အသင်းဟောင်း ဆီဗီလာရဲ့ ၅ နှစ် စာချုပ် ကမ်းလှမ်းချက်ကို ရာမို့စ် လက်ခံမှာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်နောက်ခံလူ ရာမို့စ်ကို အသင်းဟောင်း ဆီဗီလာအသင်းက ငါးနှစ်စာချုပ်သဘောတူညီချက်နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း ကြားသိရပါတယ်။

ဆီဗီလာလူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့ ရာမို့စ်ဟာ အသင်းကြီးအတွက် ၃ ရာသီကစားပေးခဲ့ပြီးနောက်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး ၁၆ နှစ်ကြာ ကစားပေးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးခံစစ်မှူးအဖြစ် အောင်မြင်ကျော်ကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက် ပြီးခဲ့တဲ့ ၁၅ နှစ်မှာ ဘောလုံးရာသီတစ်ရာသီကို အနည်းဆုံး ၃၃ ပွဲအထိ ကစားပေးခဲ့တဲ့ ရာမို့စ်ဟာ ပြီးခဲ့တဲ့ရာသီကတော့ ဒဏ်ရာပြဿနာတွေကြောင့် ၂၂ ပွဲသာ ကစားပေးနိုင်ခဲ့ပါတယ်။

ရာမို့စ်ဟာ ယူရိုပြိုင်ပွဲမှာလည်း စပိန်အသင်းအတွက် ကိုယ်စားပြုမပါဝင်နိုင်ခဲ့ပါဘူး။

ရီးရဲလ် နဲ့ ရာမို့စ်အကြား စာချုပ်သက်တမ်းဟာ အခုလကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး၊ စာချုပ်သစ်ချုပ်ဆိုဖို့အတွက်ကို ညှိနှိုင်းနေရဆဲဖြစ်ကာ အလွတ်ထွက်ခွာနိုင်ခွင့်လည်း ရရှိထားပါတယ်။

ရာမို့စ်ဟာ အသင်းပိုင်ရှင် ပီရက်ဇ်နဲ့ သဘောထားကွဲလွဲမှုတွေရှိတဲ့အပြင် လစာကိစ္စတွေဟာလည်း ရှုပ်ထွေးလျက်ရှိနေပါတယ်။

ရာမို့စ်ကိုခေါ်ယူဖို့အတွက် မန်စီးတီး၊ ပီအက်စ်ဂျီတို့လို အသင်းတွေကလည်း စိတ်ဝင်စားနေပေမယ့် အဆိုပါကလပ်တွေက အများဆုံးစာချုပ်သက်တမ်း ၂ နှစ်သာ ချုပ်ဆိုဖွယ်ရှိနေပါတယ်။

ဆီဗီလာအသင်းကတော့ သူတို့ရဲ့ခံစစ်မှူးဟောင်းကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ၅ နှစ်စာချုပ်နဲ့ မက်လုံးပေးဆွဲဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရာမို့စ်ဘက်က ဘယ်လိုဆုံးဖြတ်မှာပါလဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အသင္းေဟာင္း ဆီဗီလာရဲ႕ ၅ ႏွစ္ စာခ်ဳပ္ ကမ္းလွမ္းခ်က္ကို ရာမို႔စ္ လက္ခံမွာလား

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဝါရင့္ေနာက္ခံလူ ရာမို႔စ္ကို အသင္းေဟာင္း ဆီဗီလာအသင္းက ငါးႏွစ္စာခ်ဳပ္သေဘာတူညီခ်က္နဲ႔ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေၾကာင္း ၾကားသိရပါတယ္။ ဆီဗီလာလူငယ္အသင္းကေန ထြက္ေပၚလာခဲ့တဲ့ ရာမို႔စ္ဟာ အသင္းႀကီးအတြက္ ၃ ရာသီကစားေပးခဲ့ၿပီးေနာက္မွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၁၆ ႏွစ္ၾကာ ကစားေပးခဲ့ၿပီး ကမာၻ႔အေကာင္းဆုံးခံစစ္မႉးအျဖစ္ ေအာင္ျမင္ေက်ာ္ၾကားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အတြက္ ၿပီးခဲ့တဲ့ ၁၅ ႏွစ္မွာ ေဘာလုံးရာသီတစ္ရာသီကို အနည္းဆုံး ၃၃ ပြဲအထိ ကစားေပးခဲ့တဲ့ ရာမို႔စ္ဟာ ၿပီးခဲ့တဲ့ရာသီကေတာ့ ဒဏ္ရာျပႆနာေတြေၾကာင့္ ၂၂ ပြဲသာ ကစားေပးႏိုင္ခဲ့ပါတယ္။ ရာမို႔စ္ဟာ ယူ႐ိုၿပိဳင္ပြဲမွာလည္း စပိန္အသင္းအတြက္ ကိုယ္စားျပဳမပါဝင္ႏိုင္ခဲ့ပါဘူး။

ရီးရဲလ္ နဲ႔ ရာမို႔စ္အၾကား စာခ်ဳပ္သက္တမ္းဟာ အခုလကုန္မွာ ကုန္ဆုံးမွာ ျဖစ္ၿပီး၊ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔အတြက္ကို ညႇိႏႈိင္းေနရဆဲျဖစ္ကာ အလြတ္ထြက္ခြာႏိုင္ခြင့္လည္း ရရွိထားပါတယ္။ရာမို႔စ္ဟာ အသင္းပိုင္ရွင္ ပီရက္ဇ္နဲ႔ သေဘာထားကြဲလြဲမႈေတြရွိတဲ့အျပင္ လစာကိစၥေတြဟာလည္း ရႈပ္ေထြးလ်က္ရွိေနပါတယ္။

ရာမို႔စ္ကိုေခၚယူဖို႔အတြက္ မန္စီးတီး၊ ပီအက္စ္ဂ်ီတို႔လို အသင္းေတြကလည္း စိတ္ဝင္စားေနေပမယ့္ အဆိုပါကလပ္ေတြက အမ်ားဆုံးစာခ်ဳပ္သက္တမ္း ၂ ႏွစ္သာ ခ်ဳပ္ဆိုဖြယ္ရွိေနပါတယ္။ ဆီဗီလာအသင္းကေတာ့ သူတို႔ရဲ႕ခံစစ္မႉးေဟာင္းကို ျပန္လည္ေခၚယူႏိုင္ဖို႔အတြက္ ၅ ႏွစ္စာခ်ဳပ္နဲ႔ မက္လုံးေပးဆြဲေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ရာမို႔စ္ဘက္က ဘယ္လိုဆုံးျဖတ္မွာပါလဲ။