အသင်းအတွက် မစွမ်းဆောင်ပေးနိုင်ချိန်မှာ နာကျင်ခံစားရတယ် ဆိုတဲ့ ပူလီဆစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပူလီဆစ်အတွက်ယခုနှစ်ရာသီဟာခက်ခဲတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပေမယ့်ကောင်းမွန်တဲ့ပုံစံတစ်ခုကိုပြသထားသလိုသွင်းဂိုးတွေကိုလည်း သွင်းယူထားနိုင်ပါတယ်။

အမေရိကန်ကြယ်ပွင့်ကစားသမားဟာ ဒဏ်ရာကြောင့်အသင်းရဲ့ပွဲစဉ်တချို့ကိုလွဲချော်ခဲ့တဲ့အပေါ်စိတ်ပျက်နေပြီးကံမကောင်းခဲ့ဘူးလို့ ပြောဆိုထားပါတယ်။

ပူလီဆစ်ဟာပြီးခဲ့တဲ့နှစ် အက်ဖ်အေဖလားဗိုလ်လုပွဲမှာရရှိခဲ့တဲ့ဒဏ်ရာကြောင့်လက်ရှိရာသီရဲ့ရာသီအစပွဲစဉ်တွေကိုလွဲချော်ခဲ့တဲ့အပြင် ကျန်တဲ့ အချိန် အချို့မှာလည်း ကြံ့ခိုင်မှုပြည့်ဝကောင်းမွန်ဖို့အတွက် ရုန်းကန်နေရပါတယ်။

အသက်၂၂နှစ်အရွယ်ရှိ ပူလီဆစ်က “ဒဏ်ရာပြဿနာတွေရင်ဆိုင်ရတာဟာ ကျွန်တော်အတွက်အမှန်တကယ်ကိုလွယ်ကူမှုမရှိပါဘူး။ အခုရာသီက ကျွန်တော့်အတွက်ခက်ခဲတဲ့နှစ်တစ်နှစ်ပါ။”

” ကျွန်တော့် အနေနဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုပြည့်ဝစေဖို့ဂရုစိုက်လုပ်ဆောင်နေရပါတယ်။ပွဲတိုင်းမှာကြံ့ခိုင်မှုအပြည့်နဲ့အကောင်းဆုံးခြေစွမ်းပြကစားနိုင်ဖို့ကြိုးပမ်းနေပါတယ်။”

“အသင်းကိုကူညီပေးဖို့ပါဝင်ခွင့်မရတဲ့အချိန်မှာ ကျွန်တော့် အနေနဲ့ နာကျင်ခံစားရပါတယ်။ရာသီကုန်ချိန်အထိအသင်းပွဲစဉ်တွေမှာအကောင်းဆုံးခြေစွမ်းနဲ့ကစားနိုင်ဖို့ကြိုးပမ်းသွားမှာပါ။”

“အသင်းမှာ ရှိတဲ့ ကစားသမားတိုင်းဟာအသင်းအတွက်ပွဲတိုင်းခြေစွမ်းပြကစားနိုင်ဖို့အာရုံစိုက်နေပါတယ်။ကျွန်တော် ကလည်း အသင်းရဲ့ပွဲစဉ်တိုင်းကိုပါဝင်ကစားခွင့်ရရှိဖို့ အမြဲလိုလားသူ ဖြစ်ပါတယ်။” လို့ပြောပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ ဝက်စ်ဟမ်းအသင်းနဲ့အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီးနှစ်သင်းလုံးဟာချန်ပီယံလိဂ်ဝင်ခွင့်အတွက်အာရုံစိုက်နေကြတာဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ချယ်လ်ဆီးအသင်းဟာချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ်ရီးရဲလ်မက်ဒရစ်အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အသင္းအတြက္ မစြမ္းေဆာင္ေပးႏိုင္ခ်ိန္မွာ နာက်င္ခံစားရတယ္ ဆိုတဲ့ ပူလီဆစ္

ပူလီဆစ္အတြက္ယခုႏွစ္ရာသီဟာခက္ခဲတဲ့ႏွစ္တစ္ႏွစ္ျဖစ္ခဲ့ေပမယ့္ေကာင္းမြန္တဲ့ပုံစံတစ္ခုကိုျပသထားသလိုသြင္းဂိုးေတြကိုလည္း သြင္းယူထားႏိုင္ပါတယ္။အေမရိကန္ၾကယ္ပြင့္ကစားသမားဟာ ဒဏ္ရာေၾကာင့္အသင္းရဲ႕ပြဲစဥ္တခ်ိဳ႕ကိုလြဲေခ်ာ္ခဲ့တဲ့အေပၚစိတ္ပ်က္ေနၿပီးကံမေကာင္းခဲ့ဘူးလို႔ ေျပာဆိုထားပါတယ္။

ပူလီဆစ္ဟာၿပီးခဲ့တဲ့ႏွစ္ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာရရွိခဲ့တဲ့ဒဏ္ရာေၾကာင့္လက္ရွိရာသီရဲ႕ရာသီအစပြဲစဥ္ေတြကိုလြဲေခ်ာ္ခဲ့တဲ့အျပင္ က်န္တဲ့ အခ်ိန္ အခ်ိဳ႕မွာလည္း ႀကံ့ခိုင္မႈျပည့္ဝေကာင္းမြန္ဖို႔အတြက္ ႐ုန္းကန္ေနရပါတယ္။

အသက္၂၂ႏွစ္အ႐ြယ္ရွိ ပူလီဆစ္က “ဒဏ္ရာျပႆနာေတြရင္ဆိုင္ရတာဟာ ကြၽန္ေတာ္အတြက္အမွန္တကယ္ကိုလြယ္ကူမႈမရွိပါဘူး။ အခုရာသီက ကြၽန္ေတာ့္အတြက္ခက္ခဲတဲ့ႏွစ္တစ္ႏွစ္ပါ။”

” ကြၽန္ေတာ့္ အေနနဲ႔ခႏၶာကိုယ္ႀကံ့ခိုင္မႈျပည့္ဝေစဖို႔ဂ႐ုစိုက္လုပ္ေဆာင္ေနရပါတယ္။ပြဲတိုင္းမွာႀကံ့ခိုင္မႈအျပည့္နဲ႔အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ဖို႔ႀကိဳးပမ္းေနပါတယ္။”

“အသင္းကိုကူညီေပးဖို႔ပါဝင္ခြင့္မရတဲ့အခ်ိန္မွာ ကြၽန္ေတာ့္ အေနနဲ႔ နာက်င္ခံစားရပါတယ္။ရာသီကုန္ခ်ိန္အထိအသင္းပြဲစဥ္ေတြမွာအေကာင္းဆုံးေျခစြမ္းနဲ႔ကစားႏိုင္ဖို႔ႀကိဳးပမ္းသြားမွာပါ။”

“အသင္းမွာ ရွိတဲ့ ကစားသမားတိုင္းဟာအသင္းအတြက္ပြဲတိုင္းေျခစြမ္းျပကစားႏိုင္ဖို႔အာ႐ုံစိုက္ေနပါတယ္။ကြၽန္ေတာ္ ကလည္း အသင္းရဲ႕ပြဲစဥ္တိုင္းကိုပါဝင္ကစားခြင့္ရရွိဖို႔ အၿမဲလိုလားသူ ျဖစ္ပါတယ္။” လို႔ေျပာပါတယ္။

ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ဝက္စ္ဟမ္းအသင္းနဲ႔အေဝးကြင္းပြဲစဥ္ယွဥ္ၿပိဳင္ကစားရဖို႔ရွိေနၿပီးႏွစ္သင္းလုံးဟာခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္အာ႐ုံစိုက္ေနၾကတာျဖစ္ပါတယ္။ အဲဒါၿပီးရင္ေတာ့ခ်ယ္လ္ဆီးအသင္းဟာခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္အျဖစ္ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။