အသင်းအတွက် ပွဲ(၂၅၀)ပြည့်ခဲ့တဲ့ စတုတ္ထမြောက်အသက်အငယ်ဆုံးအဖြစ် ရပ်ရှ်ဖို့ဒ်မှတ်တမ်းဝင်

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမားရပ်ရှ်ဖို့ဒ်ဟာ အသင်းအတွက် ပွဲ(၂၅၀)ပြည့်ခဲ့တဲ့ စတုတ္ထမြောက်အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းကို အချိန်ပိုမှာအနိုင်ရခဲ့တဲ့ FA ဖလားပွဲစဉ်မှာ ရပ်ရှ်ဖို့ဒ်ဟာ မိနစ်(၁၂၀)လုံး ပါဝင်ကစားခဲ့ပြီး အဲဒီပွဲဟာ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘ၀ ပွဲ(၂၅၀)ပြည့်လည်းဖြစ်ခဲ့တယ်။

အသက်(၂၃)နှစ်နဲ့ (၁၀၁)ရက်သာရှိသေးတဲ့ ရပ်ရှ်ဖို့ဒ်ဟာ အခုဆိုရင် ယူနိုက်တက်အသင်းရဲ့ဂန္ထဝင်ကြီးတွေလိုပဲ ဂုဏ်ယူစရာကောင်းတဲ့ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်း သမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံးနဲ့ ပွဲ(၂၅၀)ပြည့်ခဲ့တာက ရပ်ရှ်ဖို့ဒ်မတိုင်ခင် အသင်းရဲ့ဂန္ထဝင်တွေဖြစ်ကြတဲ့ နော်မန်ဝှိုက်ဆိုက်ဒ်၊ ဂျော့ချ်ဘက်စ်၊ ရိုင်ယန်ဂစ်တို့ (၃)ဦးသာရှိခဲ့တာပါ။

ယူနိုက်တက်အသင်းမှာ ၁၉၈၂ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိကစားခဲ့တဲ့ ဝှိုက်ဆိုက်ဒ်ဟာ အသင်းနဲ့အတူ FA ဖလား (၂)ကြိမ်၊ ကွန်မြူနတီဒိုင်း(၁)ကြိမ် ရရှိခဲ့ပြီး အသက်(၂၂)နှစ်၊ (၁၉၂)ရက်နဲ့ ပွဲ(၂၅၀)ပြည့်မြောက်ခဲ့သလို အသက်အငယ်ဆုံးအဖြစ် စံချိန်တင်ထားတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကျောနံပါတ်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဂျော့ချ်ဘက်စ်ကလည်း အသက်(၂၂)နှစ်၊ (၁၉၉)ရက်နဲ့ ယူနိုက်တက်ကစားသမားဘ၀ ပွဲ(၂၅၀)ပြည့်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဂျော့ချ်ဘက်စ်ဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း(၄၇၀)အထိကစားခဲ့ပြီး အမှတ်ပေးဖလား(၂)ကြိမ်နဲ့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးဥရောပဖလား(ချန်ပီယံလိဂ်)ကို ၁၉၆၈ ခုနှစ်မှာ ဆွတ်ခူးခဲ့တဲ့အပြင် အဲဒီနှစ်မှာပဲ Ballon d’Or ဆုကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။

ယူနိုက်တက်တစ်သင်းတည်းမှာပဲ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ အဆုံးသတ်ခဲ့တဲ့ လက်ရှိဝေးလ်စ်နည်းပြရိုင်ယန်ဂစ်ကတော့ အသင်းအတွက် ပွဲ(၂၅၀)ပြည့်မှတ်တမ်းကို အသက်(၂၂)နှစ်၊ (၃၀၁)ရက်နဲ့ ပိုင်ဆိုင်နိုင်ခဲ့တယ်။

ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်(၁၃)ကြိမ်၊ ချန်ပီယံလိဂ်(၂)ကြိမ်အပါအဝင် အဓိကဆုဖလားပေါင်း (၂၃)ခုအထိရယူခဲ့သူ ရိုင်ယန်ဂစ်ဟာ ၂၀၁၄ ခုနှစ်မှာ ဘောလုံးသမားဘဝကအနားယူခဲ့ပြီး နည်းပြလောကထဲကို ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။

အဲဒီကစားသမားတွေနဲ့အတူ ဂုဏ်ယူစရာကောင်းတဲ့ စာရင်းထဲမှာ ရပ်ရှ်ဖို့ဒ်လည်း ပါဝင်ခဲ့ပြီဖြစ်သလို သူက ယူနိုက်တက်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဆမ်မီမက်အဲလွိုင်း(၂၃နှစ်၊ ၁၅၈ရက်)ကို ကျော်ဖြတ်ပြီး စတုတ္ထနေရာရရှိခဲ့တာပါ။

အသက်(၁၈)နှစ်အရွယ် ၂၀၁၅ခုနှစ်မှာ ယူနိုက်တက်အသင်းကြီးအတွက် ပါဝင်ကစားခွင့်ရခဲ့သူ ရပ်ရှ်ဖို့ဒ်ဟာ အဲဒီအချိန်ကစလို့ အသင်းရဲ့အဓိက ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး လက်ရှိအချိန်အထိ ယူနိုက်တက်အသင်းအတွက် (၈၃)ဂိုးသွင်းယူထားပြီးပါပြီ။

ရပ်ရှ်ဖို့ဒ်ဟာ ဆောက်သမ်တန်အသင်းကို (၉)ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်ကစားသမားဘ၀ (၈၃)ဂိုးပြည့်အဖြစ် သွင်းယူခဲ့ပြီး အသင်းဂန္ထဝင်တိုက်စစ်မှူး ကန်တိုနာရဲ့ သွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်း ကစားသမားဘဝမှာ စံချိန်မှတ်တမ်းကောင်းတွေ ရယူခဲ့သူ ရပ်ရှ်ဖို့ဒ်ဟာ သူ့အရင် ဂန္ထဝင်ကြီးတွေလို့ အသင်းအတွက် အဓိကဆုဖလားတွေ ဆွတ်ခူးပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတော့တယ်။

Zawgyi

အသင္းအတြက္ ပြဲ(၂၅၀)ျပည့္ခဲ့တဲ့ စတုတၳေျမာက္အသက္အငယ္ဆုံးအျဖစ္ ရပ္ရွ္ဖို႔ဒ္မွတ္တမ္းဝင္

မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္ကစားသမားရပ္ရွ္ဖို႔ဒ္ဟာ အသင္းအတြက္ ပြဲ(၂၅၀)ျပည့္ခဲ့တဲ့ စတုတၳေျမာက္အသက္အငယ္ဆုံး ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီျဖစ္ပါတယ္။ ဝက္စ္ဟမ္းအသင္းကို အခ်ိန္ပိုမွာအႏိုင္ရခဲ့တဲ့ FA ဖလားပြဲစဥ္မွာ ရပ္ရွ္ဖို႔ဒ္ဟာ မိနစ္(၁၂၀)လုံး ပါဝင္ကစားခဲ့ၿပီး အဲဒီပြဲဟာ သူ႔ရဲ႕ ယူႏိုက္တက္ကစားသမားဘ၀ ပြဲ(၂၅၀)ျပည့္လည္းျဖစ္ခဲ့တယ္။ အသက္(၂၃)ႏွစ္နဲ႔ (၁၀၁)ရက္သာရွိေသးတဲ့ ရပ္ရွ္ဖို႔ဒ္ဟာ အခုဆိုရင္ ယူႏိုက္တက္အသင္းရဲ႕ဂႏၴဝင္ႀကီးေတြလိုပဲ ဂုဏ္ယူစရာေကာင္းတဲ့ မွတ္တမ္းတစ္ခုကို ပိုင္ဆိုင္ႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ ယူႏိုက္တက္အသင္း သမိုင္းတစ္ေလွ်ာက္မွာ အသက္အငယ္ဆုံးနဲ႔ ပြဲ(၂၅၀)ျပည့္ခဲ့တာက ရပ္ရွ္ဖို႔ဒ္မတိုင္ခင္ အသင္းရဲ႕ဂႏၴဝင္ေတြျဖစ္ၾကတဲ့ ေနာ္မန္ဝႈိက္ဆိုက္ဒ္၊ ေဂ်ာ့ခ်္ဘက္စ္၊ ႐ိုင္ယန္ဂစ္တို႔ (၃)ဦးသာရွိခဲ့တာပါ။

ယူႏိုက္တက္အသင္းမွာ ၁၉၈၂ ခုႏွစ္ကေန ၁၉၈၉ ခုႏွစ္အထိကစားခဲ့တဲ့ ဝႈိက္ဆိုက္ဒ္ဟာ အသင္းနဲ႔အတူ FA ဖလား (၂)ႀကိမ္၊ ကြန္ျမဴနတီဒိုင္း(၁)ႀကိမ္ ရရွိခဲ့ၿပီး အသက္(၂၂)ႏွစ္၊ (၁၉၂)ရက္နဲ႔ ပြဲ(၂၅၀)ျပည့္ေျမာက္ခဲ့သလို အသက္အငယ္ဆုံးအျဖစ္ စံခ်ိန္တင္ထားတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ဂႏၴဝင္ေက်ာနံပါတ္ပိုင္ရွင္တစ္ဦးျဖစ္တဲ့ ေဂ်ာ့ခ်္ဘက္စ္ကလည္း အသက္(၂၂)ႏွစ္၊ (၁၉၉)ရက္နဲ႔ ယူႏိုက္တက္ကစားသမားဘ၀ ပြဲ(၂၅၀)ျပည့္ခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ ေဂ်ာ့ခ်္ဘက္စ္ဟာ ယူႏိုက္တက္အသင္းအတြက္ ပြဲေပါင္း(၄၇၀)အထိကစားခဲ့ၿပီး အမွတ္ေပးဖလား(၂)ႀကိမ္နဲ႔ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးဥေရာပဖလား(ခ်န္ပီယံလိဂ္)ကို ၁၉၆၈ ခုႏွစ္မွာ ဆြတ္ခူးခဲ့တဲ့အျပင္ အဲဒီႏွစ္မွာပဲ Ballon d’Or ဆုကိုပါ ပိုင္ဆိုင္ခဲ့ပါတယ္။

ယူႏိုက္တက္တစ္သင္းတည္းမွာပဲ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘ၀ အဆုံးသတ္ခဲ့တဲ့ လက္ရွိေဝးလ္စ္နည္းျပ႐ိုင္ယန္ဂစ္ကေတာ့ အသင္းအတြက္ ပြဲ(၂၅၀)ျပည့္မွတ္တမ္းကို အသက္(၂၂)ႏွစ္၊ (၃၀၁)ရက္နဲ႔ ပိုင္ဆိုင္ႏိုင္ခဲ့တယ္။ ယူႏိုက္တက္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္(၁၃)ႀကိမ္၊ ခ်န္ပီယံလိဂ္(၂)ႀကိမ္အပါအဝင္ အဓိကဆုဖလားေပါင္း (၂၃)ခုအထိရယူခဲ့သူ ႐ိုင္ယန္ဂစ္ဟာ ၂၀၁၄ ခုႏွစ္မွာ ေဘာလုံးသမားဘဝကအနားယူခဲ့ၿပီး နည္းျပေလာကထဲကို ဝင္ေရာက္ခဲ့သူလည္းျဖစ္ပါတယ္။ အဲဒီကစားသမားေတြနဲ႔အတူ ဂုဏ္ယူစရာေကာင္းတဲ့ စာရင္းထဲမွာ ရပ္ရွ္ဖို႔ဒ္လည္း ပါဝင္ခဲ့ၿပီျဖစ္သလို သူက ယူႏိုက္တက္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ ဆမ္မီမက္အဲလြိဳင္း(၂၃ႏွစ္၊ ၁၅၈ရက္)ကို ေက်ာ္ျဖတ္ၿပီး စတုတၳေနရာရရွိခဲ့တာပါ။ အသက္(၁၈)ႏွစ္အ႐ြယ္ ၂၀၁၅ခုႏွစ္မွာ ယူႏိုက္တက္အသင္းႀကီးအတြက္ ပါဝင္ကစားခြင့္ရခဲ့သူ ရပ္ရွ္ဖို႔ဒ္ဟာ အဲဒီအခ်ိန္ကစလို႔ အသင္းရဲ႕အဓိက ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး လက္ရွိအခ်ိန္အထိ ယူႏိုက္တက္အသင္းအတြက္ (၈၃)ဂိုးသြင္းယူထားၿပီးပါၿပီ။ ရပ္ရွ္ဖို႔ဒ္ဟာ ေဆာက္သမ္တန္အသင္းကို (၉)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲမွာ ယူႏိုက္တက္ကစားသမားဘ၀ (၈၃)ဂိုးျပည့္အျဖစ္ သြင္းယူခဲ့ၿပီး အသင္းဂႏၴဝင္တိုက္စစ္မႉး ကန္တိုနာရဲ႕ သြင္းဂိုးအေရအတြက္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္အသင္း ကစားသမားဘဝမွာ စံခ်ိန္မွတ္တမ္းေကာင္းေတြ ရယူခဲ့သူ ရပ္ရွ္ဖို႔ဒ္ဟာ သူ႔အရင္ ဂႏၴဝင္ႀကီးေတြလို႔ အသင္းအတြက္ အဓိကဆုဖလားေတြ ဆြတ္ခူးေပးႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါေတာ့တယ္။