အသင်းဟောင်း ဘာစီလိုနာဆီပြန်ဖို့ စိတ်ဆန္ဒရှိနေတဲ့ ဝုဗ်တိုက်စစ်မှူ း ထရာအိုရေး

Photo- Internet
Photo- Internet

ဝုဗ်အသင်းမှာခြေစွမ်းပြနေတဲ့ တောင်ပံတိုက်စစ်မှူ း ထရာအိုရေးဟာသူ့အသင်းဘာစီလိုနာဆီပြန်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ သူ့ကိုလာမယ့်နွေရာသီမှာခေါ်ယူဖို့ ဘာစီလိုနာကစိတ်ဝင်စားနေတာဖြစ်ပြီး ဝုဗ်ရဲ့ပွဲစဉ်အချို့ကိုလည်း ဘာစီလိုနာကင်းထောက်အချို့လာကြည့်ကာ ထရာအိုရေးရဲ့ခြေစွမ်းကို လေ့လာခဲ့ကြပါတယ်။

အသက် ၂၄ နှစ်သာရှိသေးတဲ့ ထရာအိုရေးဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ခြေစွမ်းအပြနိုင်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ကြံခိုင်မှုလည်းပြည့်ဝတာကြောင့် ဥရောပထိပ်တန်းကလပ်အချို့ရဲ့စောင့်ကြည့်ခြင်းကိုလည်းခံနေရသူဖြစ်ပါတယ်။ ဝုဗ်ဟာ ၂၀၁၈ သြဂုတ်လတုန်းက မစ်ဒယ်ဘရော့ကနေပေါင် ၁၈ သန်းနဲ့ ထရာအိုရေးကိုခေါ်ယူခဲ့ပြီး ၂၀၂၃ အထိစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

Photo- Internet

မာလီလူမျိုးမိဘတွေကနေ စပိန်မှာမွေးဖွားခဲ့တဲ့ ထရာအိုရေးဟာ ဘာစီလိုနာရဲ့နာမည်ကျော် လာမာစီယာအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး လူငယ်အသင်းမှာပွဲတွေအများကြီးကစားခဲ့ရပေမယ့် စီနီယာအသင်းမှာတော့ ၂ ပွဲသာပါဝင်ခဲ့ရသူပါ။ သူဟာ ၂၀၁၅ မှာ အက်စ်တွန်ဗီလာကိုပြောင်းရွှေ့ခဲ့ပြီး ၂၀၁၆ မှာမစ်ဒယ်ဘရော့၊ အဲဒီကနေတစ်ဆင့် ၂၀၁၈ မှာ ဝုဗ်ကိုရောက်ရှိခဲ့သူဖြစ်ပါတယ်။

Photo- Internet

ဘာစီလိုနာမှာ ဒမ်ဘီလီကမကြာခဏဒဏ်ရာရနေတဲ့အတွက် ကြံခိုင်မှုပိုင်းမှာပြောစရာမရှိတဲ့အပြင် ခြေစွမ်လည်းတက်လာတဲ့ ထရာအိုရေးကို ဘာစီလိုနာဘက်ကခေါ်ယူလိုနေတာဖြစ်ပါတယ်။ ဒါကြောင့်သူကစိတ်လှုပ်ရှားနေပြီး ဘာစီလိုနာနဲ့ပြဿ     နာဖြစ်ပြီးလမ်းခွဲခဲ့ပေမယ့် အခုတော့မေ့လိုက်ပြီလို့ ဆိုခဲ့ပါတယ်။

Photo- Internet

သူက”ဘာစီလိုနာကနေအကောင်းဆုံးနည်းလမ်းနဲ့ ထွက်ခဲ့တာမဟုတ်ပေမယ့် လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအတွက်လည်းနောင်တမရပါဘူး။ နားလည်မှုလွဲတာတွေအပါအဝင် ပြဿ     နာတွေရှိခဲ့တာလည်းအမှန်ပါဘဲ။ ဒါပေမယ့် ရီးရဲလ်နဲ့ ဘာစီလိုနာလိုအသင်းတွေက ကမ်းလှမ်းလာမယ်ဆိုရင်တော့ ကျွန်တော်သေချာပေါက်စဉ်းစားမှာပေါ့” လို့ပြောသွားပါတယ်။

Photo- Internet

Zawgyi

အသင္းေဟာင္း ဘာစီလိုနာဆီျပန္ဖို႔ စိတ္ဆႏၵရွိေနတဲ႔ ၀ုဗ္တိုက္စစ္မွဴ း ထရာအိုေရး

၀ုဗ္အသင္းမွာေျခစြမ္းျပေနတဲ႔ ေတာင္ပံတိုက္စစ္မွဴ း ထရာအိုေရးဟာသူ႔အသင္းဘာစီလိုနာဆီျပန္သြားဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။ သူ႔ကိုလာမယ္႔ေႏြရာသီမွာေခၚယူဖို႔ ဘာစီလိုနာကစိတ္၀င္စားေနတာျဖစ္ၿပီး ၀ုဗ္ရဲ႕ပြဲစဥ္အခ်ဳိ႕ကိုလည္း ဘာစီလိုနာကင္းေထာက္အခ်ဳိ႕လာၾကည့္ကာ ထရာအိုေရးရဲ႕ေျခစြမ္းကို ေလ႔လာခဲ့ၾကပါတယ္။

အသက္ ၂၄ ႏွစ္သာရွိေသးတဲ႔ ထရာအိုေရးဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ေျခစြမ္းအျပႏိုင္ဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ႀကံခိုင္မႈလည္းျပည့္၀တာေၾကာင့္ ဥေရာပထိပ္တန္းကလပ္အခ်ဳိ႕ရဲ႕ေစာင့္ၾကည့္ျခင္းကိုလည္းခံေနရသူျဖစ္ပါတယ္။ ၀ုဗ္ဟာ ၂၀၁၈ ၾသဂုတ္လတုန္းက မစ္ဒယ္ဘေရာ႔ကေနေပါင္ ၁၈ သန္းနဲ႔ ထရာအိုေရးကိုေခၚယူခဲ့ၿပီး ၂၀၂၃ အထိစာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့ပါတယ္။

မာလီလူမ်ဳိးမိဘေတြကေန စပိန္မွာေမြးဖြားခဲ့တဲ႔ ထရာအိုေရးဟာ ဘာစီလိုနာရဲ႕နာမည္ေက်ာ္ လာမာစီယာအကယ္ဒမီထြက္တစ္ဦးျဖစ္ၿပီး လူငယ္အသင္းမွာပြဲေတြအမ်ားႀကီးကစားခဲ့ရေပမယ္႔ စီနီယာအသင္းမွာေတာ႔ ၂ ပြဲသာပါ၀င္ခဲ့ရသူပါ။ သူဟာ ၂၀၁၅ မွာ အက္စ္တြန္ဗီလာကိုေျပာင္းေရႊ႕ခဲ့ၿပီး ၂၀၁၆ မွာမစ္ဒယ္ဘေရာ႔၊ အဲဒီကေနတစ္ဆင့္ ၂၀၁၈ မွာ ၀ုဗ္ကိုေရာက္ရွိခဲ့သူျဖစ္ပါတယ္။

ဘာစီလိုနာမွာ ဒမ္ဘီလီကမၾကာခဏဒဏ္ရာရေနတဲ႔အတြက္ ႀကံခိုင္မႈပိုင္းမွာေျပာစရာမရွိတဲ႔အျပင္ ေျခစြမ္လည္းတက္လာတဲ႔ ထရာအိုေရးကို ဘာစီလိုနာဘက္ကေခၚယူလိုေနတာျဖစ္ပါတယ္။ ဒါေၾကာင့္သူကစိတ္လႈပ္ရွားေနၿပီး ဘာစီလိုနာနဲ႔ျပႆ     နာျဖစ္ၿပီးလမ္းခြဲခဲ့ေပမယ္႔ အခုေတာ႔ေမ႔လိုက္ၿပီလို႔ ဆိုခဲ့ပါတယ္။

သူက”ဘာစီလိုနာကေနအေကာင္းဆုံးနည္းလမ္းနဲ႔ ထြက္ခဲ့တာမဟုတ္ေပမယ္႔ လမ္းခြဲဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ ဒီအတြက္လည္းေနာင္တမရပါဘူး။ နားလည္မႈလြဲတာေတြအပါအ၀င္ ျပႆ     နာေတြရွိခဲ့တာလည္းအမွန္ပါဘဲ။ ဒါေပမယ္႔ ရီးရဲလ္နဲ႔ ဘာစီလိုနာလိုအသင္းေတြက ကမ္းလွမ္းလာမယ္ဆိုရင္ေတာ႔ က်ြန္ေတာ္ေသခ်ာေပါက္စဥ္းစားမွာေပါ့” လို႔ေျပာသြားပါတယ္။