အသင်းဟောင်း ရီးယဲလ်ရဲ့ ရင်ခွင်မှာ စီရော်နယ်လ်ဒို တစ်ကျော့ပြန်ခိုနားမှာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်းမှာ ရုန်းကန်နေရတဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်ဆိုပြီး စပိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ၂၀၁၈ ခုနှစ်တုန်းက ရီးယဲလ်အသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ပေါင်(၈၈)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ချန်ပီယံလိဂ်ဖလားရယူပေးနိုင်မယ်လို့ ဂျူဗီပရိသတ်တွေက မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မှာ ပေါ်တိုကို အဝေးဂိုးစည်းမျဉ်းကြောင့် အရေးနိမ့်ခဲ့ပြီး စီရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်ကစားသမားဘ၀ ပထမဆုံးရာသီမှာ ကွာတားဖိုင်နယ်၊ ပြီးခဲ့တဲ့ရာသီနဲ့အခုရာသီတွေမှာ ရှုံးထွက်(၁၆)သင်းအဆင့်ကနေ ဆက်တိုက်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

အဲဒီအတွက် စီရော်နယ်လ်ဒိုရဲ့ခြေစွမ်းအပေါ် ဝေဖန်မှုတွေထွက်ပေါ်နေပြီး စီရော်နယ်လ်ဒိုကိုယ်တိုင်ကလည်း အသင်းဟောင်းရီးယဲလ်ဆီ ပြန်ဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါပြီ။

စီရော်နယ်လ်ဒိုနဲ့ ဂျူဗင်တပ်စ်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက (၁)နှစ်သာကျန်ရှိတော့သလို (၁)နှစ်ကို ပေါင်(၂၈)သန်းအထိရရှိနေတာကြောင့် အသင်းရဲ့လစာငွေအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်းဖြစ်ပါတယ်။ ရီးယဲလ်အသင်းကလည်း အသင်းအတွက် အောင်မြင်မှုတွေအများကြီးရယူခဲ့တဲ့ စီရော်နယ်လ်ဒိုကို ပြန်လည်ခေါ်ယူဖို့ ပြီးခဲ့တဲ့လတွေကတည်းက ချိတ်ဆက်မှုတွေလုပ်ခဲ့တယ်လို့ စပိန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

ရီးယဲလ်ကစားသမားဘ၀ (၉)နှစ်တာကာလအတွင်း စီရော်နယ်လ်ဒိုဟာ (၄၃၈)ပွဲကစား၊ (၄၅၀)ဂိုးသွင်းယူခဲ့ပြီး ချန်ပီယံလိဂ်ဖလား(၄)ကြိမ်၊ လာလီဂါ(၂)ကြိမ်အပါအဝင် အဓိကဆုဖလားတွေအများကြီးရယူခဲ့တဲ့အပြင် အခုနည်းပြဇီဒန်းနဲ့ လက်တွဲညီခဲ့သူလည်းဖြစ်ပါတယ်။

စပိန်နာမည်ကျော်အားကစားသတင်းစာ Marca က ရီးယဲလ်အသင်းဟာ စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် ငြင်းဆန်ခဲ့ခြင်းမရှိဘူးလို့ ဖော်ပြခဲ့ပြီး ဇီဒန်းကိုယ်တိုင်ကလည်း ရီးယဲလ်အသင်းဟာ စီရော်နယ်လ်ဒိုကို သံယောဇဉ်ရှိနေဆဲဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဇီဒန်းက “စီရော်နယ်လ်ဒိုလို ကစားသမားမျိုးဟာ ရီးယဲလ်အသင်းအတွက် ဘယ်လောက်အထိ အရေးပါခဲ့လဲဆိုတာ ခင်ဗျားတို့(သတင်းထောက်များကို ဆိုလို)အသိဆုံးပါပဲ။ အသင်းအတွက် သူ စွမ်းဆောင်ခဲ့တာက မယုံနိုင်လောက်စရာဖြစ်ပြီး ရီးယဲလ်ကစားသမားဘဝမှာ စီရော်နယ်လ်ဒိုကို ကျွန်တော်တို့ ဘယ်လောက်တန်ဖိုးထားလဲဆိုတာ အားလုံးအသိဖြစ်ပါလိမ့်မယ်။

အခုအချိန်မှာတော့ သူဟာ ဂျူဗင်တပ်စ်အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်နေပြီး အသင်းအတွက်လည်း ခြေစွမ်းပြကစားနေတာပါ။ မီဒီယာတွေဖော်ပြနေတဲ့သတင်းတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော် ဘာမှပြောပိုင်ခွင့်မရှိပါဘူး။ ကျွန်တော်ပြောနိုင်တာက သူဟာ ဂျူဗင်တပ်စ်ကစားသမားဖြစ်နေပြီး အဲဒီအချက်ကို ကျွန်တော်တို့လေးစားမှုရှိရပါမယ်”လို့ ဆိုခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းကလည်း စီရော်နယ်လ်ဒိုကို ရောင်းချဖို့ပြင်ဆင်နေပြီး သူ့အတွက် ပြောင်းရွှေ့ကြေးပေါင်(၂၅)သန်းလောက်ရရင် လက်လွှတ်သွားမယ့်အနေအထားရှိတယ်လို့ အီတလီသတင်းစာ Corriere dello Sport ကဖော်ပြခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသင္းေဟာင္း ရီးယဲလ္ရဲ႕ ရင္ခြင္မွာ စီေရာ္နယ္လ္ဒို တစ္ေက်ာ့ျပန္ခိုနားမွာလား

ဂ်ဴဗင္တပ္စ္အသင္းမွာ ႐ုန္းကန္ေနရတဲ့ ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ အသင္းေဟာင္း ရီးယဲလ္မက္ဒရစ္အသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ ဆႏၵရွိေနတယ္ဆိုၿပီး စပိန္မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ၂၀၁၈ ခုႏွစ္တုန္းက ရီးယဲလ္အသင္းကေန ဂ်ဴဗင္တပ္စ္အသင္းကို ေပါင္(၈၈)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး အသင္းအတြက္ ခ်န္ပီယံလိဂ္ဖလားရယူေပးႏိုင္မယ္လို႔ ဂ်ဴဗီပရိသတ္ေတြက ေမွ်ာ္လင့္ခဲ့ၾကတာပါ။ ဒါေပမဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ ဒီရာသီခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မွာ ေပၚတိုကို အေဝးဂိုးစည္းမ်ဥ္းေၾကာင့္ အေရးနိမ့္ခဲ့ၿပီး စီေရာ္နယ္လ္ဒိုရဲ႕ ဂ်ဴဗင္တပ္စ္ကစားသမားဘ၀ ပထမဆုံးရာသီမွာ ကြာတားဖိုင္နယ္၊ ၿပီးခဲ့တဲ့ရာသီနဲ႔အခုရာသီေတြမွာ ရႈံးထြက္(၁၆)သင္းအဆင့္ကေန ဆက္တိုက္ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

အဲဒီအတြက္ စီေရာ္နယ္လ္ဒိုရဲ႕ေျခစြမ္းအေပၚ ေဝဖန္မႈေတြထြက္ေပၚေနၿပီး စီေရာ္နယ္လ္ဒိုကိုယ္တိုင္ကလည္း အသင္းေဟာင္းရီးယဲလ္ဆီ ျပန္ဖို႔ ဆႏၵရွိေနတယ္ဆိုတဲ့သတင္းေတြထြက္ေပၚေနပါၿပီ။ စီေရာ္နယ္လ္ဒိုနဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းက (၁)ႏွစ္သာက်န္ရွိေတာ့သလို (၁)ႏွစ္ကို ေပါင္(၂၈)သန္းအထိရရွိေနတာေၾကာင့္ အသင္းရဲ႕လစာေငြအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနသူလည္းျဖစ္ပါတယ္။ ရီးယဲလ္အသင္းကလည္း အသင္းအတြက္ ေအာင္ျမင္မႈေတြအမ်ားႀကီးရယူခဲ့တဲ့ စီေရာ္နယ္လ္ဒိုကို ျပန္လည္ေခၚယူဖို႔ ၿပီးခဲ့တဲ့လေတြကတည္းက ခ်ိတ္ဆက္မႈေတြလုပ္ခဲ့တယ္လို႔ စပိန္မီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။ ရီးယဲလ္ကစားသမားဘ၀ (၉)ႏွစ္တာကာလအတြင္း စီေရာ္နယ္လ္ဒိုဟာ (၄၃၈)ပြဲကစား၊ (၄၅၀)ဂိုးသြင္းယူခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလား(၄)ႀကိမ္၊ လာလီဂါ(၂)ႀကိမ္အပါအဝင္ အဓိကဆုဖလားေတြအမ်ားႀကီးရယူခဲ့တဲ့အျပင္ အခုနည္းျပဇီဒန္းနဲ႔ လက္တြဲညီခဲ့သူလည္းျဖစ္ပါတယ္။

စပိန္နာမည္ေက်ာ္အားကစားသတင္းစာ Marca က ရီးယဲလ္အသင္းဟာ စီေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနတယ္ဆိုတဲ့ သတင္းေတြအေပၚ ျငင္းဆန္ခဲ့ျခင္းမရွိဘူးလို႔ ေဖာ္ျပခဲ့ၿပီး ဇီဒန္းကိုယ္တိုင္ကလည္း ရီးယဲလ္အသင္းဟာ စီေရာ္နယ္လ္ဒိုကို သံေယာဇဥ္ရွိေနဆဲျဖစ္တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ ဇီဒန္းက “စီေရာ္နယ္လ္ဒိုလို ကစားသမားမ်ိဳးဟာ ရီးယဲလ္အသင္းအတြက္ ဘယ္ေလာက္အထိ အေရးပါခဲ့လဲဆိုတာ ခင္ဗ်ားတို႔(သတင္းေထာက္မ်ားကို ဆိုလို)အသိဆုံးပါပဲ။ အသင္းအတြက္ သူ စြမ္းေဆာင္ခဲ့တာက မယုံႏိုင္ေလာက္စရာျဖစ္ၿပီး ရီးယဲလ္ကစားသမားဘဝမွာ စီေရာ္နယ္လ္ဒိုကို ကြၽန္ေတာ္တို႔ ဘယ္ေလာက္တန္ဖိုးထားလဲဆိုတာ အားလုံးအသိျဖစ္ပါလိမ့္မယ္။ အခုအခ်ိန္မွာေတာ့ သူဟာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ ကစားသမားတစ္ဦးျဖစ္ေနၿပီး အသင္းအတြက္လည္း ေျခစြမ္းျပကစားေနတာပါ။ မီဒီယာေတြေဖာ္ျပေနတဲ့သတင္းေတြနဲ႔ ပတ္သက္လို႔ေတာ့ ကြၽန္ေတာ္ ဘာမွေျပာပိုင္ခြင့္မရွိပါဘူး။ ကြၽန္ေတာ္ေျပာႏိုင္တာက သူဟာ ဂ်ဴဗင္တပ္စ္ကစားသမားျဖစ္ေနၿပီး အဲဒီအခ်က္ကို ကြၽန္ေတာ္တို႔ေလးစားမႈရွိရပါမယ္”လို႔ ဆိုခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းကလည္း စီေရာ္နယ္လ္ဒိုကို ေရာင္းခ်ဖို႔ျပင္ဆင္ေနၿပီး သူ႔အတြက္ ေျပာင္းေ႐ႊ႕ေၾကးေပါင္(၂၅)သန္းေလာက္ရရင္ လက္လႊတ္သြားမယ့္အေနအထားရွိတယ္လို႔ အီတလီသတင္းစာ Corriere dello Sport ကေဖာ္ျပခဲ့ပါတယ္။