အသင်းဟောင်း အောင်မြင်တာ ဂုဏ်ယူကျေနပ်တဲ့ မက်ဂွားယား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် မက်ဂွားယားက FA ဖလား ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာစီးတီးအသင်းနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ လက်စတာအသင်းရဲ့ ပိုင်ရှင်ဗီချိုင်း တို့အတွက် ဂုဏ်ပြုမက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။

လက်စတာအသင်းဟာ အသင်းရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် FA ဖလားကို ရရှိခဲ့တာဖြစ်ပြီး၊ မက်ဂွားယားဟာ ကင်းပါဝါကွင်းကြီးထဲမှာ နှစ်ရာသီကြာ ကစားခဲ့ဖူးပြီး ၂၀၁၉ မှာတော့ ယူနိုက်တက်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

မက်ဂွားယား လက်စတာမှာရှိစဉ် အသင်းပိုင်ရှင် ဗီချိုင်းဟာ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့ပါတယ်။

သူ့ရဲ့ အင်စတာဂရမ်မှာ မက်ဂွားယားက “ ဗီချိုင်းတစ်ယောက် ပြုံးနေမယ်ထင်ပါတယ်။ လက်စတာ အတွက်လည်း ဂုဏ်ယူပါတယ် ” ဆိုပြီး ရေးသားဂုဏ်ပြုထားပါတယ်။

ဗီချိုင်းမရှိတော့တဲ့နောက် မှာတော့ သားဖြစ်သူ အီယာဝတ်က လက်စတာအသင်းကို တာဝန်ယူခဲ့ပြီး ဖခင်ရဲ့ခြေရာကိုနင်းကာ အသင်းနဲ့ ပရိသတ်တွေရဲ့အချစ်တော်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် မက်ဂွားယား ကတော့ ယူနိုက်တက်က အက်စတွန်ဗီလာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီးနောက် ခုချိန်ထိ အဆင်မပြေသေးပါဘူး။

ဆိုးလ်ရှားက”ဟယ်ရီကို အချိန်အနည်းငယ် ပေးဖို့လိုပါတယ်။ သူ့ရဲ့အရေးပါမှုကိုလည်း ပြသခဲ့ပြီးပါပြီ။

သူဒဏ်ရာ ရသွားတဲ့အချိန်မှာ သူ့ရဲ့အရေးပါမှုကိုလည်း လူတွေသိလောက်ပြီထင်ပါတယ်။

ဟယ်ရီက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တစ်ယောက်ပါ။

ဒါပေမယ့် အခုချိန်မှာတော့ သူအသင်းကို ဦးဆောင်ပေးနိုင်ဦးမှာ မဟုတ်ပါဘူး။” ဆိုပြီး ဒဏ်ရာကိစ္စ ဖြစ်ပြီးနောက် ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသင္း​ေဟာင္း ​ေအာင္ျမင္တာ ဂုဏ္ယူ​ေက်နပ္တဲ့ မက္ဂြားယား

ယူႏိုက္တက္အသင္းရဲ႕ အသင္းေခါင္းေဆာင္ မက္ဂြားယားက FA ဖလား ခ်န္ပီယံျဖစ္ခဲ့တဲ့ လက္စတာစီးတီးအသင္းနဲ႔ ကြယ္လြန္သြားၿပီျဖစ္တဲ့ လက္စတာအသင္းရဲ႕ ပိုင္ရွင္ဗီခ်ိဳင္း တို႔အတြက္ ဂုဏ္ျပဳမက္ေဆ့ခ်္ေပးပို႔ခဲ့ပါတယ္။

လက္စတာအသင္းဟာ အသင္းရဲ႕သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ FA ဖလားကို ရရွိခဲ့တာျဖစ္ၿပီး၊ မက္ဂြားယားဟာ ကင္းပါဝါကြင္းႀကီးထဲမွာ ႏွစ္ရာသီၾကာ ကစားခဲ့ဖူးၿပီး ၂၀၁၉ မွာေတာ့ ယူႏိုက္တက္ကို ကမာၻ႔စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

မက္ဂြားယား လက္စတာမွာရွိစဥ္ အသင္းပိုင္ရွင္ ဗီခ်ိဳင္းဟာ ရဟတ္ယာဥ္ပ်က္က်ၿပီး ကြယ္လြန္ခဲ့ပါတယ္။ သူ႔ရဲ႕ အင္စတာဂရမ္မွာ မက္ဂြားယားက “ ဗီခ်ိဳင္းတစ္ေယာက္ ၿပဳံးေနမယ္ထင္ပါတယ္။ လက္စတာ အတြက္လည္း ဂုဏ္ယူပါတယ္ ” ဆိုၿပီး ေရးသားဂုဏ္ျပဳထားပါတယ္။

ဗီခ်ိဳင္းမရွိေတာ့တဲ့ေနာက္ မွာ​ေတာ့ သားျဖစ္သူ အီယာဝတ္က လက္စတာအသင္းကို တာဝန္ယူခဲ့ၿပီး ဖခင္ရဲ႕ေျခရာကိုနင္းကာ အသင္းနဲ႔ ပရိသတ္​ေတြရဲ႕အခ်စ္ေတာ္တစ္ဦး ျဖစ္လာခဲ့ပါတယ္။

အသက္ ၂၈ ႏွစ္အ႐ြယ္ မက္ဂြားယား က​ေတာ့ ယူႏိုက္တက္က အက္စတြန္ဗီလာကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ေျခက်င္းဝတ္ ဒဏ္ရာ ရရွိခဲ့ၿပီးေနာက္ ခုခ်ိန္ထိ အဆင္မ​ေျပ​ေသးပါဘူး။

ဆိုးလ္ရွားက”ဟယ္ရီကို အခ်ိန္အနည္းငယ္ ေပးဖို႔လိုပါတယ္။ သူ႔ရဲ႕အေရးပါမႈကိုလည္း ျပသခဲ့ၿပီးပါၿပီ။ သူဒဏ္ရာ ရသြားတဲ့အခ်ိန္မွာ သူ႔ရဲ႕အေရးပါမႈကိုလည္း လူေတြသိေလာက္ၿပီထင္ပါတယ္။ ဟယ္ရီက ကြၽန္ေတာ္တို႔ရဲ႕ ေခါင္းေဆာင္တစ္ေယာက္ပါ။ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ သူအသင္းကို ဦးေဆာင္ေပးႏိုင္ဦးမွာ မဟုတ္ပါဘူး။” ဆိုၿပီး ဒဏ္ရာကိစၥ ျဖစ္ၿပီး​ေနာက္ ​​ေျပာထားပါတယ္။