလုံးသား လမ်းကြောင်းမှာ ကျွန်းမခံရပါစေနဲ့။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသည္းကြဲ​ေပမယ့္ ​ေျခစြမ္း​ေတာ့မက်ပါနဲ႔ ရက္ရွ္ဖို႔

သာမန္သူ​ေတြရဲ႕ ႏွလုံးသား​​ေရးရာျပႆနာက ဘာမွမဟုတ္​​ေပမယ့္ လူသိမ်ား ထင္ရွားသူ​ေတြရဲ႕ ခ်စ္​ေရးခ်စ္ရာ​ေတြက​ေတာ့ ​ေခါင္းစဥ္ႀကီး ျဖစ္ႏိုင္ပါတယ္။ အခုလည္း ယူႏိုက္တက္အသင္းရဲ႕လူငယ္ေျခတက္တိုက္စစ္မႉးေလးျဖစ္သူ ရက္ရွ္ဖို႔ တစ္​ေယာက္ အသည္းကြဲေဝဒနာကို ခံစားေနရၿပီျဖစ္ေၾကာင္း အ​ေနာက္ မီဒီယာ​ေတြက ဖြထားပါတယ္။

ရက္ရွ္ဖို႔ရဲ႕ေက်ာင္းသားဘဝကတည္းက ငယ္ခ်စ္ဦးေလးျဖစ္တဲ့လူစီယာလြိဳက္နဲ႔ရက္ရွ္ဖို႔တို႔ရဲ႕ရွစ္ႏွစ္ၾကာအခ်စ္ဇာတ္လမ္းေလးဟာ မၾကာေသးခင္ကအဆုံးသတ္သြားခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။

ႏွစ္ဖက္စလုံးကေတာ့ အဲဒီ လမ္းခြဲ ဇာတ္လမ္း အေပၚဘာအေၾကာင္းျပခ်က္မွအတိအက်မေပးၾကေပမယ့္ ကိုဗစ္ကာလမွာျဖစ္ပြားခဲ့ဖိအားေတြေၾကာင့္ ဆိုၿပီး ရင္းႏွီးသူ တခ်ိဳ႕က သတင္း အတင္း ​ေျပာၾကပါတယ္။ ဘာမွ ျပန္လည္ ​ေျဖရွင္း ​ေစာဒက မတက္ႏိုင္တဲ့ ကိုဗစ္ႀကီးက ရက္ရွ္ဖို႔ တို႔ စုံတြဲ အတြက္ ျပႆနာ​ေကာင္ ျဖစ္ရပါတယ္။

အသည္းကြဲရင္ ဘာမွမျဖစ္ ဘဲ သာသာယာယာၿပီးဆုံးတတ္သူ​ေတြရွိသလို၊ အခ်စ္​ေၾကာင့္ ဇာတ္လမ္းတစ္ပုဒ္လုပ္ ဖီးလ္ျပခ်င္သူ​ေတြလည္း ရွိပါတယ္။ ႀကီးမားတဲ့ စိတ္ဒဏ္ရာက​ေတာ့ လူတစ္​ေယာက္အတြက္ ႀကီးမားတဲ့ ထိုးႏွက္မႈတစ္ခုျဖစ္​ေစႏိုင္ပါတယ္။

အခုလည္း သဲသဲ လႈပ္ ပရိသတ္တခ်ိဳ႕က နဂို ကတည္းက ခႏၶာကိုယ္ ဒဏ္ရာရတတ္ေပြေနတဲ့ရက္ရွ္ဖို႔တစ္​ေယာက္ အခ်စ္ဒဏ္ရာပါ ထပ္​ေပါင္းၿပီး ေျခစြမ္းပိုင္းထိခိုက္မွာ စိုးရိမ္ ​ေနၾကပါတယ္။

စိတ္​ေရာ လူပါ ဒဏ္ရာရေနတဲ့ကစားသမားဟာအေကာင္းဆုံးေျခစြမ္းကို ရရွိဖို႔ဆိုတာတကယ္ကိုမလြယ္တာပါ။ မ​ေနႏိုင္သူ ပတ္၀န္းက်င္ အသိုင္းအ၀ိုင္းက​ေတာ့ ရွက္ရွ္ဖို႔ တို႔ႏွစ္ဦးၾကားပုံမွန္ဆက္ဆံေရးျပန္ရေအာင္ညႇိႏႈိင္းေပးမႈေတြျပဳလုပ္ေနၾက တယ္လို႔ သိရပါတယ္။

​ေဘာလုံးသမား ကိုယ္​ေတာ္​ေခ်ာ​ေတြကလည္း အခ်ိန္ၾကာလာရင္ ႏွလုံးသား အနည္ထိုင္ၿပီး အလန္းစား ​ေစာ္တစ္​ေပြနဲ႔ တြဲခုတ္တတ္ၾကတာပါပဲ။ အခု အ​ေရးႀကီးတာက​ေတာ့ လက္က်န္ပြဲစဥ္ ​ေတြမွာ အသင္းအတြက္ တတ္ႏိုင္တဲ့ ဘက္က အားအျဖစ္ ရပ္တည္​ေပးဖို႔ လိုတာပါ။ ရက္ရွ္ဖို႔ တစ္​ေယာက္ ႏွလုံးသား လမ္း​ေၾကာင္းမွာ ကြၽန္းမခံရပါ​ေစနဲ႔။