အသင်းဟောင်း ယူနိုက်တက်နဲ့ပွဲကို ဒဏ်ရာကြောင့် လွဲချော်ဖို့ရှိနေတဲ့ အီဘရာဟီမိုဗစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အေစီမီလန်အသင်းဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ဒဏ်ရာပြဿနာကြောင့် သူ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်နဲ့ကစားမယ့် ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲကို လွဲချော်ဖို့ရှိနေပါပြီ။

အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်သူ အီဘရာဟီမိုဗစ်ဟာ ယူနိုက်တက်အသင်းမှာ ၂၀၁၆ ကနေ ၂၀၁၈ခုနှစ်အထိ (၂)နှစ်ကြာကစားခဲ့ပြီး (၅၃)ပွဲကစား၊ (၂၉)ဂိုးသွင်းယူခဲ့သလို ၂၀၁၆-၁၇ရာသီမှာ အသင်းအတွက် ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတွေရယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒီရာသီ ယူရိုပါလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့အဖြစ် အေစီမီလန်အသင်းဟာ ယူနိုက်တက်နဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပေမယ့် အီဘရာဟီမိုဗစ်ကတော့ အိုးလ်ထရက်ဖို့ဒ်အပြန်ခရီးကို လွဲချော်မယ့်အနေအထားပါပဲ။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက ရိုးမားအသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ စီးရီးအေပွဲမှာ အီဘရာဟီမိုဗစ်ဟာ ပေါင်ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန်(၅၆)မိနစ်မှာပဲ ကွင်းထဲကခြေထော့နင်းနဲ့ထွက်သွားခဲ့ရပါတယ်။ သူ့ရဲ့ဒဏ်ရာကို လာမယ့်(၁၁)ရက်မှာ ထပ်မံစမ်းသပ်စစ်ဆေးမှုတွေလုပ်သွားမှာဖြစ်ပြီး အဲဒီနေ့မှာပဲ အေစီမီလန်အသင်းက ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ပထမအကျော့ကစားမှာဖြစ်တာကြောင့် အီဘရာဟီမိုဗစ် မပါနိုင်ဖို့က သေချာသလောက်ရှိနေပါပြီ။

ဒါ့အပြင် အီဘရာဟီမိုဗစ်ဟာ မတ်လ(၁၁)ရက်အပြီး တစ်ပတ်အကြာမှာကစားမယ့် ဒုတိယအကျော့ပွဲမှာလည်း အေစီမီလန်အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ရှိ၊ မရှိဆိုတာ အသေအချာမပြောနိုင်သေးပါဘူး။

အီဘရာဟီမိုဗစ်ဟာ အသက်အရွယ်နဲ့မလိုက်အောင် ခြေစွမ်းပြကစားနေပြီး ဒီရာသီမှာ အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၂၂)ပွဲကစား၊ (၁၆)ဂိုးသွင်းထားသလို စီးရီးအေချန်ပီယံဆု ပြန်လည်ဆွတ်ခူးနိုင်အောင် ကူညီပေးနေသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အခု သူ့ရဲ့ဒဏ်ရာသတင်းက အေစီမီလန်အသင်းအတွက်တော့ ကြီးမားတဲ့ထိုးနှက်ချက်လို့ သတ်မှတ်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသင္းေဟာင္း ယူႏိုက္တက္နဲ႔ပြဲကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ဖို႔ရွိေနတဲ့ အီဘရာဟီမိုဗစ္

ေအစီမီလန္အသင္းဝါရင့္တိုက္စစ္မႉး အီဘရာဟီမိုဗစ္ဟာ ဒဏ္ရာျပႆနာေၾကာင့္ သူ႔အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္နဲ႔ကစားမယ့္ ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ပြဲကို လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။ အသက္(၃၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အီဘရာဟီမိုဗစ္ဟာ ယူႏိုက္တက္အသင္းမွာ ၂၀၁၆ ကေန ၂၀၁၈ခုႏွစ္အထိ (၂)ႏွစ္ၾကာကစားခဲ့ၿပီး (၅၃)ပြဲကစား၊ (၂၉)ဂိုးသြင္းယူခဲ့သလို ၂၀၁၆-၁၇ရာသီမွာ အသင္းအတြက္ ယူ႐ိုပါလိဂ္နဲ႔ လိဂ္ဖလားေတြရယူေပးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ဒီရာသီ ယူ႐ိုပါလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ ပထမအေက်ာ့အျဖစ္ ေအစီမီလန္အသင္းဟာ ယူႏိုက္တက္နဲ႔ အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ သြားေရာက္ကစားရမွာျဖစ္ေပမယ့္ အီဘရာဟီမိုဗစ္ကေတာ့ အိုးလ္ထရက္ဖို႔ဒ္အျပန္ခရီးကို လြဲေခ်ာ္မယ့္အေနအထားပါပဲ။

ၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းက ႐ိုးမားအသင္းကို (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ စီးရီးေအပြဲမွာ အီဘရာဟီမိုဗစ္ဟာ ေပါင္ဒဏ္ရာရရွိခဲ့ၿပီး ပြဲခ်ိန္(၅၆)မိနစ္မွာပဲ ကြင္းထဲကေျခေထာ့နင္းနဲ႔ထြက္သြားခဲ့ရပါတယ္။ သူ႔ရဲ႕ဒဏ္ရာကို လာမယ့္(၁၁)ရက္မွာ ထပ္မံစမ္းသပ္စစ္ေဆးမႈေတြလုပ္သြားမွာျဖစ္ၿပီး အဲဒီေန႔မွာပဲ ေအစီမီလန္အသင္းက ယူႏိုက္တက္နဲ႔ ယူ႐ိုပါလိဂ္ပထမအေက်ာ့ကစားမွာျဖစ္တာေၾကာင့္ အီဘရာဟီမိုဗစ္ မပါႏိုင္ဖို႔က ေသခ်ာသေလာက္ရွိေနပါၿပီ။ ဒါ့အျပင္ အီဘရာဟီမိုဗစ္ဟာ မတ္လ(၁၁)ရက္အၿပီး တစ္ပတ္အၾကာမွာကစားမယ့္ ဒုတိယအေက်ာ့ပြဲမွာလည္း ေအစီမီလန္အသင္းအတြက္ ပါဝင္ကစားႏိုင္ဖို႔ရွိ၊ မရွိဆိုတာ အေသအခ်ာမေျပာႏိုင္ေသးပါဘူး။

အီဘရာဟီမိုဗစ္ဟာ အသက္အ႐ြယ္နဲ႔မလိုက္ေအာင္ ေျခစြမ္းျပကစားေနၿပီး ဒီရာသီမွာ ေအစီမီလန္အသင္းအတြက္ ၿပိဳင္ပြဲစုံ (၂၂)ပြဲကစား၊ (၁၆)ဂိုးသြင္းထားသလို စီးရီးေအခ်န္ပီယံဆု ျပန္လည္ဆြတ္ခူးႏိုင္ေအာင္ ကူညီေပးေနသူလည္းျဖစ္ပါတယ္။ ဒါေပမဲ့ အခု သူ႔ရဲ႕ဒဏ္ရာသတင္းက ေအစီမီလန္အသင္းအတြက္ေတာ့ ႀကီးမားတဲ့ထိုးႏွက္ခ်က္လို႔ သတ္မွတ္ရမွာပါ။