အသင်းအနိုင်အရှူံးထက် မက်ဆီ၊ နေမာကိစ္စ လိုက်ရှင်းနေရတဲ့ ပိုချက်တီနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနို ကတော့ ယမန်နေ့က ကစားခဲ့တဲ့ ရန်းနက်စ်အသင်းနဲ့ ပွဲစဉ်မှာ အဓိက ကစားသမား အစုံအလင်ကို အသုံးပြုခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရလို့ စိတ်ပျက်မိကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင်နေမာ လူစားလဲတဲ့ ကိစ္စလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူး ပွဲစဉ်၉ အဖြစ် ရန်းနက်စ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့သလို အဆိုပါပွဲစဉ်မှာ ဂိုးပေါက်တည့် ကန်ချက် တစ်ကြိမ်မှလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။

ပီအက်စ်ဂျီအသင်းဟာ အဆိုပါပွဲစဉ်မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ကို ထုတ်သုံးခဲ့သလို ကွင်းလယ်ပိုင်းမှာလည်း ဒီမာရီယာ ၊ ဗာရက်တီတို့လို ဖန်တီးနိုင်စွမ်း မြင့်မားတဲ့ ကစားသမားတွေကို အသုံးပြုခဲ့ပေမယ့်

ဂိုးပေါက်တည့် ကန်ချက် တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့တာက အတော်လေးကို ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။

ပွဲကစားချိန် (၇၆) မိနစ်မှာ ပိုချက်တီနိုက နေမာအစား အီကာဒီကို ထည့်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ပိုချက်တီနိုက “နေမာ ဒဏ်ရာရလို့ လူစားလဲတာ မဟုတ်ပါဘူး။

နည်းစနစ်ပိုင်း လိုအပ်ချက်ကြောင့်ပါ။ ကျွန်တော်တို့က (၅) ရက်အတွင်း (၂) ပွဲကစားရတာပါ။

မိနစ် (၃၀) လောက်ကောင်းကောင်းကစားနိုင်ခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းစစချင်း ၂-၀ ဂိုးဖြစ်သွားပါတယ်။

ပေးလိုက်ရတဲ့ နှစ်ဂိုးလုံးက အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ အခွင့်အရေးတွေအများကြီးကို ဖန်တီးနိုင်ခဲ့တဲ့အတွက် ကျေနပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္းအႏိုင္အရႉံးထက္ မက္ဆီ၊ေနမာကိစၥ လိုက္ရွင္းေနရတဲ့ ပိုခ်က္တီႏို

ပီအက္စ္ဂ်ီအသင္းရဲ႕ နည္းျပျဖစ္သူ ပိုခ်က္တီႏို ကေတာ့ ယမန္ေန႔က ကစားခဲ့တဲ့ ရန္းနက္စ္အသင္းနဲ႔ ပြဲစဥ္မွာ အဓိက ကစားသမား အစုံအလင္ကို အသုံးျပဳခဲ့ေပမယ့္ ရႈံးနိမ့္ခဲ့ရလို႔ စိတ္ပ်က္မိေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။ဒါ့အျပင္ေနမာ လူစားလဲတဲ့ ကိစၥလည္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ျပင္သစ္လီဂူး ပြဲစဥ္၉ အျဖစ္ ရန္းနက္စ္အသင္းကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားခဲ့ရာ ၂-၀ ဆိုတဲ့ ရလဒ္နဲ႔ အေရးနိမ့္ခဲ့သလို အဆိုပါပြဲစဥ္မွာ ဂိုးေပါက္တည့္ ကန္ခ်က္ တစ္ႀကိမ္မွလည္း မျပဳလုပ္ႏိုင္ခဲ့ပါဘူး။

ပီအက္စ္ဂ်ီအသင္းဟာ အဆိုပါပြဲစဥ္မွာ အသင္းရဲ႕ အဓိက တိုက္စစ္မႉးေတြ ျဖစ္တဲ့ မက္ဆီ ၊ ေနမာနဲ႔ အမ္ဘာေပတို႔ကို ထုတ္သုံးခဲ့သလို ကြင္းလယ္ပိုင္းမွာလည္း ဒီမာရီယာ ၊ ဗာရက္တီတို႔လို ဖန္တီးႏိုင္စြမ္း ျမင့္မားတဲ့ ကစားသမားေတြကို အသုံးျပဳခဲ့ေပမယ့္ ဂိုးေပါက္တည့္ ကန္ခ်က္ တစ္ႀကိမ္မွ မျပဳလုပ္ႏိုင္ခဲ့တာက အေတာ္ေလးကို ညံ့ဖ်င္းတဲ့ စြမ္းေဆာင္ရည္ပဲ ျဖစ္ပါတယ္။

ပြဲကစားခ်ိန္ (၇၆) မိနစ္မွာ ပိုခ်က္တီႏိုက ေနမာအစား အီကာဒီကို ထည့္ခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ ပိုခ်က္တီႏိုက “ေနမာ ဒဏ္ရာရလို႔ လူစားလဲတာ မဟုတ္ပါဘူး။ နည္းစနစ္ပိုင္း လိုအပ္ခ်က္ေၾကာင့္ပါ။ ကၽြန္ေတာ္တို့က (၅) ရက္အတြင္း (၂) ပြဲကစားရတာပါ။ မိနစ္ (၃၀) ေလာက္ေကာင္းေကာင္းကစားနိုင္ခဲ့ၿပီး ပြဲကို ထိန္းခ်ဳပ္နိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းစစခ်င္း ၂-၀ ဂိုးျဖစ္သြားပါတယ္။ ေပးလိုက္ရတဲ့ ႏွစ္ဂိုးလုံးက အသင္းရဲ့ စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစခဲ့ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို့ အခြင့္အေရးေတြအမ်ားႀကီးကို ဖန္တီးနိုင္ခဲ့တဲ့အတြက္ ေက်နပ္ပါတယ္” လို့ ေျပာၾကားသြားခဲ့ပါတယ္။