
Photo Credit
Photo Credit
ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်အဆင့် ၄နေရာရဖို့အတွက် ပြိုင်ဘက်ချဲလ်ဆီးကို တေ့ဖြုတ်နိုင်လိမ့်မယ်လို့ ဂိုးသမားဟောင်း မာ့ခ်ဘော့စနစ်ရှ်က သုံးသပ်သွားပြီး အဆင့် ၅ရအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လုံလောက်လိမ့်မယ်လို့ မျှော်လင့်ထားလု့ိမရကြောင်းလည်း တစ်ဆက်တည်းဖွင့်ဟသွားပါတယ်။ စီးတီးဟာ ဥရောပပြိုင်ပွဲကစားခွင့် ၂ နှစ်ပိတ်ပင်ခံခဲ့ရရာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ သူတို့အောက် ရောက်နေတဲ့အသင်းတွေအတွက် မျှော်လင့်ချက်ရှင်သန်လာပါတယ်။
Photo Credit
ဒါပေမဲ့ စီးတီးက အဲဒီပြစ်ဒဏ်အတွက် အားကစားဆိုင်ရာအထူးခုံရုံးထံ အယူခံတင်သွင်းဖို့ ပြင်ဆင်နေပြီး သြစတြေးလျလက်ရွေးစင်ဟောင်း ဘော့စနစ်ရှ်ကလည်း သူတို့ရဲ့အယူခံအောင်မြင်လိမ့်မယ်လို့ မျှော်လင့်ထားရာ စီးတီး၊ လက်စတာနဲ့ လီဗာပူးတို့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် လက်ကျန်တစ်နေရာအတွက် အားပြိုင်မှုက ပြင်းထန်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာ ချဲလ်ဆီးက အဆင့် ၄နေရာမှာ ရပ်တည်နေဆဲဆိုပေမယ့် ယူနိုက်တက်ကလည်း ချဲလ်ဆီးနဲ့ ၃ မှတ်အကွာ အဆင့် ၅နေရာ ရောက်လာပါတယ်။
Photo Credit
”စီးတီးရဲ့ပြစ်ဒဏ်နဲ့ပတ်သက်လို့ အားလုံးမေ့ထားဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပြစ်ဒဏ်က ပြန်လည်ရုပ်သိမ်းနိုင်လို့ပါ။ ကျွန်တော်ကတော့ အဆင့် ၄နေရာအတွက် ချဲလ်ဆီးနဲ့ယူနိုက်တက်တို့ပဲ အားပြိုင်ရလိမ့်မယ်လို့ ထင်ပါတယ်။ အဆုံးသတ်မှာ ယူနိုက်တက်က သူတု့ိကို တေ့ဖြုတ်လိမ့်မယ်လို့ ထင်ပါတယ်”
Photo Credit
”စတုတ္ထနေရာအတွက် အားပြိုင်မှုတွေက တကယ့်ကိုပြင်းထန်နေပါတယ်။ ချဲလ်ဆီးက ၄၄ မှတ်နဲ့ အဆင့် ၄နေရာမှာ ရပ်တည်နေဆဲဆိုပေမယ့် အဆင့် ၈နေရာက ဝုဗ်နဲ့ ၅မှတ်ပဲ ကွာတာပါ။ ဒဏ်ရာရနဲ့ ပွဲပယ်ပြစ်ဒဏ်တွေလည်း ရှိလာနိုင်ပါတယ်။ ကျွန်တော်ကတော့ ချဲလ်ဆီးရဲ့အထက် အဆင့် ၄နေရာမှာ ယူနိုက်တက်ရပ်တည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ချဲလ်ဆီး၊ ယူနိုက်တက်နဲ့ စပါးတု့ိက ဥရောပပွဲတွေ ကစားရဆဲဖြစ်ပေမယ့် မကြာခင် အခြေအနေတွေ ပြောင်းလဲလာနိုင်ပါတယ်”လို့ ဘော့စနစ်ရှ်က ပြောပါတယ်။
Photo Credit
ယူနိုက်တက်ဟာ အရေးပါတဲ့ကာလကို ဖြတ်သန်းနေရပြီး ကြာသပတေးနေ့မှာ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ဒု-အကျော့ပွဲစဉ်အဖြစ် ဘရုဂျက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်သလို နောက်တစ်ပတ်အကုန်မှာ ဒါဘီနဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲကစားရမှာဖြစ်ပြီး အဲဒါပြီးရင်တော့ အဲဗာတန်၊ မန်စီးတီး၊ စပါး၊ ရှက်ဖီးယူနိုက်တက်တို့နဲ့ ပရီးမီးယားလိဂ်ပွဲတွေ ကစားရမှာဖြစ်ပါတယ်။
Photo Credit
Zawgyi
အသင္းေဟာင္း ႏွစ္သင္းအနက္ ဘယ္အသင္း ခ်န္ပီယံလိဂ္၀င္ခြင့္ရမလဲဆုိတာ ေဟာကိန္းထုတ္လာတဲ့ ေဘာ့စနစ္ရွ္
ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္အဆင့္ ၄ေနရာရဖို႔အတြက္ ၿပိဳင္ဘက္ခ်ဲလ္ဆီးကို ေတ့ျဖဳတ္ႏိုင္လိမ့္မယ္လုိ႔ ဂိုးသမားေဟာင္း မာ့ခ္ေဘာ့စနစ္ရွ္က သုံးသပ္သြားၿပီး အဆင့္ ၅ရအသင္းက ခ်န္ပီယံလိဂ္၀င္ခြင့္ရဖုိ႔ လုံေလာက္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ထားလု႔ိမရေၾကာင္းလည္း တစ္ဆက္တည္းဖြင့္ဟသြားပါတယ္။ စီးတီးဟာ ဥေရာပၿပိဳင္ပဲြကစားခြင့္ ၂ ႏွစ္ပိတ္ပင္ခံခဲ့ရရာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ သူတုိ႔ေအာက္ ေရာက္ေနတဲ့အသင္းေတြအတြက္ ေမွ်ာ္လင့္ခ်က္ရွင္သန္လာပါတယ္။
ဒါေပမဲ့ စီးတီးက အဲဒီျပစ္ဒဏ္အတြက္ အားကစားဆုိင္ရာအထူးခုံ႐ုံးထံ အယူခံတင္သြင္းဖို႔ ျပင္ဆင္ေနၿပီး ၾသစေၾတးလ်လက္ေရြးစင္ေဟာင္း ေဘာ့စနစ္ရွ္ကလည္း သူတို႔ရဲ႕အယူခံေအာင္ျမင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ထားရာ စီးတီး၊ လက္စတာနဲ႔ လီဗာပူးတုိ႔ၿပီးေနာက္ ခ်န္ပီယံလိဂ္၀င္ခြင့္ လက္က်န္တစ္ေနရာအတြက္ အားၿပိဳင္မႈက ျပင္းထန္လာႏိုင္ပါတယ္။ လက္ရွိအခ်ိန္မွာ ခ်ဲလ္ဆီးက အဆင့္ ၄ေနရာမွာ ရပ္တည္ေနဆဲဆုိေပမယ့္ ယူႏုိက္တက္ကလည္း ခ်ဲလ္ဆီးနဲ႔ ၃ မွတ္အကြာ အဆင့္ ၅ေနရာ ေရာက္လာပါတယ္။
”စီးတီးရဲ႕ျပစ္ဒဏ္နဲ႔ပတ္သက္လုိ႔ အားလုံးေမ့ထားဖို႔လိုပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အဲဒီျပစ္ဒဏ္က ျပန္လည္႐ုပ္သိမ္းႏိုင္လုိ႔ပါ။ ကၽြန္ေတာ္ကေတာ့ အဆင့္ ၄ေနရာအတြက္ ခ်ဲလ္ဆီးနဲ႔ယူႏုိက္တက္တုိ႔ပဲ အားၿပိဳင္ရလိမ့္မယ္လုိ႔ ထင္ပါတယ္။ အဆုံးသတ္မွာ ယူႏုိက္တက္က သူတု႔ိကို ေတ့ျဖဳတ္လိမ့္မယ္လုိ႔ ထင္ပါတယ္”
”စတုတၳေနရာအတြက္ အားၿပိဳင္မႈေတြက တကယ့္ကိုျပင္းထန္ေနပါတယ္။ ခ်ဲလ္ဆီးက ၄၄ မွတ္နဲ႔ အဆင့္ ၄ေနရာမွာ ရပ္တည္ေနဆဲဆုိေပမယ့္ အဆင့္ ၈ေနရာက ၀ုဗ္နဲ႔ ၅မွတ္ပဲ ကြာတာပါ။ ဒဏ္ရာရနဲ႔ ပြဲပယ္ျပစ္ဒဏ္ေတြလည္း ရွိလာႏိုင္ပါတယ္။ ကၽြန္ေတာ္ကေတာ့ ခ်ဲလ္ဆီးရဲ႕အထက္ အဆင့္ ၄ေနရာမွာ ယူႏုိက္တက္ရပ္တည္ႏိုင္လိမ့္မယ္လုိ႔ ထင္ပါတယ္။ ခ်ဲလ္ဆီး၊ ယူႏုိက္တက္နဲ႔ စပါးတု႔ိက ဥေရာပပြဲေတြ ကစားရဆဲျဖစ္ေပမယ့္ မၾကာခင္ အေျခအေနေတြ ေျပာင္းလဲလာႏိုင္ပါတယ္”လို႔ ေဘာ့စနစ္ရွ္က ေျပာပါတယ္။
ယူႏုိက္တက္ဟာ အေရးပါတဲ့ကာလကို ျဖတ္သန္းေနရၿပီး ၾကာသပေတးေန႔မွာ ယူ႐ိုပါလိဂ္ ၃၂ သင္းအဆင့္ ဒု-အေက်ာ့ပြဲစဥ္အျဖစ္ ဘ႐ုဂ်က္ကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္သလုိ ေနာက္တစ္ပတ္အကုန္မွာ ဒါဘီနဲ႔ အက္ဖ္ေအဖလား ပဥၥမအဆင့္ပြဲကစားရမွာျဖစ္ၿပီး အဲဒါၿပီးရင္ေတာ့ အဲဗာတန္၊ မန္စီးတီး၊ စပါး၊ ရွက္ဖီးယူႏုိက္တက္တုိ႔နဲ႔ ပရီးမီးယားလိဂ္ပြဲေတြ ကစားရမွာျဖစ္ပါတယ္။